Wednesday 27 July 2011

လေလွင့်ငှက်ရဲ့အလွမ်းပုံပြင်

Image Search

လေလွင့်ငှက်ရဲ့အလွမ်းပုံပြင်

ဝေးရမယ်ဆိုတာသာကြိုသိခဲ့ရင်
မောင်စိတ်မညိုအောင်
ကြိုတင်ပြင်ဆင်ခဲ့မှာ.....

ဝေးရမယ်ဆိုတာသာကြိုသိခဲ့ရင်
ကိုယ့်စိတ်ကိုကိုယ်
အလိုလိုက်ခဲ့မှာမဟုတ်ဘူး....

ဝေးရမယ်ဆိုတာသာကြိုသိခဲ့ရင်
မောင့်ဆန္ဒတွေလဲ
တခွန်းမှငြင်းခဲ့မှမဟုတ်ဘူး.......

ဝေးရမယ်ဆိုတာသာကြိုသိခဲ့ရင်
မောင့်မျက်နှာကို
တစိမ့်စိမ့်မှတ်မိအောင်ကြည့်မိမှာ

ဝေးရမယ်ဆိုတာကြိုသိခဲ့ရင်
မောင်နဲ့အတူဆိုတဲ့အမှတ်ရတွေ
အများကြီးဖန်ဆင်းမိမှာ

ဝေးရမယ်ဆိုတာသာကြိုသိခဲ့ရင်
မောင်ပျော်အောင်ဖန်ဆင်း
ဒီရင်ဘတ်ကိုလမ်းခင်းပေးမှာ

ခုတော့ကွာ
လမ်းခွဲကိုမသိ
မောင်အလိုက်သိသမျှအတွက်
ကျေနပ်စွာဂုဏ်ယူရင်း
မောင့်အချစ်တွေအတွက်
ပီတိကိုစားသုံးငါပြုံးနေတတ်ခဲ့တာ

ပေးဆပ်ခြင်းကိုနားမလည်
မောင်အလိုလိုက်သမျှအတွက်
ကမ္ဘာမှာကံအကောင်းဆုံးလို့ငါတွေး
ကံကြမ္မာစေရာလမ်းခွဲကိုငါပြေးခဲ့ရတာ

ခုတော့
ဝေးကွာခြင်းကြောင့်ရတဲ့ဒါဏ်ရာ
ဝေးသွားတော့မှသိလာတဲ့မောင့်တန်ဖိုး
ပေးဆပ်ခဲ့တဲ့မောင့်စေတနာတွေအတွက်
ဒါဏ်ရာတွေဗရပွနဲ့ငါ
ဖြေစရာဘယ်မှာရှာရမလဲမောင်

သေရာပါမဲ့ဒီဝေဒနာတွေအတွက်
ကြင်နာသူရဲ့နှစ်သိမ့်စကားဖြစ်ဖြစ်
လိုအပ်နေတာမောင်သိခဲ့ရင်
တမြေခြာကလွမ်းသူ့ဆီ
စာလွှာပါးလို့ရင်မှာထားနေသေးကြောင်း
အသိပေးလှည့်ပါဦးမောင်
လွမ်းရလွန်းလို့ပါ...
..........................လိပ်ပြာ(13.1.11)(4:11AM)




ချစ်သူပြောတဲ့ပုံပြင်များ(၄)

မိုးပေါ်ကကျလာတဲ့ နှင်းဆီ
သူတို့တွေက လူတိုင်းအားကျတဲ့ အတွဲလေးပါ
ကောင်မလေးက ပြောတယ် “ကို နဲ့ အတူနေရတာအရမ်းပျော်တယ်။ နောက်ဘ၀လဲ ကို နဲ့ ပဲ လက်ထပ်မယ်”
ကောင်လေးက ကောင်မလေးရဲ့ နဖူးကို ညင်သာစွာနမ်းပြီး “နောင်ဘ၀လဲ အတူနေကြမယ်”
ကောင်လေးကတော်တယ် ဒါပေမဲ့ သူ့မှာ မေ့တက်တဲ့ အကျင့်ရှိတယ်။ သူ့ရဲ့မွေးနေ့ကို သူမမှတ်မိဘူး။ အရေးကြီးတဲ့ နေ့တွေလဲ မေ့တယ်။ ကောင်မလေးက အမြဲသတိပေးနေရတယ်။ ဒီလိုနဲ့ သူ့ မိန်းမကို သူအမြဲတမ်းတောင်းပန်တယ်။
ဒီလိုပဲ ပျော်ရွှင်တဲ့ အတွဲတွေကို မနာလိုကျဘူးထင်တယ်……. လက်ထပ်ပြီး ၅ နှစ်ပြည့်တဲ့ နေ့ရဲ့ ရှေ့တစ်ရက်မှာ ယာဉ်တိုက်မှုကြောင့် ကောင်လေးဆုံးသွားတယ်။
ကောင်မလေး ဆေးရုံရောက်တဲ့ အချိန်မှာ ကောင်လေးရဲ့ မျက်နှာကို အဖြူစလွမ်းခြုံပေးထားပါပြီ။
၅ နှစ်ပြည့် မင်္ဂလာ အထိမ်းအမှတ်ကို မျက်ရည်နဲ့ ဖြတ်သန်းစဉ်မှာ တံခါးခေါက်သံကြောင့် ကောင်မလေး တံခါးဖွင့်တဲ့ အချိန်မှာ သွေးသမျှနီရဲနေတဲ့ နှင်းဆီပန်းခိုင်ကြီးကို မြင်လိုက်ရတယ်။ ပန်းပို့တဲ့ ကောင်မလေးက လက်ခံရရှိကြောင်း လက်မှတ်ထိုးခိုင်းတယ်။
ပြီးတော့ ကောင်မလေး ပန်းထဲက post card လေးကို ဖွင့်ကြည့်တော့ “သိပ်ချစ်ရတဲ့ မိန်းမ ဒီနေ့လို နေ့ထူးနေ့မြတ်မှာ ဒီပန်းလေးတွေအတိုင်း ထာဝရကို့ရင်ထဲမှာ လှပနေတဲ့ မိန်းမအတွက်” ကောင်လေးရဲ့ လက်ရေးနဲ့။ ကောင်လေးရဲ့ လက်မှတ်နဲ့။ ကောင်မလေး ယူကျုံးမရ ငိုခဲ့ရတယ်……..
ကောင်မလေးမပြောပဲ သတိမပေးရပဲ ပန်းရရှိတာ ပထမဆုံးအကြိမ်မှာ သူမရှိတော့ဘူး….
၅ နှစ်ပြည့် မင်္ဂလာ အထိမ်းအမှတ် ပြီးလို့ ၈၇ ရက် မြောက်နေ့ဟာ ကောင်မလေးရဲ့မွေးနေ့ပေါ့။ အဲဒီနေ့မှာ ကောင်မလေးတစ်ယောက်ထဲ ဂုဏ်ပြုနေပြီး ကောင်လေးရဲ့ ပုံရိပ်တွေကို သူမြင်ယောင်နေတယ်။ ဒီလိုနဲ့ တံခါးခေါက်သံ ကြားရပြန်တယ်….
တံခါးအဖွင့်မှာ နှင်းဆီပန်းခိုင်ကို ကိုင်ထားတဲ့ ကောင်မလေးကို သူမတွေ့လိုက်ရပြန်တယ်။ သူ post card ကို ဖွင့်ကြည့်လိုက်တော့ “ မွေးမိခင်က ကို့ကိုမွေးဖွားပေးခဲ့တယ်။ ဒီကို့ရဲ့ ဘ၀ကို အရောင်တွေချယ်သပေးခဲ့တဲ့ မင်းလေးကို သိပ်ချစ်တယ်” တဲ့။
သေဆုံးသွားပြီမဟုတ်လား ကောင်မလေးအံ့သြနေတယ်။ ကောင်မလေးရဲ့မွေးနေ့မှာ သူမရှိတော့တဲ့ နောက်ပိုင်း နှင်းဆီပန်းလေးတွေကို သူလက်ခံရရှိမယ်လို့ သူမမျှော်လင့်မိတော့ သူမ ငိုတယ်။

ဒါနဲ့ ပန်းပို့တဲ့ ကောင်မလေးက အမ ဘာလို့ ငိုတာလဲ။ ကျွန်မ ဒီလို အမျိုးသားလို တစ်ခါမှ မတွေ့ဖူးဘူး။ ကျွန်မကောင်းကောင်းမှတ်မိတယ် သူက မှတ်ဥာဏ်မကောင်းလို့ သူ့ရဲ့ မိန်းမ၀မ်းနည်းမှာစိုးလို့ တစ်နှစ်ကို ၃ ကြိမ်(မွေးနေ့၊ မင်္ဂလာနေ့အထိမ်းအမှတ်၊ ချစ်သူများနေ့) ကို နှစ် ၅၀အတွက် တစ်ခါတည်းကို ပို့ပေးဖို့မှာထားတယ်။ ကျွန်မတို့ ဆိုင်မှာ နှစ် ၅၀ အတွက်တစ်ခါမှ မလက်ခံဖူးဘူး။ ကျွန်မ သူ့ဆီဖုန်းဆက်တယ် ဒါပေမဲ့ ဆက်လို့ မရဘူး။ ဒါနဲ့ ကျွန်မ လာပို့လိုက်တာပါ။
ကောင်မလေး တံခါးပိတ်လိုက်ပြီး ကောင်လေးရဲ့ လက်ရေးလေးတွေကို ကြည့်ပြီး ငိုတော့တယ်။
ပြီးတော့ စာတစ်စောင်လေးရေးတယ်….
“သိပ်ချစ်ရတဲ့ ကို…. နောက်ဘ၀ရှိမယ်ဆိုရင် ငါတို့ လက်ထပ်အုန်းမယ်… ကို က အမြဲမေ့တက်တဲ့အတွက် သတိပေးမယ်……”
စာကို မီးရှို့လိုက်တယ်…. သူ့ရဲ့ကောင်လေးဆီ ဒီစာလေးရောက်သွားအောင်ပေါ့။
ကောင်လေးရဲ့စာလေးကို ဖတ်တိုင်း ကောင်လေးရဲ့ ပုံရိပ်လေးတွေကို မြင်ယောင်ပြီး ကောင်မလေး ပြုံးလာတယ်။ အပြုံးတွေကြားကနေ ကောင်မလေး ရှင်သန်ရပ်တည်နိုင်တဲ့ အားအင်တွေပြည့်လာခဲ့တယ်…… နောင်ဘ၀ရဲ့ သူတို့ လက်ထပ်တဲ့အချိန်ကို စောင့်စားမျှော်လင့်ရင်း….................................

တော်တော်မွှေတဲ့တရုတ်...

အပိုင်း (၁)

တစ်ခါက အင်္ဂလိပ်၊ ပြင်သစ်၊ တရုတ်လူမျိုး (၃) ဦးသည် သဲကန္တာရတစ်ခုတွင် ခရီးအတူသွားကြသည်။ တစ်နေရာရောက်သော် ပုလင်းတစ်လုံးကို တွေ့သည်။ ပုလင်းကို ဖွင့်လိုက်သောအခါ ပုလင်းထဲမှ နတ်သားတစ်ပါးထွက်လာသည်။ နတ်သားက တစ်ယောက်လျှင် ကြိုက်နှစ်သက်ရာ ဆန္ဒ (၃) မျိုးတောင်းဆိုစေသည်။



ပထမဦးစွာ အင်္ဂလိပ်လူမျိုးက “ကျနော် ပိုက်ဆံအများကြီးလိုချင်ပါတယ်”

“ဒုတိယဆန္ဒကရော”

“ပိုက်ဆံတွေထပ်လိုချင်သေးတယ်”

“တတိယဆန္ဒကရော”

“ကျနော့်ကို နေရပ်ကိုပြန်ပို့ပေးပါ”

သို့နှင့် အင်္ဂလိပ်လူမျိုးမှာ ငွေထုပ်ပိုက်ပြီး မိမိနိုင်ငံကို ပြန်သွားရသည်။



တဖန် ပြင်သစ်လူမျိုးက “ကျနော် မိန်းမလှလှလေး လိုချင်ပါတယ်”

“ဒုတိယဆန္ဒပြောပါ”

“မိန်းမလှလှလေး နောက်တစ်ယောက်ထပ်လိုချင်သေးတယ်”

“တတိယဆန္ဒပြောပါ”

“ကျနော့်ကို နေရပ်ကိုပြန်ပို့ပေးပါ”

သို့နှင့် အင်္ဂလိပ်လူမျိုးမှာ မိန်မလှလေးများကို အဖော်ပြုပြီး မိမိနိုင်ငံကို ပြန်သွားရသည်။



နောက်ဆုံး တရုတ်လူမျိုးအလှည့်တွင် “ကျနော်ရေဆာတယ်။ ရေတစ်ပုလင်း အရင်ပေးပါ”

“ဒုတိယဆန္ဒပြောပါ”

“နောက်ထပ် ရေတစ်ပုလင်းထပ်ပေးပါ”

“တတိယဆန္ဒပြောပါ”

“ကျနော် သူတို့ နှစ်ယောက်ကို သတိရနေတယ်။ သူတို့ကို ဒီပြန်ရောက်အောင်လုပ်ပေးပါ”



အပိုင်း (၂)

အင်္ဂလိပ်နှင့် ပြင်သစ်လူမျိုးမှာ မကျေမနပ်ဖြင့် တရုတ်လူမျိုးနှင့် အတူခရီးဆက်ပြန်သည်။ တစ်နေရာရောက်သော် ပုလင်းတစ်လုံးကို တွေ့ပြန်သည်။ ပုလင်းကို ဖွင့်လိုက်ရာ အထဲမှ နတ်သားတစ်ပါးထွက်လာပြန်သည်။ နတ်သားက တစ်ဦးလျှင် ကြိုက်နှစ်သက်ရာ ဆန္ဒ (၂) မျိုးတောင်းဆိုစေသည်။

အင်္ဂလိပ်နှင့် ပြင်သစ်လူမျိုးက တရုတ်လူမျိုး အကောက်ကြံမည်ကို စိုးရိမ်သောကြောင့် သူအားအရင်တောင်းဆိုစေသည်။

တရုတ်လူမျိုးက

“ကျနော့်ကို ရေတစ်ပုလင်းအရင်ပေးပါ”

“နောက်ဆုံးဆန္ဒတစ်ခုက”

“နောက်ဆုံးတောင်းဆိုချင်တာက အရှင်နတ်သား ဒီကထွက်သွားပါ”

အင်္ဂလိပ်နှင့်ပြင်သစ်တို့ ဘာမှ မတောင်းဆိုရခင် နတ်သားမှာ ပျောက်ကွယ်သွားလေသည်။



အပိုင်း (၃)

အင်္ဂလိပ်နှင့်ပြင်သစ်မှာ ဒေါသထွက်ပြီး ခရီးဆက်ပြန်သည်။ ပုလင်းတစ်လုံးထပ်တွေ့ပြန်သည်။ အထဲမှ နတ်သားတစ်ပါး ထွက်လာပြန်သည်။ နတ်သားက တစ်ဦးလျှင် ကြိုက်နှစ်သက်ရာ ဆန္ဒ (၁) မျိုး တောင်းဆိုစေသည်။

အင်္ဂလိပ် – ဒီတရုတ်ကို မမြင်ချင်ဘူး

ပြင်သစ် – ကျနော်လဲ ဒီတရုတ်ကို မမြင်ချင်ဘူး

တရုတ် – သူတို့ နှစ်ယောက်တောင်းဆိုတာတွေ တစ်ခုမှ မအောင်မြင်ပါစေနဲ့။



အပိုင်း (၄)

အင်္ဂလိပ်နှင့်ပြင်သစ်မှာလက်သီးကိုဆုပ် အံကိုကြိတ်ပြီး ခရီးဆက်ကြပြန်သည်။

ပုလင်းတစ်လုံးကို ထပ်တွေ့ပြန်သည်။ နတ်သားတစ်ပါးထွက်လားပြီး သူတို့ (၃)ဦးကို ဆန္ဒတစ်ခုပဲ တောင်းဆိုစေသည်။ ထိုအခါ အင်္ဂလိပ်နှင့်ပြင်သစ်လူမျိုးက တရုတ်လူမျိုးအားတောင်းဆိုစေပြီး သူ၏ဆန္ဒမပြည့်စေရန် တိုးတိုးပြောသည်။

တရုတ်လူမျိုးက “ကျနော်တောင်းဆိုချင်တာက သူတို့နှစ်ဦးကို နေရပ်ပြန်ပို့ပေးလိုက်ပါ။ သူတို့ ကျနော်နဲ့အတူ ဒုက္ခခံနေရတာ မကြည့်ရက်လို့ပါ..”

သစ္စာရှိကြစို့...

(၁)မိန်းကလေးတယောက်ဟာရီးစားရှိပြီဆိုတာနဲ.(လွန်လွန်ကျူးကျူးမဖြစ်ဦးတော.)
လူ.ပတ်ဝန်းကျင်အသိုင်းဝိုင်းမှာအမှတ်လျှော.ခံရပြီ။

(၂)သစ္စာမရှိတဲ.မိန်းကလေးအတွက်..သစ္စာရှိတဲ.ယောက်ျားလေးမရှိဘူး။

(၃)သစ္စာမရှိတဲ.မိန်းမနဲ.လက်ထပ်ရတာမြွေပွေးကိုခါးပိုက်ထဲထည်.လိုက်ရသလိုပါပဲ။

(၄)မိန်းကလေးတယောက်ဟာရီးစားများလေလေ..သူရဲ.ချစ်နိုင်စွမ်းတွေလျော.ပြီး
အချစ်ကိုတန်းဖိုးမထားလေလေပဲ။

(၅)တယောက်ကိုသစ္စာဖေါက်တဲ.မိန်းကလေးဟာနောက်တယောက်ကိုသစ္စာဖေါက်ဖို.၀န်မလေးတော.ဘူး။

(၆)ရီးစားများများထားဖူးတဲ.မိန်းကလေးဟာ...ရီးစားများများမထားဖူးတဲ.ယောက်ျားရဲ.အရှင်သခင်။

(၇)ရီးစားများတဲ.သူဟာတကယ်ချစ်တဲ.သူနဲ.တွေတဲ.အခါဘယ်လောက်ပဲသစ္စာရှိနေနေ...အမြဲအထင်လွဲ
ခံရတတ်တယ်။

(၈)ငါ့ကိုတကယ်ချစ်ရင်သူလိုတာကိုလိုက်လျောပေးပါလို.ဆိုလာတဲ.ယောက်ျားလေးဟာ..
သူ.ချစ်သူတန်ဖိုးဘယ်လောက်ရှိသလဲဆိုတာစမ်းသပ်တာပဲ။သင်လိုက်လျောမိရင်...သင်.ကို
လက်ထပ်ယူဖို.20ရာခိုင်နှုန်းသာသေချာတော.တယ်။

ဒို.တွေအသက်ဟာခုအချိန်မှာပျမ်းမျှ၇၅ပဲရှိတော.တယ်..တသက်မှာတယောက်ပဲလက်ထပ်လို.ရတာပါ။
ဒို.တွေဟာယဉ်ကျေးတဲ.မြန်မာလူမျိုးတွေပါ။တယောက်မကောင်းလို.တယောက်ပြောင်းတာယဉ်ကျေးတယ်လို.
မဆိုနိုင်ပါဘူး။အရွေးမမှားရအောင်အစကတည်းကသေချာလေ.လာပါ။လွယ်လွယ်နဲ.ဘ၀ကိုထိုးမအပ်မိပါစေနဲ.။
ဒို.တွေဟာဗုဒ္ဓဘာသာဝင်တွေပါ။ကံကံ၏အကျိုးကိုယုံတယ်ဆိုလက်ရှိချစ်သူကိုသစ္စာရှိရှိချစ်နိုင်ဖို.ကြိုးစားပါ။
ဒို.တွေဟာအရှက်အကြောက်နဲ.လူလုပ်နေကြတာပါ။ဒီတယောက်မကောင်းလို.နောက်တယောက်ပြောင်းမယ်.
အစားရီးစားဟောင်းကိုနှလုံးသားအသစ်နဲ.ချစ်ကြည်.ပါ၊အတတ်နိုင်ဆုံးကြိုးစားကြည်.ပါလို.တိုက်တွန်းပါတယ်။

ချစ်သူပြောတဲ့ပုံပြင်များ(၃)

ဘာလဲ အချစ်ဆိုတာ?
ပင်လယ်ကို အရမ်းချစ်တဲ့ လူတစ်ယောက်က အားတိုင်း မကြာခဏဆိုသလို
ပင်လယ်ပြင်ကို သွားကြည့်ခဲ့တယ်။ ပင်လယ်ပြင်ကို ကြည့်ပြီး စကားတွေ
ပြောနေတတ်တယ်။ တစ်နေ့တော့ သူက ပင်လယ်ကို ကြည့်ပြီး "ပင်လယ်... ငါမှာဖြင့်
နင့်ကိုချစ်လိုက်ရတာ... နင်ကတော့ ငါ့ကို ပြန်မချစ်ခဲ့ဘူး။ ငါ့ကို
အချစ်နည်းနည်းပေးပါ ပင်လယ်... ငါလာတိုင်း ငြိမ်ပြီး နေမပြပါနဲ့"
လို့ပြောတော့ ပင်လယ်က ခဏလောက် တွေဝေသွားပြီး.....
"ငါရဲ့အချစ်က နည်းနည်းပြင်းတယ်။ ငါ့အချစ်ကို နင်တကယ်ပဲ အလိုရှိသလား"
"ဟုတ်တယ်...နင့်အချစ်တွေ ငါ့ကိုမြန်မြန်ပေးပါ"
"ဒါပေမယ့်...နင်ခံနိုင်ရည် ရှိပါ့မလား"
"ဒါပေမယ့်တွေ လုပ်မနေပါနဲ့တော့...နင့်အချစ်ကို..
ု ငါစောင့်နေတယ်"
ပင်လယ်က အဝေးကနေ လှိုင်းထပြီး သူ့ဆီကို တဖြည်းဖြည်း ချည်းကပ်လာခဲ့တယ်။
လှိုင်းတွေ ကမ်းခြေကို မရောက်ခင်မှာဘဲ သူဟာလန့်ပြီး ထွက်ပြေးသွားခဲ့တယ်။
ပင်လယ်က စိတ်ထိခိုက်ပြီး ကျန်ရစ်ခဲ့တယ်။ နှုတ်ဆိတ်ပြီး မျက်ရည်တွေ
ကျနေခဲ့မိတယ်။ အဲဒီအဖြစ်အပျက်ကို တိမ်က မြင်လိုက်တယ်။
အဲဒီလိုနဲ့ အချိန်တွေ တရွေ့ရွေ့ကုန်သွားခဲ့တယ်။ ပင်လယ်ကို ချစ်တဲ့လူ
နောက်တစ်ယောက် ထပ်ရောက် လာခဲ့တယ်။ သူလည်း ပင်လယ်ကို အရမ်းချစ်ပြီး
ပင်လယ်ဘေးမှာပဲ သူ့အချိန်တွေကို ကုန်စေခဲ့တယ်။ တစ်နေ့မှာ သူလည်း ဟိုအရင်က
တစ်ယောက်လိုပဲ ပင်လယ်ကို ပြောခဲ့တယ်။
"ပင်လယ်... နင့်အချစ်တွေ ငါ့ကိုပေးပါ"
ပင်လယ်က တစ်ခါခံထားရဖူးတော့ အချစ်ကို သက်သေပြရမှာ ကြောက်နေခဲ့တယ်။
သူကလည်း ပင်လယ်ကို အချစ်တွေ ပေးပါ..ပေးပါလို့ မကြာခဏ တောင်းဆိုနေတော့
နောက်ဆုံးမှာ ပင်လယ်က " ငါ့အချစ်တွေကို နင်တကယ်ယူမလား...ငါ့အချစ်က
ပြင်းထန်တယ်နော်.. နင်ခံနိုင်ရည်ရှိပါ့မလား"
အဲဒီစကားကို ကြားတော့ ပင်လယ်ချစ်တဲ့လူက ရင်ကိုဖွင့်ပြီး
ယုံကြည်မှုအပြည့်နဲ့ " လာပါ... နင့်အချစ်တွေ ငါ့ကိုပေးပါ" လို့ ပြောတယ်။
ပင်လယ်က အဝေးကနေ လှိုင်းတွေထပြီး သူ့ဆီကို တဖြည်းဖြည်း ချည်းကပ်သွားတယ်။
လှိုင်းတွေ ကမ်းနားရောက်လာပြီဆိုရင်ပဲ သူဟာ လှိုင်းတွေကို အားပါးတရ
ပွေ့ဖက် လိုက်တော့တယ်။ အဲဒီအဖြစ်အပျက်ကို တိမ်က မြင်တော့ " သူဟာ အချစ်ကို
နားလည်တဲ့လူပဲ။ အချစ်စစ် အချစ်မှန်ဆိုတာ ဘယ်လောက်ပဲ ပြင်းထန်နေပါစေ
လူကိုမထိခိုက် မနာကျင်စေဘူးလေ" လို့ တစ်ကိုယ်တည်း ပြောနေတော့တယ်။
အဲဒီလိုနဲ့ ပင်လယ်ချစ်သူက ပင်လယ်နဲ့ အတူတူနေလာတာ ကြာတော့ တစ်နေ့မှာ သူက
"ပင်လယ်.. နင့်ကိုငါ မချစ်တော့ဘူး..... နင့်ရဲ့အချစ်က ငြိမ်လိုက်....
လှိုင်းထလိုက်၊ လှိုင်းထလိုက်.... ငြိမ်လိုက်နဲ့ တစ်ခြား
အပြောင်းအလဲလေးတောင် မရှိတော့ဘူးလား... ငါသွားတော့မယ်" ဆိုပြီး ပင်လယ်ကို
ထားရစ်ခဲ့ပြန်တယ်။ ပင်လယ်က အရမ်း စိတ်ထိခိုက်ပေမယ့်လည်း သူ့ကို
မတားဖြစ်ခဲ့ဘူး။ ဒါကို တိမ်က မြင်လိုက်တယ်။ သူလည်း ပင်လယ်ကို
ချစ်တယ်ဆိုပြီး စွန့်သွားခဲ့ပြန်ပြီပေါ့လား...
" မငိုပါနဲ့ ပင်လယ်ရယ်... နင်ရဲ့အချစ်က သူတို့နဲ့ မထိုက်တန်ပါဘူး...
ငါသိတယ်" တိမ်က ပင်လယ်ကို နှစ်သိမ့်တယ်။
" နင့်သိတယ်..နင်ဘာကို သိတာလဲ" ပင်လယ်က တအံ့တသြ ပြန်မေးတယ်။
"သူတို့က နင့်ရဲ့ အပေါ်ယံကိုပဲ ကြည့်ပြီး ချစ်ခဲ့ကြတာ..
နင့်ရဲ့အတွင်းစိတ်ကို ချစ်ဖို့ နားမလည်ခဲ့ကြဘူး။ တကယ်လို့ သူတို့က
နင့်ကို နားလည်မယ်၊ တကယ်ချစ်တတ် ခဲ့မယ်ဆိုရင် ပင်လယ်အောက်မှာ ရှုမငြီးတဲ့
အဖိုးတန်ရှုခင်း တွေဟာ သူတို့အတွက် နင်ဖန်တီးထားတယ် ဆိုတာကို
သူတို့ခံစားကြရမှာပေါ့"
တစ်ချိန်တုန်းက ကိုယ်ဟာ လူတွေ မချစ်တတ်ခဲ့တဲ့ ပင်လယ်လား? ဒါမှမဟုတ်
ပင်လယ်ကို မချစ်တတ်ခဲ့တဲ့ လူလား?
ပင်လယ်ဖြစ်ခဲ့မယ်ဆိုရင် အနည်းဆုံးတော့ ကိုယ့်မှာ လူတွေ မခံစားခဲ့ရတဲ့
လှပတဲ့ အတွင်းစိတ်တွေရှိမယ်။ ပင်လယ်ကို မချစ်တတ်တဲ့လူ ဖြစ်ခဲ့မယ်ဆိုရင်
ပင်လယ် အောက် (အတွင်းစိတ်)က ရှုခင်းတွေကို ကြည့်ဖို့
ကိုယ်မထိုက်ခဲ့လို့ပဲ။
အချစ်ဆိုတာ ဒီလိုပဲလား?
အချစ်စစ်ကို ရှာတွေ့ဖို့ ကိုယ့်ကို နားလည်ပေးတတ်တဲ့ လူကို ရှာရမယ်တဲ့။
အဲဒီလူက ခြောက်ပစ်ကင်းတော့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် သူဟာ ကိုယ့်ကို
နားလည်ပေးလို့ ကိုယ့်အမြင်မှာ သူဟာ ခြောက်ပစ်ကင်းနေပါတယ်။
တစ်ဦးကိုတစ်ဦး နားလည်တယ် ဆိုတာဘာလဲ...?
ကိုယ်ရှုံးနိမ့်နေချိန်မှာ ကိုယ်အကျင့်သိက္ခာကို ထိပါးတဲ့ စကားမပြောသူ
ကိုယ်စိတ်ညစ်နေချိန်မှာ အသေးအမွှား ကိစ္စတစ်ခုအတွက်နဲ့ ကိုယ့်ကို ရန်မရှာတတ်သူ
မိုင်ပေါင်းထောင်ချီဝေးနေလည်း ကိုယ့်ကို ယုံကြည်စိတ်ချသူ
ကိုယ်စိတ်ရှုပ်ချိန်မှာ သူစိတ်ရှုပ်တာတွေကို ရင်မဖွင့်ပြတတ်တဲ့သူ
ကိုယ်ပျော်နေချိန်မှာ သူပျော်ရွှင်တာတွေကို ထုတ်ဖော်ပြောတတ်တဲ့သူ
တစ်ဦးကိုတစ်ဦး နားလည်နိုင်ဖို့ဆိုတာ ခွင့်လွတ်ခြင်းတွေရှိရမယ်၊
အကြင်နာတွေ ရှိရမယ်။ ကိုယ့်ကို နားလည်တဲ့ လူတစ်ယောက်ကို ရှာဖို့ရာ
ခက်ကောင်းခက်လိုက်မယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို ယုံကြည်မှုထားရမယ်။
ကိုယ့်ကို နားလည်တဲ့ လူတစ်ယောက်ကို ရှာဖို့ ကိုယ်က သူ့နားလည်နိုင်တဲ့လူ
ဖြစ်အောင် အရင်ဆုံး လုပ်ရလိမ့်မယ်။
သူငယ်ချင်းများလည်းနားလည်အောင်ကြိုးစားစေချင်တယ်
အပြန်အလှန်နားလည်မူများနဲ့ချစ်ခြင်းမေတ္တာကိုပိုင်ဆိုင်နိုင်ကြပါစေ

ချစ်သူပြောတဲ့ပုံပြင်များ(၂)

ကျွန်တော် ပန်းစည်း၊ သစ်သီးတွေ နဲ့ စာအုပ်တွေကို ယူပြီး ဆေးရုံကိုသွားခဲ့တယ် ။
ကျွန်တော် ဒီဆေးရုံကို လာနေတာတော်တော်ကြာနေပါပြီ။ခေါင်းငုံ့ပြီးလမ်းလျှောက်သွားရင်တောင်လူနာခန်းကိုရောက်
အောင်သွား နိုင်နေပြီ။ ကျွန်တော် အမြဲလာနေတာပါ။ကျွန်တော်အမြဲလာနေတဲ့အတွက် လူနာကုတင်ပေါ်မှာ လဲနေတဲ့လူနာက ကျွန်တော့်အတွက်အရမ်းအရေးကြီးလို့ပါ။
တံခါးကို တဖြေးဖြေးဖွင့်လိုက်တော့ သူမ အိပ်နေတယ်။ စာအုပ်တွေ
ပန်းစည်းတွေကို ထားလိုက်ပြီးတယ်။ စာအုပ်က သူမအတွက် အပျင်းပြေအောင်လို့ပါ။
ဧည့်သည်နားနေတဲ့နေရာမှာ
ကျွန်တော် သူမနိုးလာတာကို စောင့်နေခဲ့တယ်။
ဒီအချိန်မှာပဲ ကောင်မလေးတယောက်ကျွန်တော်ဘေးမှာလာထိုင်တယ်…. ကျွန်တော်
သတိမထားမိဘူး… ဒါပေမဲ့ ကျွန်တော် မျက်စိထဲမှာ
သူမခြေထောက်က ဒဏ်ရာကို မြင်သွားတယ်။ အလွန်ကြည့်ရဆိုးတဲ့
ရေနွေးပူလောင်ထားတဲ့ဒဏ်ရာပါပဲ…..
သူမ ဒဏ်ရာကို မဖုံးမကွယ်ပဲ လူမြင်သာအောင် ဘောင်းဘီ ဒူးလောက်နဲ့
ကျွန်တော် သူမခြေထောက်ကိုကြည့်နေတာကို သူမ သိတော့ `အရမ်းအံ့သြနေတာလား´ လို့မေးတယ်။
ကျွန်တော် အံ့သြတာဒီဒဏ်ရာမဟုတ်ပါဘူး၊ သတ္တိကိုအံ့သြတာ၊
သာမာန်မိန်းကလေးတယောက်ဆိုရင် ဒီလိုဒဏ်ရာနဲ့ဆို ဖုံးကွယ်ထားမှာသေချာတယ်
ကျွန်မအရင်က ဖုံးထားတယ်။ ဒါပေမဲ့ အခုမဖုံးတော့ဘူး။
``ဘာလို့လဲ´´
`ကျွန်မချစ်သူကဒီဒဏ်ရာကို လက်ခံတယ်။ သူတောင်လက်ခံတယ် ကျွန်မဘာလို့မလက်ခံရမှာလဲ´
ဒဏ်ရာလေးက ကြည့်ရတာတော်တော်ရုပ်ဆိုးပါတယ် ….
သူမရဲ့စကားကို ကျွန်တော် စဉ်းစားနေမိတယ်…
မိန်းကလေးရဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုနဲ့ ဘာများပတ်သက်နေလဲ… အထူးသဖြင့်
ချစ်သူကောင်လေးပြောလိုက်တဲ့ ဝေဖန်စကားတစ်ခွန်းကြောင့်လား…..
ကျွန်တော်ချစ်သူဆေးရုံတက်တာ အစားမစားတဲ့ရောဂါဖြစ်နေတယ်။
အစားတွေမစားတော့ pressure တွေကျတယ်၊ နှလုံးခုန်တာတွေ မမှန်တော့ဘူး။
ဒီလိုနဲ့ အချိန်မရွေးအသက်အန္တရာယ်ရှိနိုင်လို့ဆေးရုံတင်လိုက်ရတယ်။
ကျွန်တော် ရေနွေးလောင်ဒဏ်ရာရှိတဲ့ကောင်မလေးကြောင့် ကျွန်တော်သိလိုက်ရပြီ။
ကျွန်တော့်ချစ်သူဆေးရုံတက်ရအောင် ကျွန်တော် လုပ်ခဲ့မိတယ်။
ကျွန်တော်က `ဒီ့ထက်နည်းနည်းပိန်ရင်ကောင်းမှာပဲ´ လို့ပြောခဲ့မိတယ်။
လူဆိုတဲ့ သဘာဝအလျောက်ကျွန်တော် လောဘကြီးမိတယ်။
ကျွန်တော် အမြဲ model girl တွေနဲ့ နှိုင်းယှဉ်ပြီးပြောလေ့ရှိတယ်။
ကိုယ်အလေးချိန်နဲ့ အရိပ်နဲ့ ဆိုရင် ရှိသင့်တဲ့ အလေးချိန်မှာရှိနေတယ်။
ဝတယ်တော့မဟုတ်ပေမဲ့ ပြည့်ပြည့်လေးပေါ့။
ဒါလဲကျွန်တော် မကျေနပ်ပါဘူး သူမ အားကစားမလုပ်ဘူးဆိုပြီး
ကြိုးခုန်ဖို့ကြိုးဝယ်ပေးခဲ့တယ်သူမ မခုန်ချင်ခဲ့ဘူး ကျွန်တော်က `
ဒီကမ္ဘာမှာ ဆင်ပဲ ကြိုးမခုန်တတ်တာ´ ဆိုပြီး သူမကို လောင်ရယ်ခဲ့တယ်။
ရက်အနည်းငယ်ကြာတော့ ဘယ်အချိန်ကမှန်းမသိ သူမ ပိန်ပိန်လာတယ်။
ကျွန်တော်ကြည့်ပြီး ၀မ်းသာလာတယ်လုပ်မယ်ဆိုရင် မဖြစ်နိုင်တာမရှိပါဘူး
လို့ပြောခဲ့သေးတယ်……
ဒီလိုနဲ့ ဒီကိစ္စက ဖြစ်ပျက်သွားတာက ခုထိမပြီးသေးပါဘူး။ သူမ
ခဏခဏမူးလဲခဲ့တယ်…စားပြီးရင် ပြန်အန်စေခဲ့တယ်။ အန်ရင်းကနေ
လူပုံလဲမပေါက်တော့ဘူး….
အခု သူမအစာအိမ်တွေယောင်နေတယ်။
အစာလမ်းကြောင်းလဲ သွေးတွေထွက်နေတယ်..အန်တာက အလေ့အထလိုဖြစ်ပြီး
အစားမစားလဲ အန်နေတယ်
သူမကတော့ သူပိန်သွားပြီ ဆိုတာကို ပဲ ၀မ်းသာအားရပြောနေတယ်
ကျွန်တော်အတွေးတွေကို ရပ်လိုက်ပြီး ကျွန်တော်လူနာခန်းထဲကို
ပြန်ဝင်လာခဲ့တယ်သူမနိုးနေပြီ ပျော့ဖတ်နေတဲ့ လက်ကလေးကို ကိုင်ပြီး
`မြန်မြန်ကျန်းမာအောင်လုပ် အိမ်ပြန်မယ် ပိန်ဖို့မလိုတော့ဘူး´´
`ဘယ်ရမလဲ ဒီမှာကြည့် အသားတွေပဲ ၀လွန်းတယ်´
ဆိုပြီးပြောနေတဲ့သူမကိုကြည့်လိုက်တာ သွားတွေလဲ သွားပိုးတွေစားကုန်ပြီ။
အမြဲအန်တော့ အစာအိမ်က အချဉ်ရည်တွေကြောင့် သူမသွားတွေကို ပိုးစားစေခဲ့တယ်။
ဆရာဝန်က သူမကို စိတ်ရောဂါပါ ကုပေးရမယ်လို့ပြောတယ်… ဒီလို
အစားမစားတဲ့လူနာတွေဟာ အရိုးပေါ်အရည်တင်နေတာတောင် ၀လွန်းတယ်ပဲထင်နေတယ်။
ဘာလို့ဒီလိုတွေဖြစ်ကုန်တာလဲ ကျွန်တော် နောင်တရတယ်….
ကျွန်တော်သိပ်ချစ်တဲ့ သူ ကျွန်တော့်ကြောင့်…..
သူမဒီလို ဝေဒနာတွေခံစားနေရတာထက် ကျွန်တော် သူမဒီထက်ဝနေလဲ ကျွန်တော် လက်ခံပါတယ်…
ကျွန်တော် ချစ်ခဲ့တာ ပိန်လို့ ၀လို့မဟုတ်ပါဘူး
ရေနွေးလောင်ဒဏ်ရာနဲ့ ကောင်မလေးရဲ့ချစ်သူက ဒဏ်ရာကို လက်ခံခဲ့လို့
ကောင်မလေး သူ့ကိုယ်သူ လက်ခံနိုင်ခဲ့တယ်….
ကျွန်တော်က ကျွန်တော် အတွက် နဲ့ ကျွန်တော့်ချစ်သူကို သူ့ကိုယ်သူ
မလက်ခံနိုင်အောင် လုပ်ခဲ့တယ်…
ကိုယ်ကို confident ရှိတယ်ဆိုတာလဲ တခြားသူရဲ့သက်ရောက်မှုရှိပါတယ်….
စကားတစ်ခွန်းနဲ့လဲ မထင်မှတ်တဲ့ ပြောင်းလဲမှုကြီးကို ဖြစ်စေပါတယ်….
ကျွန်တော် ဒီလိုနဲ့ သူမကို စားလာအောင် သူမကို ကျွေးရင်း
`အခုအရမ်းပိန်နေပြီ ဘာလို့ ဆက်ပိန်နေအုန်းမှာလဲ´´ လို့ မေးတယ်.
`` ဘာလို့လဲဆို…ငါအရမ်းကြောက်တယ်.. ငါမပိန်ရင် နင်ငါ့ကို မချစ်တော့မှာကို
ပြောရင်း မျက်ရည်လေးတွေဝဲနေတယ်
ဒီလောက် နက်နဲတဲ့သက်ရောက်မှုရှိသွားရတာလဲ
သူမ ကျွန်တော့်ကို ချစ်တယ်ဆိုတဲ့ တခုနဲ့
ကျွန်တော် မသိခဲ့ပါလားးးးးးးးးးးးးးးး......
ချစ်သူလေး..လိပ်ပြာကိုပြောပြခဲ့ဖူးတဲ့..အိပ်ရာဝင်ပုံပြင်တချို့ပါ...
ချစ်သူကိုသတိရတဲ့အမှတ်တရအနေနဲ့...ပြန်တင်တာပါ..

Tuesday 26 July 2011

ချစ်သူပြောခဲ့ဖူးသောပုံပြင်(၁)


မြို့လေးတစ်မြို့မှာ တစ်ဦးကိုတစ်ဦး အရမ်းချစ်ကြတဲ့
ချစ်သူနှစ်ဦးရှိတယ်။ သူတို့ဟာ အမြဲမခွါ တစ်တွဲတွဲပဲ နေ့တိုင်း
ပင်လယ်ဘေးကို သွားပြီး နေထွက်၊ နေ၀င်ချိန်ကို သွားကြည့်ကြတယ်။ သူတို့က
မြင်သူတကာ အားကျတဲ့ စုံတွဲလေးပါ။
ဒါပေမဲ့ တစ်နေ့မှာ မတော်တဆ ကားတိုက်မှုကြောင့် ကောင်မလေး အပြင်းအထန်
ထိခိုက်ဒဏ်ရာ ရပြီး မေ့သွားခဲ့တယ်။ အိပ်ရာထဲမှာပဲ ငြိမ်သက်စွာ
လဲလျောင်းနေရတယ်။ နေ့ဖက်ဆိုရင် ကောင်လေးက ကောင်မလေးနားမှာနေပြီး
သူ့နာမည်ကို တတွတ်တွတ် ရွတ်ခေါ်တယ်။ ညဖက်ဆိုရင် ဘုရားကျောင်းသွားပြီး
ကောင်မလေး ကျန်းမာလာစေဖို့ ဘုရားသခင်ထံ ဆုတောင်းတယ်။ အချိန်တွေ တဖြေးဖြေး
ကုန်လွန်သွားခဲ့ပြီး ကောင်လေးခမျာ ငိုရလွန်းလို့ မျက်ရည်တွေတောင်
ခမ်းလုနီးနေပြီ။
တစ်ညမှာ ဘုရားသခင်က ကောင်လေးရဲ့ မလျှော့တဲ့ ဇွဲနဲ့
ကောင်မလေးအပေါ်ထားတဲ့ မေတ္တာတရားကြောင့်သနားသက်ဝင်ပြီး
မျှော်လင့်ချက် တစ်ခုပေးလိုက်တယ်။ ဘုရားသခင်ကကောင်လေးကို " ကောင်မလေးရဲ့
အသက်ကို ကိုယ့်ဘ၀နဲ့ လှဲလှယ်နိုင်မလား" လို့ မေးတယ်။ ကောင်လေးက
တွေဝေမနေဘဲ လှဲလှယ်နိုင်ကြောင်း ချက်ချင်းပြန်ဖြေတယ်။
"ဒါဆိုကောင်းပြီ။ ကောင်မလေး အမြန်နှိုးလာဖို့ အသင် ပုစဉ်းဘ၀နဲ့
သုံးနှစ်အသွင်ပြောင်းရမယ်။ သဘောတူနိုင်လား" လို့ ဘုရားသခင်က မေးပြန်တယ်။
ကောင်လေးက မဆိုင်းမတွဘဲ သဘောတူကြောင်း ချက်ချင်း ပြန်ဖြေလိုက်တယ်။
မိုးလင်းတာနဲ့ ကောင်လေးဟာ ပုစဉ်းတစ်ကောင် အသွင်ပြောင်းသွားခဲ့တယ်။
လူနာခန်းထဲ ၀င်ကြည့်တော့
ကောင်မလေးက နှိုးနေပြီး ဆရာဝန်တစ်ဦးနဲ့ စကားပြောနေတာကို တွေ့တယ်။
သူတို့ပြောနေတာတွေကို ပုစဉ်းက မကြားရဘူး။ တစ်ပတ်၊ နှစ်ပတ်နေတော့
ကောင်မလေး ကျန်းမာလာပြီး ဆေးရုံက ဆင်းခဲ့တယ်။ ဒါပေမဲ့ သူမမပျော်ဘူး။
နေရာအနှံ့ ကောင်လေးကို လိုက်စုံစမ်းတယ်၊ ကောင်လေး
ဘယ်ပျောက်သွားမှန်း ဘယ်သူမှ မသိကြဘူး။ ကောင်လေးက ပုစဉ်းအသွင်နဲ့
ကောင်မလေးဘေးမှာ ရစ်ဝဲ ပျံသန်းနေပေမဲ့ ကောင်မလေးကို သူခေါ်လို့ မရဘူး။
ကောင်မလေးကိုပဲ ငေးစိုက်ကြည့်နေခဲ့ရတယ်။
ဒီလိုနဲ့ နွေရက်တွေ တဖြေးဖြေး ကုန်လွန်ပြီး ဆောင်းဦးကို ရောက်လာခဲ့တယ်
ပုစဉ်းဒီနေရာက ခွာရတော့မယ်။ နောက်ဆုံးအကြိမ်အဖြင့် ကောင်မလေးရဲ့
ပုခုံးထက်နားကို သူအရဲစွန့်ပြီး သွားနားလိုက်တယ်။ နူးညံ့တဲ့ တောင်ပံနဲ့
ကောင်မလေးရဲ့ ပါးပြင်ကို ထိလိုက်တယ်။ သေးငယ်တဲ့ ပါးစပ်နဲ့ ကောင်မလေးရဲ့
ပုခုံးသားကို ရှိုက်နမ်းလိုက်တယ်။ ကောင်မလေး သတိမထားမိခင်မှာ သူတိတ်တဆိတ်
ထပျံလာခဲ့တယ်။နွေရောက်တာနဲ့
ချက်ချင်းပဲ ပုစဉ်းဟာ ကောင်မလေးနားကို အရောက်ပျံသန်းလာခဲ့တယ်။ ဒါပေမဲ့
သူရင်းနှီးတဲ့ ကောင်မလေးရဲ့ဘေးမှာ ခန့်ညားတဲ့ သူစိမ်းကောင်လေးတစ်ယောက်ကို
သူ တွေ့လိုက်တော့ ပျံသန်းနေတဲ့ သူ့တောင်ပံတွေ လေဟာနယ် တ၀က်တပျက်မှာ
အရပ်တန့်ခံလိုက်ရတယ်။
လူတွေက ကောင်မလေး ကားတိုက်ခံရတာ ဒဏ်ရာတွေ ဘယ်လောက် ပြင်းထန်ကြောင်း၊
ဒဏ်ရာတွေကို ကုသပေးတဲ့ ဆရာဝန်ဟာ ကောင်မလေးအပေါ် ဘယ်လောက် ဂရုစိုက်ကြောင်း၊
သူတို့ရဲ့ အချစ်တွေက စံတင်ထိုက်တဲ့အကြောင်း၊ ကောင်မလေး ဘ၀က အရင်လို
ပျော်ရွှင်ချမ်းမြေ့ နေပြီဖြစ်တဲ့အကြောင်း ပြောသံတွေကို
ပုစဉ်းကြားလိုက်ရတယ်။ ဆရာဝန်ကောင်လေးနဲ့
ကောင်မလေး ပင်လယ်ဘေးသွားပြီး နေ၀င်၊ နေထွက်ကြည့်တာကို သူအမြဲတွေ့နေရပေမဲ့
တစ်ခါတလေ ကောင်မလေးရဲ့ ပုခုံးထက်မှာ ခဏသွားနားတာကလွဲလို့ သူဘာမှ
မတတ်နိုင်ခဲ့ဘူး။
သုံးနှစ်မြောက် နွေရာသီမှာတော့ ပုစဉ်းဟာ ကောင်မလေးကို ခဏခဏ
သွားမကြည့်တော့ဘူး။ သူနားနေကျ ကောင်မလေးရဲ့ ပုခုံးကို ဆရာဝန်ကောင်လေးက
တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားတယ်။ သူ့တောင်ပံနဲ့ ထိနေကျ ကောင်မလေးရဲ့
ပါးပြင်ဟာလည်း ဆရာဝန်ကောင်လေးက တယုတယနမ်းနေတယ်။ ပုစဉ်းရင်ကွဲတစ်ကောင်က
သူ့တို့ဘေးမှာ ရစ်ဝဲနေတယ်ဆိုတာကို ချစ်တင်းနှောပြီး ကြည်နှုးနေတဲ့
သူတို့နှစ်ယောက် သတိထားမိမှာ မဟုတ်ဘူး။ ကောင်မလေးကလည်း အတိတ်ဆိုတာကို
လုံးဝ သတိမေ့သွားခဲ့ပြီလေ။
(၃)နှစ်ဆိုတဲ့ အချိန်ကိုရောက်ဖို့ တစ်ရက်အလိုမှာ
ကောင်မလေးနဲ့ ဆရာဝန်ကောင်လေးတို့ လက်ထပ်လိုက်ကြတယ်။ ဘုရားကျောင်းထဲ
သူပျံဝင်ပြီး ကောင်မလေးရဲ့ ပုခုံးထက်မှာ နားလိုက်တယ်။ ကောင်မလေးနဲ့
ဆရာဝန်ကောင်လေးရဲ့ ဘုရားသခင်ထံ သစ္စာခံယူနေတဲ့ အသံကို သူကြားလိုက်တယ်။
ဆရာဝန်ကောင်လေးက ကောင်မလေးရဲ့ လက်ကို လက်ထပ်လက်စွပ် စွပ်ပေးပြီး
နမ်းလိုက်တာကို သူငေးကြည့်နေမိတယ်။ သူ့ပါးပြင်ငယ်ပေါ်မှာ မျက်ရည်တွေ
စီးကျလာခဲ့တယ်။
"အသင် နောင်တရပြီလား" ဘုရားသခင်က ပုစဉ်းကို မေးတယ်။
"နောင်တ လုံးဝမရပါဘူး" မျက်ရည်တွေကို သုတ်ရင်း သူပြန်ဖြေတယ်။
"မနက်ဖြန်ဆို လူ့ဘ၀အသွင် ပြောင်းလို့ရပြီ" ဘုရားသခင်က ပြောတော့ ပုစဉ်းက
ခေါင်းခါပြီး "ပုစဉ်းအဖြစ်နဲ့ ကျွန်တော်တစ်သက်လုံး နေပါရစေတော့။
တစ်ချို့ကံတရားက လက်လွတ်ဆုံးရှုံးဖို့ စီရင်လာပြီးသားပါ။ တစ်ချို့ဖူးစာက
ပေါင်းစပ်ဖို့ ကံပါမလာခဲ့ဘူး။ လူတစ်ယောက်ကို ချစ်တာ ရယူပိုင်ဆိုင်မှ
မဟုတ်ပါဘူး။ ဒါပေမဲ့ လူတစ်ယောက်ကို ရယူပိုင်ဆိုင်ပြီးရင်တော့
ကောင်းကောင်း တန်ဖိုးထား ချစ်တတ်ရမယ်"
သင့်ရဲ့ ပုခုံးပေါ်မှာရော ပုစဉ်းလေးတစ်ကောင် နားခဲ့ဖူးသလား....?
သင်ကော ပုစဉ်းလေးတစ်ကောင် ဖြစ်ခဲ့ဖူးသလား......?