ချစ်သူမရှိတော့တဲ့နောက်................
ပြောစရာစကားစတွေနှုတ်ခမ်းထက်ကထွက်မလာတော့ဘူး။
ဝေးသွားပြီလို့မောင်ကျော့်ကိုစာတန်းမထိုးခဲ့ပေမဲ့...ဘယ်တော့မှနီးစပ်ခွင့်မရှိတော့မှန်းကျော်နားလည်ခဲ့တယ်
ေ၀၀ါးနေတဲ့တစွန်းတစသောအတိတ်တချို့အတွက် ကျေးဇူးတင်စကားပြောချင်ပါသေးတယ်မောင်
ဘာတွေဘယ်လိုဘဲပြောင်းလဲသွားပါစေ....
ကျော် ကတော့မောင့်ကို မပြောင်းလဲဘဲချစ်နေဆဲပါ
ပြန်လာပါလို့မတောင်းဆိုပါဘူး.....
မောင့်အတွက်တနေရာကမပြောင်းလဲခဲ့ဖူးဘူး...
မောင်ရှိသည်ဖြစ်စေ....မောင်မရှိဘူးဖြစ်စေ
မောင်ချစ်သည်ဖြစ်စေ...မောင်မချစ်တောဘူးဖြစ်စေ....ကျော် က မောင့်အတွက်လူဖြစ်လာတာပါ
အစစအရာရာပေးဆပ်...ချစ်သူဘေး ခနလေးဖြစ်ဖြစ်နေခွင့်ရရင် ကျေနပ်နေသူပါ
မောင့်ဘက်က ဘယ်လိုပြောင်းလဲသွားခဲ့ပါစေ...ကျော်ဆိုတဲ့ကောင်မလေးက မောင်ထားခဲ့တဲ့နေရာမှာ
မောင့်ကို တစက္ကန့်တောင် မမေ့ဘဲ လွမ်းရင်းစောင့်နေဆဲပါ
နှလုံးသားကို အဆိပ်ခပ် မောင်ရက်စက်ခဲ့လဲ မောင့်ကိုသာ ကိုးကွယ်ရာလို့မှတ်ယူဆဲပါ
မောင်ပြောခဲ့ဖူးသလိုပေါ့...သက်ေ၇ာက်မှုတိုင်းအတွက် တန်ပြန်သက်ေ၇ာက်မှုရှိမှာပါလို့အားတင်း
မောင်ပေးခဲ့တဲ့အမှတ်တရတွေနဲ့မောင့်အတွက်ဘဲအသက်ရှင်ချင်တယ်
မောင်ပြန်လာတဲ့တနေ့ကိုစောင့်မျှော်ရင်းပေါ့..........
............................လိပ်ပြာ(8.9.12)(6း43PM)
No comments:
Post a Comment