Wednesday 16 March 2016

မြန်မာ့သမိုင်း အရိုင်းခံမလား

မြန်မာ့သမိုင်း အရိုင်းခံမလား


စကားပြောတာဘုဆက်ဆက်
ရုပ်ကြည့်တော့ ညှင်းသိုးသိုး
အဝတ်အစားပိုတောင်
၃စုံပြည့်အောင်
မရှိဘူး

အမေ့အိမ်မီးမလင်းလို့ 
ဘယ်နေ့မီတာ
ရပါ့မလဲ 
ချစ်လို့စတဲ့အမေကို
တစ်နိုင်ငံလုံးမီးလင်းတဲ့နေ့
အမေ့အိမ်မီတာရပြီလို့သာမှတ်လိုက်တဲ့
ဒီလိုလူစားမျိုး

အထွေးဆုံးသားလေးမို့ 
ရန်ကုန်ထိလာ
တွေ့တာတောင် 
ရောက်တဲ့နေ့နဲ့ပြန်မယ့်
ရက်၂ရက်ပဲ လာတွေ့နိုင်တဲ့ 
သားမိုက်ကြီးလေ

ဒီမအေကြီးမှာတော့
မျက်ရည်လေးစမ်းစမ်း အလွမ်းပိုမိတာပေါ့
အမေစီးတဲ့ရထားကြီး
ဘူတာက ထွက်သွားမှ ဖင်ဘူးတောင်းထောင်ပြီး
ဦးချလိုက်တဲ့ သူ

မိဘကိုမွေးကျေးဇူးဆပ်ချိန်မရ
ကျွေးကျေးဇူးဆပ်ချိန်မရ
ပြည်သူ့အတွက်သာအချိန်အား
သူ့ဘဝသူမပိုင်တဲ့သူ

ပိုက်ဆံတစ်ပြားမှ မရှိဘဲနဲ့များ 
ပလာတာနဲ့ဆိတ်ခါးပတ် စားချင်နေတဲ့သူကြီးလေ

ဒီကြားထဲ နံပြားနဲ့ပဲပြုတ်ရရင်
စားချင်နေသေးသတဲ့

လစာလေးနှစ်ပဲတစ်ပြား
မကြိုက်ပေမယ့် ဘဲဥဟင်းကလွဲလို့
ချက်ကြွေးစရာ အသားဖိုးလေးတောင်
မရှာတတ်သူလေ

အဲဒီလိုလူစားကြီးကို
မွေးခဲ့တာ ဖေဖော်ဝါရီ၁၃ ရက်နေ့
အဲလူကြီးအသက်ပေးခဲ့တာ
ဒီပြည်သူတွေအတွက်
မိဘအတွက်လည်းမစဉ်စားအား
မယားအတွက်လည်းမတွေးတော
သူ့အတွေးထဲမှာ ဒီသန်း၆၀ကျော်ဘဲရှိခဲ့တာ

အခုတော့လေ
အကြွေစောတဲ့အဲလူကြီး
သွေးနဲ့ရင်းပေးခဲ့လို့
လွတ်လပ်ရေးပန်းတိုင်ဆုပ်ကိုင်
မြန်မာဟာ သခင်ဖြစ်နေပြီ

ဒါပေမဲ့
အဲလူကြီးအကြောင်းခပ်မှိန်မှိန်နဲ့
သူတို့သမိုင်းကိုတိမ်ကောအောင်
မေ့ထားကြတယ်တဲ့ဗျာ

ကြားလို့မှမတော် နှောင်းခေတ်လူတွေ
အဲလူကြီးထပ်
ချစ်သူအချင်းချင်းကလူမြူတဲ့
ဘာမဆိုင်ညာမဆိုင်valentineကိုတော့
အဖေကိုကျော်ပြီး ပထွေးတော်ကို
လွမ်းနေကြပြီ

အဲလူကြီးနဲ့တိုင်းရင်းသားတသိုက်
ညီနောင်ပေါင်းစုပြီး
ဘဝစတေးခဲ့တဲ့ လွတ်လပ်ရေးနေ့အစား
Happy new yearလို့ အော်
မသိလေရော့သလား

ဇန်နဝါရီ(၁) ရက်မှာ
ကျွန်သဘောက်ဘဝ
အတိအလင်းကျကြောင်း
ဒင်းတို့တွေကြေညာ
မြန်မာတွေကျွန်စဖြစ်တာ
Happy သတဲ့လား

ဇန်နဝါရီ(၄)ရက်ကိုအသာမေ့
ချစ်ချစ်မွေးနေ့မှ အရေးကြီးတယ်ထင်သလား

မမေ့စမ်းပါနဲ့
အမေကျော်ပြီးဒွေးတော်လွမ်းရင်
သမိုင်းမသိရင်ခေါင်းမရှိတဲ့လူဆိုတာ
သတိရ
ငါဟာမြန်မာ မို့
ငါတို့အလှည့်ကျ
အဲလူကြီးလိုသတ္တိ
မထားနိုင်ဘူးလား

အောင်ဆန်းလိုအသိ
အောင်ဆန်းလိုသတ္တိ
အောင်ဆန်းလိုစာရိတ္တ
ကိုယ့်မျိုးဆက်ကိုဆုံးမဖို့
အောင်ဆန်းအကြောင်းမှမသိရင်
မြန်မာမဖြစ်သင့်ဘူး

သင်ဟာမြန်မာဆိုရင်
ပြည်မြန်မာအတွက်
စတေးခဲ့တဲ့လူတွေကိုသတိရ
ကိုယ့်အလှည့်ကျမှ
မြန်မာဆိုတဲ့
သမိုင်းအရိုင်းခံမလား

လိပ်ပြာ
စာသားကြမ်းသွားရင်ခွင့်လွှတ်ပါ လူတွေက
နာနာပြောလေမှတ်မိလေမို့ပါ


လိပ်ပြာ

No comments:

Post a Comment