အဲဒီနေ့.......
ဘ၀တခုအတွက်တော့ပြဿဒါးဖြစ်လိမ့်မယ်...
"ကလင် ကလင်"
မနက်မိုးမလင်းခင် ဆူညံပွက်လောရိုက်လာတဲ့ဖုန်းသံကြောင့် ....
ဒေါသတွေဆူဝေလာသည်...ဘူလဲကွ ငါ့အိပ်ချိန်ကိုနှောက်ယှက်တာ...
ဆိုတဲ့အတွေးနဲ့ ကြည့်လိုက်တော့ ချစ်သူ..ဆီကဖုန်း
...အမ်...ငါ့ချစ်ချစ်ကွ...အင်းသူ့အလုပ်ချိန်အခုမှပြီးလို့ဖြစ်မယ်လေ...
ထွက်နေတဲ့ဒေါသက ချစ်သူဖုန်းနံပါတ်မြင်ပြီး ပျောက်သွားသည်...
အချိုသာဆုံး အသံတခုနှင်....
"ဟယ်လို.." "ကျွန်တော်ပါ" "ဟုတ်ပြောပါ.." "ကျွန်တော့်ကိုမေ့လိုက်တော့လို့ပြောချင်လို့"
အိပ်ချင်စိတ် ဘယ်ရောက်သွားမှန်းမသိပါ...ဘယ်နေရာကမှားလို့ပါလိမ့်လို့စဉ်းစားမိတာအခါခါ
"စနေတာလား" ဖြစ်စေချင်တဲ့စိတ်နဲ့ပြောမိပေမဲ့ " မဟုတ်ပါဘူး ကျွန်တော်တကယ်ပြောနေတာ မင်းကသိပ်တော်တော့ မင်းနဲ့ကိုယ်နဲ့ ကမလိုက်ဖက်ဘူး ကိုယ်က အချိန်ပြည့်မူးရူးနေတဲ့သူ မျဉ်းပြိုင်နှစ်ကြောင်းလိုဖြစ်နေတော့ ဘယ်တော့မှဆုံနိုင်မှာမှ မဟုတ်တာ" အဲအချိန်မှာ ၀င်လာတာက မာန ဘာအပစ်မှမရှိအကြောင်းပြချက်မရှိဘဲ ကိုယ်သိပ်တော်လို့ဆိုတဲ့အရာက အကြောင်းပြချက်ဖြစ်သွားရောလား အစကတည်းက သိပ်တော်တာ မသိခဲ့လို့လား ဘာလို့လဲလို့မေးချင်နေတဲ့ ကိုယ့်မေးခွန်းအချို့ကို အသာအယာသိမ်း မာနကိုဦးစားပေးလိုက်တယ်..."အိုကေ ကျော်လက်ခံတယ်" "ဒီနေ့ကစပြီး ကျွန်တော်တို့နှစ်ယောက် သူငယ်ချင်းလိုဘဲနေကြမယ် မင်းလိုသမျှကို ကိုယ်ကူညီမယ် ကိုယ်တို့တွေသူငယ်ချင်းလိုဘဲနေကြမယ်နော် သူငယ်ချင်း" ဒီစကားသံတွေက ကျွန်တော့်နှစ်လုံးသားတခုလုံးကို သံချွန်နဲ့ တစစီဖြစ်အောင်ထိုးနေသလိုဖြစ်နေပေမဲ့ ကျော့်မှာ မိန်းမဆိုတဲ့ မာနတခုတော့ကောင်းကောင်းချမ်းသာပါသေးတယ်....."အိုကေ ကျော်လက်ခံတယ်" ဒီလို လမ်းခွဲတစ်ခုကို လက်ခံပြီးနောက်............
မနက်မိုးလင်းကတည်းက ကောင်းကောင်းအိပ်မရတော့တာ...ရင်ဘတ်တခုလုံးဆို့နင့်နေခဲ့တာ
ဘာကြောင့်လဲ ဆိုတဲ့မေးခွန်းနဲ့ ကိုယ့်ကိုယ်ကိုအကြိမ်ကြိမ်ပြန်သုံးသပ်နေခဲ့တာ ဘယ်နေရာကစမှားလဲ ကိုယ့်လိပ်ပြာကိုယ်မလုံတော့တာ လူတွေကိုမြင်ရင်တောင် ငါ့ကိုလှောင်ပြုံးနေမလား ငါဘယ်နေရာမှာမှားနေပါလိမ့်ဆိုတဲ့အတွေးတွေနဲ့ လူဟာတစ္ဆေတကောင်လို ကိုယ့်ကိုယ်ကိုတောင်ကောင်းကောင်းမမြင်ချင်တော့ပါ...
ဒီလိုနဲ့ဘဲ အသက်မရှိတဲ့ခန္ဓာတခုနဲ့ မလာမဖြစ်တဲ့ အလုပ်ကို အသက်မဲ့စွာဘဲရောက်ဖြစ်ခဲ့တယ်
အလုပ်သာရောက်နေတယ် စိတ်က ငါဘာမှားလဲနဲ့ အကြိမ်ကြိမ်စစ်တိုက်နေခဲ့တာ...
ဒါနဲ့ဘဲ သတိရဖြစ်တယ် စိတ်ညစ်နေသလားကျော် စိတ်ညစ်ရင်များများပြုံးများများရယ်(ရီ)
သူများကိုပျော်စရာများများပေးရင်နင်သူတို့အပျော်တွေကူးစက်လာလိမ့်မယ်တဲ့ ဒါနဲ့ဘဲ ကိုယ့်coustomerတွေကို အပြုံးခပ်ပေါပေါနဲ့ဆက်ဆံမိတော့ ကိုယ့်အလုပ်ကအဓိပ္ပါယ်ရှိလာခဲ့သလိုလိုပါ...
ညနေစောင်းတော့ အဆင်ပြေစပြုနေပြီဖြစ်တဲ့ ကိုယ့်ရပ်တည်ချက်ထပ်ပျောက်ရပြန်ပြီ..
သူ့ကိုမြင်နေရလို့လေ...ကိုယ့်နဲ့မနီးမဝေးမှာအလုပ်လုပ်နေတဲ့ သူ့ကိုမြင်တော့ ဟား
ဘာလို့လဲ ဘာလို့လဲ ရင်ဘတ်ရယ် ငါ့ကိုသိပ်ဒုက္ခမပေးပါနဲ့ဟာ.......
ကျော်...မင်းနဲ့သူ ဘာအငြိုးတွေရှိလို့လဲ မေ့လိုက်ပါကွာ.....မင်းမှမမှားတာ......
ဘယ်လိုဘဲဖြေတွေးတွေး စိတ်ဓါတ်တွေက တက်မလာခဲ့ပါဘူး....နောက်ဆုံးတော့
လက်မြှောက်အရှုံးပေးလိုက်တယ်....သူပျော်နေရင်ပြီးတာပါဘဲကွာ..ဘာမှထပ်မလိုချင်ပါနဲ့တော့
အချစ်ဆိုတာရယူတာလဲမဟုတ်ဘူး..ပေးဆပ်တာလဲမဟုတ်ဘူး...ချစ်နေခွင့်ရနေဖို့သာအဓိကပါ
သူချစ်ချစ်မချစ်ချစ် သူသိသိမသိသိ နင်ချစ်နေခွင့်ရနေတာဘဲကွာ လို့တွေးလိုက်တော့.....
ဒီလိုနဲ့ဘဲအလုပ်ပြီးချိန် အင်တာနက်သုံးသူငယ်ချင်းတွေနဲ့ဟာသတွေပြော ဘ၀ကအဓိပ္ပါယ်ရှိလာသလိုလိုပါဘဲ........
ဒုတိယနေ့.....
သိပ်မထူးခြားလှပါဘူး...တက်မလာတော့တဲ့စိတ်ဓါတ်တွေနဲ့.... နောက်တရက်ကို စတင်ရပြီ...
ဖုန်းခေါ်မှာလားလို့ ယောင်ပြီးမျှော်လင့်မိပေမဲ့ သူသိပ်နေနိုင်လွန်းနေပြီ...သတိတောင်ရမဲ့ပုံမပေါ်ပါ... ..ထားလိုက်ပါတော့ ၀ဋ်ကြွေးဘဲလေ...
ငါ့အမှားဘဲလေ...အလွယ်တကူပတ်သတ်မိတာကိုး....သူနဲ့အတူနေခဲချိန်တွေ သူ့ဂရုစိုက်မှုတွေ
သူ့အလေးထားမှုတွေကို စဉ်းစားတိုင်း သူကိုယ့်ကိုကစားတာမဟုတ်ဘူးလို့ စိတ်ချစွာ ယုံကြည်ချင်ပြန်ရော....ခက်နေပါလားနော်...ငါသတိရအောင် မင်းဘာလို့ပြုစားနိုင်တာလဲ...
မဖြစ်သင့်ဘူးကျော်...နင့်မှာမာနမရှိဘူးလားလို့တွေးမိတော့ ....သေချာပါတယ်..ကျော်အသဲကွဲခဲ့ပြီ... ဘာလို့လဲ...မချစ်ဘူးလို့ ကိုယ့်ကိုယ်ကိုဒီလောက်အတင်း အားတင်းထားတာတောင် မင်းတကယ်ချစ်ခဲ့ပြီလား...လို့
ကိုယ့်ကိုယ်ကို ပြန်မေးမိတော့ ရှက်လိုက်တာ...ယောက်ျားတယောက်က ထားသွားခံရတာ
သိပ်ရှက်ဖို့ကောင်းနေပြီ....နေစမ်းပါကျော်...ရှက်တတ်လိုက်စမ်းပါ..ဘာလဲအချစ်..
အသုံးမ၀င်ဘူး...
စိတ်ကူးမယဉ်စမ်းနဲ့...
ဒီလိုအဓိပ္ပါယ်မရှိတော့တဲ့ အတွေးတွေနဲ့...........
ရှင်လျှက်နဲ့သေခဲ့တာ...ပုံပြင်မဟုတ်ပါဘူး.....
တတိယနေ့
.........အမှတ်မရှိမျှော်လင့်နေဆဲ့နှလုံးသားကိုကြိုးတုပ်ရိုက်ချင်တယ်
သဲရယ် ကိုယ်စတာလို့ ဖုန်းဆက်ပြီးပြောစေချင်တဲ့စိတ်တွေနဲ့...
ရင်ဖွင့်စရာလူကလဲ မရှိ...
ကိုယ့် ရဲ့အဓိပ္ပါယ်မရှိတဲ့ရင်ခုန်သံကို ဘယ်သူနားလည်ပေးမှာမို့လဲ
ချစ်သူလို့ အမည်တပ် ရင်ခုန်ဘက်ဆိုတဲ့သူတောင် ကိုယ့်အတွက်ထည့်တွက်ခဲ့သလား
သိပ်တော်ပါတယ်လို့ ဆိုတဲ့မိန်းမမှာ... ရွှေမလိုငွေမလိုရင်တောင် လုံခြုံတဲ့ရင်ခွင်တခုလိုပါတယ် ကိုရယ်....
မာနကို ဘုရင်တဆူလိုကိုးကွယ်နေရပေမဲ့ ကိုယ်တိတ်တိတ်လေးရှုံးနေရသူပါ...
လူသိသိမသိသိ ကိုယ်တော့ ဘ၀တခုစာတော့ရှုံးနေရတော့မယ်
ထားလိုက်ပါတော့လေ...အစစအရာရာ စဉ်းစားဆင်ချင်တတ်တဲ့စိတ်နည်းခဲ့သူကျော့်အပစ်လို့သာ.....
ခနဟုတ်တယ်...အဲဒီခနလေးနဲ့ ကျော့်နှလုံးသားတခု ပါသွားတယ်......
ထားလိုက်ပါတော့လေ...မတွေ့မမြင်ရတော့တာထက်စာရင် တွေ့နေမြင်နေ
လွမ်းနေခွင့်ရမှာဘဲကို....
စိတ်ချလိုက်ပါတော့...ဟာ...မေ့ပစ်လိုက်ပါတော့ဟာ...
နောက်ဆုံးတော့လဲ.....
လမ်းခွဲပြီးနောက် အဓိပ္ပါယ်မရှိတော့တဲ့ရင်ခုန်သံကို ထွေးပိုက်
ဘ၀တခုသေခဲ့တယ်ဆိုတာကိုတော့ နောက်ဆုံးနားလည်ပေးကြပါဗျာ...
.....................အသဲကွဲလိပ်ပြာ(5.2.12)(83း8PM)
Sunday, 5 February 2012
လမ်းခွဲပြီးနောက်
Labels:
ဝတ္တုများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment