လိပ်ပြာရဲ့တခြမ်းပဲ့ဖန်ဆင်းရှင်
Tuesday, 15 March 2016
လိပ်ပြာရဲ့တခြမ်းပဲ့ဖန်ဆင်းရှင်
Saturday, 8 September 2012
ချစ်သူမရှိတော့တဲ့နောက်................
Sunday, 19 February 2012
ဖြောင့်ချက်
ဝေးသွားကြပြီတဲ့.....
တဖက်သတ်စာတန်းထိုးအပြီးမှာ...ငြင်းခွင့်မရှိဘဲနဲ့ ကျော်...ပစ်ဒဏ်စီရင်ခံလိုက်ရတဲ့ အကျဉ်းသားတယောက်လို ဘာမှဖြေရှင်းချက်မပေးနိုင်ဘဲ ခေါင်းငုံ့လည်စင်းခံလိုက်ရတယ်
ရှုံးနေပါတယ်...
Thursday, 13 October 2011
ချစ်သူ..စစ်သားကြီးနှင့် စစ်သားချစ်သူ..လိပ်ပြာ
စစ်ဆိုရင်ရေတောင်စစ်မသောက်ချင်ဘူးဆိုတဲ့ဖေဖေ့စကားဘေးချိတ်ထားပြီး
အသည်းမာမာနဲ့ဘဲမောင့်ကိုရွေးချယ်မိတယ်..အစကတော့..၁၀တန်းကလေးတယောက်ရဲ့ပထမဦးဆုံး
ရင်ခုန်တတ်စအချစ်ဦးမို့ မိဘတွေက ရူးတာတဲ့..ချစ်သူဖြစ်စ ခနလေးကစ တပတ်တခါတွေ့ဖို့တောင်မသေချာ
သူ့ဘ၀သူ့တာဝန်တွေဦးစားပေး သူ OUT PASSထွက်မှ ခိုးတွေ့ရတာ..တော်သေးတယ်..ကိုယ်လဲပြင်ဦးလွင်မှာရှိချိန်မို့
ကိုယ်လဲ၁၀တန်းအောင်...နေရပ်ပြန်တော့ သူလဲ သူ့တာဝန်မပြီးသေး DSA ဆက်တက်ဆဲလေ..
တက္ကသိုလ်ကျောင်းသူဘ၀ ရင်ခုန်ဦးမို့ အချစ်ဦး မောင် ဘယ်အချိန်လာလည်မလဲ မျှော်လိုက်ရတာ
ရွှေလည်တိုင်တောင်ကျိုးမတတ်...တခြားသူတွေ ချစ်သူနဲ့တွဲ ပျော်ပွဲဆင်ရင်
ကိုယ်လဲ မောင့်လက်ကိုဆွဲ ကမ္ဘာအပြင်ထွက်ပြီးတောင်ကဲလိုက်ချင်တယ်..
ခက်တာက ကိုယ့်ချစ်သူမောင်က ၁နှစ်မှာ ကိုယ့်အတွက် ၁၀ရက်တောင် အချိန်မပေးနိုင်ဘူးလေ..
ဒီလိုနဲ့ သူကျောင်းပြီးလို့ ကိုယ့်အနားပြန်လာလေမလားမျှော်လင့်မိပြန်တော့
ကျရာတပ်က မိတ္ထီလာ ကိုယ်နေတာက မော်လမြိုင်...တော်သေးတယ်
ဒီအချိန်မှာကျေးဇူးအတင်ဆုံးက ဂရေဟန်ဘဲလ်ကိုဘဲ ဖုန်းလေးတီထွင်ပေးလိုက်လို့
တနေ့နေ့တော့ ငါနဲ့အနီးဆုံး ရောက်လာတန်ကောင်းပါရဲ့လို့ မျှော်လင့်နေတုန်းရှိသေး
စာတော်တဲ့ ကိုယ့်ချစ်သူကိုဘဲ အပစ်တင်ရမှာလား ရုရှားပညာတော်သင်တဲ့...
သေပြီပေါ့...အရင်ကတနိုင်ငံထဲမို့ ဖုန်းဆက်လို့ရသေးတယ်..ခုတော့..ဖုန်းဆက်ဖို့တောင်
သူဆက်သွယ်လာတာမျှော်ရဦးတော့မယ်..
သူက ချစ်နဲ့မောင့်ဘ၀တွေအတွက်..မောင့်ဝါသနာကိုနားလည်ပေးပါတဲ့..
အရင်ကလိုကလေးစိတ်နဲ့ဆို...မရဘူးဆိုပြီးအော်ငိုပစ်မှာ..
ခုတော့ ချစ်သူစစ်သားကြီးကိုမျှော်ရင်း လွင်းရင်း နားလည်ရင်း ကိုယ်လဲ လူကြီးဆန်ရင့်ကျက်
အရာရာနားလည်တတ်နေပြီလေ..ဒီလိုဘဲ..ချစ်သူက သူ့ဘ၀အတွက်ဆိုတော့ ကိုယ်လဲကိုယ့်အနာဂါတ်အတွက်
ချစ်သူကိုထား ခရီးဆက်ခဲ့ရလေပြီ..ချစ်သူကအနောက်..ကိုယ်က အရှေ့..
သူကရုရှား...ကိုယ်ကစင်္ကာပူ...ရွှေလက်တွဲဖို့ကြိုးစားခဲ့ရသမျှတော့ ဝေးရလေပြီ..
ချစ်သူသက်တမ်း၃နှစ်ပြည့်ခါနီးမှာဘဲ...တပြည်စီခြားဘ၀တွေကွာဝေးခဲ့ရတာ...
တော်ပါသေးရဲ့...အင်တာနက်ခောတ်မို့..ဒီအချိန်မှာကျေးဇူးအတင်ဆုံးက G TALK နဲ့ VZO ဘဲ
သူတို့တွေရှိနေလို့ ၃နှစ်လုံးလုံးတယောက်တနေရာစီပေမဲ့ တယောက်မျက်နှာ တယောက်မြင်နေခွင့်ရသေးတယ်
ကိုယ်တို့တွေ..ကျောင်းတက်နေချိန်ကလွဲရင်..ထမင်းစားလဲအတူ ဂိမ်းဆော့လဲအတူတူနဲ့
နှစ်ယောက်တဘ၀နေထိုင်နိုင်ခဲ့တာ..အဲဒီအချိန်မှာ..အမုန်းဆုံးကလဲ G TALK နဲ့ VZO ဘဲ..
အွန်လိုင်းတက်ရင်း အပျင်းပြေတက်ကျူတဲ့ ကောင်မလေးတွေရန်ကို ကြောက်ရတာ
ကိုယ့်ချစ်သူ..ပါသွားမှာစိုးလို့...ကိုယ်ကတော့ မီးခွက်စောင့်ဘီလူးဖြစ်လို့..
သူကတော့ မင်းသားလေးဘဲ...ဒါတောင် ကိုယ့်ချစ်သူက..သစ္စာရှိလို့..
တော်ပါသေးရဲ့လို့..အမောဖြေမယ်မကြံရသေးဘူး...
ကျောင်းပြီးပြီတဲ့...
အိမ်နဲ့စပြီးစစ်တိုက်ရပြီ...
ချစ်သူကိုပြန်တွေ့မယ်ဆိုတဲ့ ကိုယ့်ရဲ့အပြောကို လုံးဝလက်မခံတဲ့အဖေနဲ့ ကိုယ်..
နောက်ဆုံးတော့ တသက်လုံးကျွေးခဲ့တဲ့ဖေဖေ့ရင်ခွင်ကို..
ခြေစုန်ကန်တယ်လို့ဘဲပြောပြော မွေးကျေးဇူးကို မထောက်ဘူးလို့ဘဲပြောပြော
တဦးတည်းချစ်ခဲ့ရသူ ချစ်သူအတွက်..မြန်မာပြည်ကိုအရင်ပြန်..
ချစ်သူကို အကြိုတော်ထောက်...ခဲထားတာကတော့ ၃နှစ်တာ အလွမ်းတွေအတိုးချလိုက်မယ်ပေါ့
ပထမဦးဆုံး...ရန်ကုန်ပြန်ရောက်တဲ့နေ့မှာဘဲ စစ်ကြောရေးရုံးမှာ တနေကုန်ရတဲ့ချစ်သူ
သူ့မျက်နှာကိုမြင်ရုံလေး..အတွက်...စောင့်ခဲ့ရတာတနေကုန်...
ညနေသတင်းပို့တဲ့အလုပ်ပြီးတော့.. ကိုယ့်အတွက် အချိန်များပေးနိုင်မလားမျှော်လင့်မိရဲ့
မောင်တို့နောက်ရက်အတွက်စာတမ်းဖတ်ဖို့ စာတမ်းပြင်ရမယ် အချစ်ကူဦးတဲ့...
ကိုယ့်ဘေးနားမှာ လာနေပေးတာကိုဘဲ ကျေးဇူးတင်ရဦးမယ်..
စစ်သားချစ်သူ...စစ်သားချစ်သူ...နားလည်ပေးလိုက်ဦးပေါ့...
ဒုတိယနေ့မို့ ချစ်သူ..ကိုယ့်အနားမှာရှိတုန်း ပျော်ပျော်ပါးပါးလည်မယ်ပေါ့..
မောင်စာတမ်းဖတ်ရင်ဝတ်ဖို့ European Suit မရှိဘူး လိုက်ရှာဝယ်ရဦးမယ်တဲ့..
ဈေးတကာပတ်... Shoping Mall တကာလျှောက်သွား အချစ်အတွက်..လိုက်ရှာဝယ်လိုက်ရတဲ့
သူ့အတွက်.. European Suit...
တော်ပါသေးတယ်...ဘယ်လောက်မောမော..ချစ်သူအနားမှာရှိသေးတယ်ပေါ့..
ဒါတွေပြီးသွားရင်ငါ့အနားအတူနေခွင့်တော့ရမှာပေါ့..မျှော်လင့်ချက်လေးေ၇ထဲမျောသွားတယ်
ပလုံလို့တောင် အသံမကြားလိုက်ရဘူး..နောက်ရက် မနက်အစောကြီးထ.. စာတမ်းဖတ်ပြီးတာနဲ့..
မောင်တို့တပ်ပြန်သတင်းပို့ရမယ်..မိတ္ထီလာတဲ့..ပိတောက်ရွှေဝါက ဦးZZZအော်သလိုဘဲ အော်လိုက်ချင်တယ်
သေပြီဆရာ..သေပြီဘဲ...လို့ပေါ့..
တပ်ပြန်ပြီးခွင့်၇ရင်ပြန်လာမယ်တဲ့..ဟောပေါ်လာပြန်ပြီ..ဒီမျှော်လင့်ချက်ကလေးနဲ့ဘဲ
ချစ်သူကိုသွားလို့ခွင့်ပေးလိုက်တာ..စူဠလိပ်ရေထဲလွှတ်လိုက်တဲ့အတိုင်းဘဲ..
ခွင့်၁၀ရက်ရတော့ မေမေတို့နဲ့မတွေ့ရတာ..၃နှစ်ကျော်ပြီမို့တဲ့...
သေလိုက်တော့..လိပ်ပြာ..နင်သေသင့်တယ်...သူ့အမေကိုဘေးချိတ်ထားတာကိုး...
ဒီလိုနဲ့ခွင့်ရက်တွေကုန်တော့..ငါ့ဆီပြန်မလာတော့ဘူးပေါ့...ဆိုတာသေချာရင်
ငါ သူ့ဆီလိုက်သွားမယ်ပေါ့..အရင်ကလို..ကျောင်းပြီးကာစ ၂၀ကျော်ကလေးလဲမဟုတ်တော့ဘူး
၂၃-၂၄ အသက်လဲရပြီဆိုတော့..ငါ့ဘ၀ငါပိုင်တယ်..ကောင်းကောင်းမိုက်ပစ်လိုက်မယ်ဟဲ့လို့ကြံပြီး
ချစ်သူအနား အနီးဆုံးနေရာမှာ အလုပ်ရဖို့ကြံတော့ မိတ္ထီလာနဲ့ ၄ နာရီသာသာဘဲဝေးတဲ့နေပြည်တော်..မှာ
ဘ၀ကို..အခြေချ.. မောင့်ကို ပိတ်ရက်တိုင်း တွေ့ဖို့ကြံရတယ်...
မိန်းမကြိုက်တော့ စိုက်စိုက်လာလေ..ခောတ်ကပြောင်းပြန်..ဖြစ်ပြီ..
တော်သေးတယ်..၇နှစ်ဆိုတဲ့ချစ်သူသက်တမ်းလေးနဲ့နားလည်မှုလေးခံထားလို့
နောက်မဟုတ်ရင်..ဒီမိန်းမပေါလိုက်တာလို့ ချစ်သူကထင်ရင်..သေပြီဆရာသေပြီဘဲ...
ချစ်သူနှစ်ယောက် ၁ပတ် ၁ခါလောက် တွေ့ရတယ်လို့စိတ်ဖြေရမယ်တောင် မကြံသေး..
မောင် မြစ်ကြီးနားမှာ လေယာဉ်မောင်းသင်တန်းတက်ရမယ် ၁နှစ်ခွဲတဲ့..
လုပ်ရက်လိုက်တာ..အကြီးအကဲတို့ရယ်...မနီးတောင်မနီးရသေးဘူး..
လက်ထပ်ဖို့ဆွေးနွေးချိန်တောင် မရလိုက်ဘူး..ဝေးပြန်ပြီ..
စစ်သား..ချစ်သူ...စစ်သားချစ်သူ..
.........ချစ်..မောင်မြစ်ကြီးနားသင်တန်းက OUT PASS ကလဲမသေချာဘူး..
ရရင်လဲ..မြစ်ကြီးနားဆိုတော့ အရမ်းဝေးတယ်..ချစ်ကို ခေါ်မထားချင်ဘူး..
မိဘတွေလဲ ဒီမှာရှိတာမဟုတ်ဘူး..ဆိုတော့ ချစ်ဖေဖေဆီချစ်ပြန်နေနော်..မောင်စိတ်ချချင်တယ်တဲ့..
မောင်..သင်တန်း တွေပြီးတာနဲ့ လက်ထပ်မယ်တဲ့..
ဒီလိုနဲ့..ချစ်သူစကားဦးထိပ်ထားပြီး..လိပ်ပြာတကောင်..လက်၇ှိအလုပ်ကထွက်..ပြည်တော်ကပြန်လေသတည်းပေါ့..
....
တော်သေးတယ်..သင်တန်းတွေပြီးတာနဲ့ လက်ထပ်မယ်..ဆိုတဲ့စကားလေး မျှော်လင့်ချက်ရှိသေးလို့..
ဒါပေမဲ့ သူတို့ သင်တန်းတွေက ဘယ်အချိန်ဘယ်ကာလမှ ပြီးမယ်မှန်းမသိ..
လေယာဉ်မောင်သင်တန်းပြီးရင်..CC တက်ရမယ်..ပြီးရင်..ပြီးရင်.....
ဒီလိုနဲ့ ချစ်သူမောင်ကို...လွမ်းရတဲ့လိပ်ပြာ..ကတော့...လွမ်းရင်းလွမ်းရင်း..
ခုဆိုချစ်သူသက်တမ်းတောင်..၈နှစ်ပြည့် သွားပြီ..၁၆နှစ်..ကလေးဘ၀က.. စပြီး..
ချစ်ခဲ့လွမ်းခဲ့၇တာ...ချစ်သူသက်တမ်း ၈နှစ်ပြည့်ပြီဆိုတော့..
သူများတွေအား ကျကြမှာပေါ့.. အတူတူ လျှောက်လည်ရတဲ့ ရက်..
အတူတူ..နေခဲ့ရတဲ့ရက်..ခုထိ..၃ လပြည့်အောင် တောင်မရှိဘူး....
စစ်သားချစ်သူ...စစ်သားချစ်သူ....
.................ဒါစစ်သား..ကို..ချစ်တဲ့...ချစ်သူ..တယောက်ရဲ့..လက်ရှိကတော့
ချစ်သူကိုလွမ်းရင်း..ချစ်သူအကြောင်းပြောရင်း...လွမ်းရင်းးး.....သတိရရင်း..
တပတ်တခါ..ဖုန်းဆက်ရမဲ့..သောကြာနေ့ကို..စောင့်ရင်း...
လိပ်ပြာတို့..ဝေးနေကြတာ.. ၁၀လတိတိပြည့်ခဲ့ပြီ.....
ဘ၀..မှာ...ချစ်သူတိုင်း အလွမ်းနဲ့ဝေးကြပါစေ..လို့ ဆုတောင်းပေးချင်ပေမဲ့
ကိုယ်ကိုယ်တိုင် အလွမ်းနဲ့ပတ်သတ်ရတော့..ဆိုးတယ်ကွာ..
........................လိပ်ပြာ(14.10.11)(10း24AM)Thursday, 29 September 2011
စရိုက်များနဲ့လိပ်ပြာ
စရိုက်များနှင့် လိပ်ပြာ..
ကျော့်ရဲ့မကောင်းတဲ့အကျင့်တချို့အကြောင်း..
လူတိုင်းမှာ..မကောင်းတဲ့အကျင့်ကိုယ်စီတော့ရှိကြတယ်…အားနည်းချက်ကိုယ်စီတော့ရှိကြတယ်.. သူများတွေအကြောင်းမပြောချင်ပါဘူး..ကျော့်အကြောင်းဘဲကျော်ပြောမယ်…
ကျော့်ရဲ့ပတမဦးဆုံးမကောင်းတဲ့အကျင့်က တခုခုကို တိုးလို့တန်းလန်းထားတတ်တာဘဲ… နားလည်အောင်ပြောရရင် လုပ်နေရင်းတန်းလန်းနဲ့ ဆက်မလုပ်ချင်တော့တာဘဲ…ငြီးငွေ့တတ်တာပေါ့… ထမင်းစားမယ်ဆိုလဲကျော်စားချင်လို့ချက်ထားတဲ့ဟင်းနဲ့ စားရင်းတန်းလန်းမှာဘဲ အဲဒီဟင်းကိုမကြိုက်တော့တာမျိုး လူတယောက်ကိုစိတ်ဝင်စားရင်း ချဉ်းကပ်ရင်း ကျော်စိတ်ဝင်စားမှုမရှိတော့တာမျိုး တခုခုကိုကြိုက်လို့ သုံးနေရင်းနဲ့ မကြိုက်တော့တာမျိုး စသည်ဖြင့်ပေါ့… ဥပမာပြောရရင်..ဒီနေ့ကျော်ကင်မ်ချီခေါက်ဆွဲချက်စားတယ် ကိုရီးယားစာ ကြိုက်တဲ့ကျော် ကင်မ်ချီခေါက်ဆွဲကို များသောအားဖြင့် စားလေ့ရှိတယ်.. ဒီနေ့လဲ စိတ်လိုလက်ရ ကိုရီးယားကင်မ်ချီခေါက်ဆွဲချက်စားဖြစ်တယ်.. ချက်ထားတာအနံ့ရော အရသာရောပြောစရာမလိုအောင်သိပ်ကောင်းပါတယ် စစားကာစကတော့ကျော်တော်တော်ကောင်းတယ်လို့ခံစားမိပြီး နှစ်နှစ်သက်သက်စားမိတယ် စားရင်တန်းလန်းမှာဘဲ ကျော်စားချင်စိတ်ကုန်သွားတယ် ဘယ်လိုမှဆက်စားလို့မရတော့ဘူး…ဒါဘာကြောင့်လဲလို့ ကိုယ့်ကိုယ်ကို မေးကြည့်တော့ ကျော့်အကျင့်ဆိုးကြောင့်လိုမြင်မိတယ်….
ဒုတိယအကျင့်ဆိုးကတော့ ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးတဲ့ယောက်ျားတွေ ပွေတဲ့ယောကျာ်းတွေကို သင်ခန်းစာကောင်းကောင်းပေးချင်တဲ့အကျင့်ဆိုးဘဲ စော်ကြည်ဘဲတွေကိုမုန်းတယ်ပေါ့ဗျာ.. အဲဒီအကျင့်ဆိုး ကြောင့်ကျော်နာမည်ပျက်ခဲ့ရပေါင်းလဲမနည်းတော့ဘူး..အသဲကွဲလိပ်ပြာအစား အသဲစားကဝေမလို့လဲနာမည်ပေးခံရပေါင်းလဲမနဲတော့ဘူး.. ဥပမာ ယောက်ျားတယောက်က စော်တယောက်ကိုအပစ်မရှိဘဲအသဲခွဲသွားရင် ကျော်အဲဒီယောက်ျားကို ကောင်းကောင်းပြန်အသဲခွဲတတ်တယ် ကိုယ်နဲ့မဆိုင်ပေမဲ့ပေါ့.. မိန်းမတွေကိုအကောင်းမမြင်ပေးတတ်တဲ့ယောက်ျားတွေကိုလဲ အရမ်းချစ်တတ်လာအောင် ကျော်သင်ပေးတတ်သလို အရမ်းမုန်းတတ်သွားအောင်လဲ ကျော်သင်ပေးချင်တယ်… ဒီအလုပ်က ကျော်နဲ့ကံစပ်တယ်လို့ပြောရမလား ကျော်အရင်းမစိုက်ရဘဲ အသဲကွဲအရက်သမားဖြစ်ခဲ့တဲ့ ယောက်ျားတွေထဲမှာ သူတို့ကိုယ်သူတို့ အရမ်းတော်ပါတယ်အရမ်းတတ်ပါတယ်ဆိုတဲ့ယောက်ျားတွေ ပါခဲ့တယ်… ဒါဆိုကျော်ကသိပ်ချောလားလို့မေးလိမ့်မယ်..ရွက်ကြမ်းရေကျိုပါဘဲ… ဒါပေမဲ့ေ၇ှးရှေးဘ၀ကဆုတောင်းကောင်းခဲ့သလာတော့မသိဘူး..ယောက်ျားတော်တော်များများက ကျော့်ကိုအပစ်ကင်းတယ်ဖြူစင်တယ်တဲ့.. ဒါပေမဲ့ သူတို့ကျောချမှ ဓားပြမှန်းသိကြတာတော့ သူတို့တွေသိပ်ညံ့လို့ဘဲ…
တတိယအကျင့်ဆိုးကတော့ မာနကြီးခေါင်းမာလွန်းတာဘဲ… ဒီလိုမာနကြီးခေါင်းမာလွန်းလို့လဲ ရည်းစားဦးနဲ့ဝေးခဲ့ပြီးပြီ.. သေရာပါမဲ့ဒါဏ်ရာတွေရခဲ့ပြီးပြီ…ကျော်ဘယ်လောက်မာနကြီးသလဲမမေးနဲ့ ကျော့်အဖေနဲ့ စိတ်ဆိုးရင်တောင် အဖေကစပြီးဖုန်းမဆက်ဘဲ ကျော်ဘယ်တော့မှအဖေ့ကို အဆက်အသွယ်မလုပ်တတ်ဘူး..မိဘနဲ့သားသမီးဆိုပေမဲ့ ကျော်မိဘဆီက အကူအညီမယူဘူး.. အရမ်းအရေးတကြီးလိုအပ်လာရင်တောင် ချေးတာ ဆိုမှ ယူတာ.. ကျော်ပြန်ကိုဆပ်ရမှကျေနပ်တာ အဖေကခနခနပြောတယ် တလွဲဆံပင်ကောင်းမာနတွေနဲ့တဲ့
ဒီအကျင့်ဆိုးတွေက ကျော့်အတွက်မှားမှန်းသိပါတယ်.. ဒါပေမဲ့ ဒီနေ့ဒီအချိန်ထိကျော်ပြင်ဖို့ကြိုးစားဆဲ အကျင့်ဆိုးတွေပေါ့…အဲဒီထဲက အကျင့်ဆိုးတခုကိုတော့ ကျော်ပြုပြင်နိုင်လိုက်ပါပြီ.. အဲဒါက ကိုယ်နဲ့မဆိုင်ဘဲဝင်စွက်ဖက်တတ်တဲ့အကျင့်ဆိုးဖြစ်တဲ့ စော်ကြည်ဘဲတွေကို သင်ခန်းစာပေးခြင်းအလုပ်ပါဘဲ… ဘာလို့ကျော်ပြင်လိုက်နိုင်လဲဆိုတော့ ကျော် တကယ်ချစ်ရတဲ့ချစ်သူလေးက ကျော့်ကို တည်ငြိမ်ရင့်ကျက်စေခဲ့လို့ပါဘဲ…..ကျော်တကယ်ချစ်တတ်သွားလို့ ပါ… အဲဒီအချိန်ကစလို့ ကျော့်မှာ အကျင့်ကောင်း၃ခုရှိလာတယ်…
ပထမအကျင့်ကောင်းကတော့ ကိုယ့်အပေါ်မကောင်းတဲ့သူကိုတောင် မကောင်းမှန်းသိတောင်ကျော်ခွင့်လွှတ် ပေးနိုင်ခြင်းဘဲ..အဲဒီလူတယောက်ကကျော့်ကို မကောင်းတာတွေဘယ်လောက်ဘဲ လုပ်ခဲ့လုပ်ခဲ့ မကောင်းဘယ်လောက်ပြောပြော ကျော့်အပေါ် သူတခါဘဲကောင်းခဲ့ဖူးရင် ကျော်သူ့ကို လုံးဝအမှားတွေအားလုံအတွက်ခွင့်လွှတ်ပေးပြီးသားဖြစ်နေတယ်
ဒုတိယအကျင့်ကောင်းကတော့ ကတိတည်တတ်လာတာအချိန်တိကျလာတာပါဘဲ.. ကျော့်မှာဘယ်လောက်ဘဲသေရေးရှင်ရေးဖြစ်နေပါစေ.. ကျော်ကတိပေးထားရင် ကျော့်အရေကြီးကိစ္စတွထက် ကျော့်ကတိကို အကောင်အထည်ဖော်ခြင်းပါဘဲ.. ကျော့်ကို ဒီလိုကတိတည်တတ်အောင် ဆုံးမခဲ့တဲ့သူကတော့ ကိုထက်လို့ခေါ်တဲ့ ကျော့်ရဲ့တဦးတည်းသော ချစ်ရသူလေးပါဘဲ လူဆိုတာ ကတိတည်ရတယ် ကိုယ်ပေးထားတဲ့ကတိကိုမတည်ရင်လူမဟုတ်ဘူးချစ်၇ဲ့ ဆိုတဲ့ ကိုထက်ရဲ့ဆုံးမ စကားကြောင့် ကျော် ဘယ်ကိုသွားနေနေ..ဘာတွေလုပ်နေနေ ကတိတခုပေးမိရင် ကျော့် အတွက် ဘယ်လောက်ထိခိုက်သွားလဲ ကျော်မတွေးမိဘူး..ကျော် ကတိတည်ဖို့ကြိုးစားပေးတာပါဘဲ…
တတိယအကျင့်ကောင်းကတော့ ပျော်ပျော်နေတတ်သလို လူတွေကိုလဲ ပျော်ရွှင်အောင်လုပ်ပေးချင်စိတ်ရှိတာပါဘဲ .. ဒါကြောင့် ကျော့်ကိုလူချစ်လူခင်များတယ်… ဂျိုကာလေး လို့လဲထင်ကြတယ်..လူတွေအတွက်လူရွှင်တော်လုပ်ပေးနေရပေမဲ့ ကျော် ၀မ်းမနည်းခဲ့ဘူး.. အားလုံးကိုအကောင်းမြင်စိတ်လေးတွေနဲ့ ကျော်တွေးပေးနိုင်ခဲ့တယ်…ဒီအကျင့်ကောင်းကြောင့်ဘဲ အရင်ကကျော်အသဲခွဲတာခံခဲ့ရပါတယ်ဆိုတဲ့ ယောက်ျားတွေတောင် ဒီနေ့ထိကျော့်ကိုမမုန်းနိုင်တာ ကျော်သူတို့ကို ထားခဲ့တာ ကျော်တကယ်ချစ်တတ်သွားလို့လို့ ထင်ခဲ့ကြတာ.. ဒီနေ့ထိကျော်ပြန်လာဖို့မျှော်လင့်နေတာ တွေ ခနခနကြုံရတယ် ဒါက ကျော့်ရဲ့ ပင်ကိုစရိုက်ပါ ပွင့်လင်းပျော်ရွှင်တတ်မှုတွေကြောင့် ချစ်သူခင်သူခုထိပေါခြင်းဆိုတဲ့ကောင်းကျိုးတခုကို ကျော်ခံစားခဲ့ရသလို ကျော့်ကြောင့်နစ်နာခဲ့ရသူတွေကတောင် ဒီစရိုက်လေးကြောင့်ဘဲ စိတ်နာခနဖြစ်ပြီး ပြန်ပြန်ခွင့်လွှတ်ပေးနေရတာပါ…
ဘ၀မှာလေ…အလိုလားဆုံးဆုကိုတောင်းပါဆိုရင် စရိုက်ဆိုးကင်းသူတကယ်ဖြစ်ချင်တယ်… ဒီဆုတောင်းလေးကို ကုသိုလ်လုပ်တိုင်းဆုတောင်းမိတယ်.. ကျော့်ကြောင့် ဘယ်သူ့ကိုမှမနစ်နာစေချင်တော့လို့ပါ..
အသဲကွဲလိပ်ပြာ(၂၈.၉.၁၁)(ည၁၁နာရီ)
Wednesday, 14 September 2011
မောင်ဖတ်ဖို့ရေးတဲ့တမ်းချင်းသစ်တပုဒ်
မောင်ဖတ်ဖို့ရေးတဲ့တမ်းချင်းသစ်တပုဒ်
မောင်.....
ဝေးခဲ့ချိန်က၉လတင်းတင်းပြည့်ခဲ့ပြီ....
တပတ်တခါကြားနေကျမောင့်အသံမှာလဲဝေးနေရတဲ့နေရာအကွာအဝေးလိုဘဲ
အချစ်နဲ့အရမ်းကိုဝေးကွာအေးစက်နေခဲ့တာ..မောင်သတိမထားခဲ့ပေမဲ့ မောင့်ကိုအရိပ်တခုလို
တသသလိုက်ကြည့်နေမိတဲ့ချစ်..သိခဲ့ပါတယ်မောင်...
မောင်မကြိုက်လို့မောင်ဆိုတဲ့နာမ်စားကိုလဲမသုံးဖြစ်အောင်ကြိုးစားဖြစ်ခဲ့ပေမဲ့ မောင်ကချစ်ရဲ့တဦးတည်းသော
နှလုံးသားထဲကဘုရင်ပါမောင်...မောင်မေ့ရက်နိုင်လို့ချစ်ရဲ့ခံစားချက်တွေ မောင်လှည့်ကြည့်ပေးဖို့ မောင်မေ့နေတတ်ခဲ့ပေမဲ့ မောင့်အတွက်လို့တွေး မောင့်ကိုအသက်ပေးချစ်တဲ့ ချစ်အတွက်တော့ မောင်လိုရာကို မောင့်အသံကိုနားထောင်ရင်း ဒီတပတ်မောင့်စိတ်အခြေအနေကို မိုးလေ၀ါသလိုဘဲခန့်မှန်းနေမိတာ... နေရာအကွာအဝေးက ချစ်နှလုံးသားထဲက မောင့်နေရာကို ပိုပြီးအေးစက်သွားအောင်မလုပ်နိုင်ပါဘူးမောင်
မောင်ပြောနေကျစကားတွေကိုနားထောင် မောင်ဆုံးမစကားတွေနဲ့ဘဲအသက်ဆက်ခဲ့တာ နှစ်တွေတောင်အလီလီပြောင်းခဲ့ပြီဘဲမောင်..၁၀ကျော်သက်ကလေးဘ၀ကတည်းက ရင်ခုန်ရင်းချစ်ခဲ့ရတဲ့ချစ်သူကို နှစ်ဆယ်ကျော် အစိတ်ရောက်မှ နေရာအကွာအဝေးကအေးစက်အောင်လုပ်နိုင်မယ်လို့ မောင် တွေးလားမောင်....အချစ်ဦးနဲ့ အချစ်ဆုံးမောင့်ကို ဘ၀သေတဲ့အထိချစ်တာ ညာတာမဟုတ်ရပါဘူးမောင်ရယ်...ပုံပြင်သိပ်ပြောကောင်းတဲ့မင်း ငါ့ကိုပုံထပ်ပြောနေတယ်လို့ မောင်တွေးနေပြီလား..မဟုတ်ရပါဘူးမောင်ရယ်..ဘ၀မှာ မိဘမရှိ မောင်နှမမရှိပေမဲ့ မောင်တယောက်ရှိနေလို့သာ ချစ် အသက်ရှင်နေတာအဓိပ္ပါယ်ရှိခဲ့တာ...မောင်ဆုံးမခဲ့လို့ မောင်ပြုပြင်ပေးနိုင်ခဲ့လို့သာ ပေပေတေတေ ဂျပိုးတကောင်လိမ္မာခဲ့တာ..မောင်အသိဆုံးပါ...တကောင်ကြွက်တမျက်နှာ တွယ်တာစရာမရှိခဲ့ပေမဲ့ မောင်ရှိတယ်ဆိုတဲ့အသိနဲ့ ဘ၀ကို အကောင်းဆုံးဖြစ်အောင်ရပ်တည်ချင်ခဲ့တာ...ဒါပေမဲ့မောင် မအပ်စပ်နိုင်တဲ့မောင့်အသိုင်းအ၀ိုင်း နှိုင်းယှဉ်လို့မရနိုင်တဲ့မောင့်ပညာဂုဏ် မောင့်အရေအချင်းဂုဏ်ဒြပ်တွေကြောင့် မောင့်ဘ၀မှာ ချေချစရာနေရာချစ်အတွက်မရှိတာမြင်တိုင်း
တကောင်ကြွက် တမျက်နှာ ဒီကောင်မလေးသိမ်ငယ်ရှက်ရွံ့ တတ်တာ မောင်နားလည်မှာမဟုတ်ဘူး... ငွေကိုမှကိုးကွယ်ရာထင်တဲ့ ဒီလူ့လောကကိုလဲ နာကြည်းမိတာအခါခါ ငွေတမျက်နှာထဲနဲ့ အသက်ဆက်တတ်ကြတဲ့ လူတွေရဲ့အသက်ရှင်ရပ်တည်မှုတွေကိုကြည့်တိုင်း မောင့်တမျက်နှာထဲကိုကြည့် ရှေ့ဆက်ရပ်တည်တတ်နေတဲ့ ချစ်ရဲ့ ရပ်တည်မှုတွေ လမ်းပျောက်အာရုံနောက်ရတိုင်းလဲ မောင်ကပြောတတ်တဲ့စကားတခွန်းထဲရယ် မင်းဘ၀အတွက်ငါရှိတယ် မင်းဘာလို့စိတ်ဓာတ်ကျနေတာလဲ မင်းစိတ်ဓာတ်ကျနေရင် ငါတောင် မင်းဘ၀ထဲမှာရှိမှာ မဟုတ်တော့ဘူးတဲ့... ဒီစကားတခွန်းထဲက လောကကြီးကို အံတုဖို့ အကောင်းဆုံးအားဆေးတခုဘဲ...ဘယ်သူ့ကိုမှဂရုမစိုက်နဲ့ မှန်တယ်ထင်ရင်လုပ်သာလုပ် မင်းအနားမှာငါရှိတယ်တဲ့....ဒီစကားတခွန်းကလဲ ချစ်မိုက်ဖို့ အတွက် မောင်ထောက်ခံပေးခဲ့တာဘဲ...အသိုင်းအ၀ိုင်းမရှိ ဂုဏ်မရှိငွေမရှိ တဲ့ဒီကောင်မလေးဘ၀မှာ မောင်ရှိတယ်လေ... ဒီအသိတခုထဲနဲ့ဘဲ တိုင်းတပါးတပြည်ရပ်ခြားမှာဘာသာစကားကွဲလူမျိုးကွဲတွေနဲ့လဲ ရင်ဘောင်တန်း မောင်နဲ့အတူနေဖို့လို့တွေး ချစ်ရပ်တည်တတ်ခဲ့တယ်...နောက်နှစ်နှစ်ပြီးရင်မောင်တို့လက်ထပ်ကြမယ် မင်းကိုမောင်မျက်နှာမငယ်စေချင်ဘူးတဲ့ မောင်ပေးခဲ့တဲ့မျှော်လင့်ချက်တွေတွေး ကျော့်အသက်ရှူသံတွေလက်ဆက်နေပါတယ်မောင်..မောင်ချစ်ခဲ့ဖူးတဲ့အချစ်တွေကိုတွေး ဝေးကွာခြင်းကပေးတဲ့လက်ဆောင် အလွမ်းတွေကို တယုတယထုတ်ပိုး မောင့်အတွက်တမ်းချင်းတပုဒ် လက်ဆောင်ပေးလိုက်တယ်မောင်..ဝေးကွာခြင်းအတွက်၉လပြည့်အမှတ်တရပါမောင်...
....ဝေးတနေရာက ချစ်ချစ်တဲ့အချစ်တွေ စစ်မှန်ခြင်းကြောင့် ချစ်သိပ်ချစ်တဲ့မောင်တယောက် ဘ၀မှာပျော်ရွှင်အေးမြခြင်းတွေဘဲပိုင်ဆိုင်ပါစေ....
....................................................................မောင့်ရဲ့ အချစ်.....လိပ်ပြာ(၁၄.၉.၁၁)(၄း၁၃PM)
ချစ်ရသူကိုထက်သိစေဖို့ အမှတ်တရ.........
Wednesday, 22 June 2011
ဝေးသူ့အလွမ်းအကြောင်း...
ဝေးသူ့အလွမ်းအကြောင်း
မောင်.......
ရွက်ကြွေတွေနဲ့ခုဆိုနွေကခြောက်သွေ့လွန်းနေတယ်မောင်...
မောင်မသိဘဲ စီးဆင်းခဲ့ရတဲ့အလွမ်းတွေက ခုဆိုမြစ်ကြီးတစင်းစာလောက်မကတော့ဘူးမောင်
မောင်နဲ့တခါမှအတူမကြုံဖူးခဲ့တဲ့သင်္ကြန်ရက်တွေကိုလဲ ခြောက်သွေ့တဲ့ဒီအထီးကျန်ရင်ခွင်က
မျှော်လင့်ခြင်းကင်းစွာဘဲကြိုဆိုနေမိပါရဲ့မောင်
ပျော်ရွှင်စရာကောင်းတဲ့မောင့်ရင်ခွင်မှာ လိပ်ပြာခဏတော့ကောင်းကောင်းနားခိုခဲ့ဖူးပါတယ်
ဧည့်သည်ဘဲမဟုတ်လားမောင်
အချိန်တန်တော့အိမ်ပြန်ဖို့မောင်နှင်ခဲ့တာဘဲ.....
ရက်စက်လိုက်တာလို့မပြောလိုတော့ဘူး
မောင့်မှာလဲအကြောင်းပြချက်ရှိမှာပေါ့
ခက်တာကအမှတ်မရှိတဲ့ဒီရင်ကဘဲမောင်ပြောခဲ့သမျှစကားတွေ
မောင်ပေးခဲ့တဲ့အကြင်နာတွေ မောင့်ဂရုစိုက်မှုတွေကို အကြောင်း
တသသလွမ်းရင်းမမေ့နိုင်တဲ့ဒီရင်ကဘဲအနာဖြစ်နေရတာပါ
မနက်တိုင်းမောင်အိပ်ရာနှိုးမှထတတ်တဲ့ဒိကောင်မလေးရဲ့မနက်တွေ
ကြောင်တောင်တောင်နဲ့အဓိပ္ပါယ်မဲ့နေခဲ့တာမောင်နားလည်ပါ့မလား
မောင့်အပြုံးတွေကိုစွဲလန်းရင်းမောင်အပြောတွေအားလုံးကိုအမိန့်တခုလိုဒီကောင်မလေးနာခံခဲ့ဖူးတယ်
မောင်ကကိုယ့်ရဲ့တခုတည်းသောပိုင်ဆိုင်မှုဆိုတာသိရက်နဲ့မောင်လစ်လျူရှုရက်တာလို့တွေးတိုင်း
မောင့်ကိုစိတ်နာချင်မိပါရဲ့
ဒါပေမဲ့မောင်......
အမှတ်မရှိတဲ့နှလုံးသားက မောင့်ဥပေက္ခာတွေရတိုင်း မောင့်အပေါ်ဖြည့်တွေး ပေးနေတတ်ခဲ့တာ
ကိုယ်ရူးနေတာလို့ မောင်ပြောပါဦး မောင်
ချစ်တတ်တဲ့ကိုယ့်နှလုံးသားကို မောင်အဆိတ်ခပ်ရက်ပေမဲ့ မနာကျည်းတတ်တဲ့ကိုယ့်ရဲ့အားနည်းချက်ကိုဘဲ
အပစ်တင်ရင်း မောင်ထားခဲ့တဲ့တနေရာကဘဲ မောင့်ပြန်အလာကို စောင့်နေမဲ့ ဒီကောင်မလေးရှိနေတာ
မောင်သတိရပေးပါဟာ.....
...........................................................................................လိပ်ပြာ(20.3.11)(10း02AM)
Saturday, 4 June 2011
ချစ်သူတို့ရဲ့...အလွမ်းပုံပြင်
ချစ်သူတို့ရဲ့..အလွမ်းပုံပြင်
ဒီနေ့…စနေ…
အမြဲတမ်းမဟုတ်ပေမဲ့ ကျွန်တော်တို့outpass ရတတ်တဲ့နေ့ပေါ့..ကိုယ့်အတွက်တော့ outpass ရပေမဲ့မထူးခြားပါဘူး။ ဒီနေ့တွေဆို ကိုယ့်ချစ်သူကောင်မလေး ကိုယ့်ဆီဖုန်းဆက်နေကျလေ။ overseaကဆိုပေမဲ့ သောကြာ၊စနေ၊တနင်္ဂနွေ အပတ်တိုင်း သုံးရက် ဖုန်းဆက်နေကြလေ။ ချစ်သူဆီကဖုန်းကို ကိုယ်မျှော်နေကြနေ့တွေပေါ့။ ရေမြေတွေဘယ်လောက်ဘဲခြားခြား သူကိုယ့်အပေါ်အလေးထားလွန်းတယ်။ ဘယ်နေရာရောက်နေနေ သူကိုယ့်ကို မရမက လိုက်ရှာပြီးဆက်သွယ်တတ်တယ်။ ကိုယ့်အပေါ်သိပ်ချစ်တတ်လွန်းတဲ့ချစ်သူလေးရဲ့ စိတ်ကိုလဲ ကိုယ်လေးစားမိတယ်။ ကိုယ်ကရော ချစ်သူလေးအပေါ်စေတနာတွေနဲ့ သွန်သင်ဆုံးမရင်းချစ်သူလေးရဲ့ ဆန္ဒတွေဖြည့်ဆည်းပေးနေရရင် ကိုယ်ပျော်နေရတယ်။သေချာတာပေါ့ ရေမြေတွေခြားနေမှတော့ ကိုယ့်ချစ်သူကို ကိုယ်ဘယ်စိတ်ချပါ့မလဲဗျာ။ ဒါပေမဲ့ ချစ်သူလေးအကြောင်းကိုယ်သိတယ်။ ကိုယ့်ကို သူ့ရဲ့အရာအားလုံးလို့သဘောထားထားတာလေ။ ချစ်သူဆီမှာ သာယာတာတွေ တွယ်တာတာတွေ မရှိတတ်ဘူး။ ကိုယ့်ကိုယ်ချစ်နေရရင် ကိုယ့်အလိုကိုဖြည့်ဆည်းပေးနေရရင် သူမဘယ်လောက်ဝမ်းနည်းဝမ်းနည်း ကိုယ်ပျော်နေပါစေဆိုတဲ့စိတ်ကလေးနဲ့ သူလိုက်ပြီးပျော်နေပေးတတ်တယ်။ ခုလဲ ချစ်သူ ဆီကဖုန်းကိုမျှော်နေမိတယ်လေ။ အပြင်တောင်ထွက်မလည်နိုင်ဘဲပေါ့။
“ကိုထက်…ကျော့်ဆီက ဖုန်းရော့”
လွမ်းနေတုန်း ဖုန်းလာတော့ ကိုယ်ဘယ်လောက်ပျော်မယ်ထင်လဲ အတိုင်းမသိပေါ့ဗျာ…
“ဟယ်လို အချစ်” “အင်းကိုထက်..ငါ” “အင်း..အချစ်..နေကောင်းလား” “အင်း ကောင်းတယ် မင်းရော အဆင်ပြေရဲ့လား” “အင်း ဒီလိုပါဘဲ flying checkတွေကောင်းကောင်းမရဘူး ဆရာတွေကဆူနေတယ်” “စာမေးပွဲရော…ဖြေနိင်လား” “ မောင်ကတော့ အောင်ပါတယ် မောင်နဲ့တွဲဖက်ဂျူနီယာနှစ်ယောက်ကတော့ကျတယ် ဒါကြောင့်မောင်လဲစိတ်ညစ်နေတာ” “အော်…စိတ်ညစ်မခံနဲ့လေ…အားလုံးကဖြစ်တတ်ပါတယ်မောင်ရဲ့”
ကိုယ့်ကိုထာဝရ အားပေးတတ်တဲ့ သူမရဲ့စိတ်ထားလေးကို ကိုယ်သဘောကျတာ..ကိုယ် ဘာဘဲလုပ်လုပ် ကိုယ့်ဘကမှာသူမရှိနေတတ်လို့ ကိုယ် ဘယ်တော့မှ အားငယ်စိတ်ဓာတ်ကျတာမျိုး မခံစားရဘူးလေ…ကိုယ်ချစ်တဲ့ကောင်မလေးက မချောပါဘူး ဒါပေမဲ့ စိတ်ထားကသိပ်ဖြူတာ
“မင်းရော အလုပ်အဆင်ပြေရဲ့လား အချစ်” “အင်း ဒီလိုပါဘဲ မောင်ရဲ့…အလုပ်ဆိုတာက အဆင်ပြေလိုက် အဆင်မပြေလိုက်ဘဲပေါ့” “စိတ်ညစ်မခံနဲ့ အချစ် မင်း အဆင်မပြေရင် မင်းဖေကြီးကိုပြောပြီး အလုပ်ပြောင်းလိုက် ကိုယ့်ဘာသာတော့ပျော်အောင်နေပါအချစ်ရာ မောင်လဲမင်းဘေးနား ရှိနိုင်တာမဟုတ်ဘူး”
သူမကို အဆင်မပြေမှုတွေထဲနစ်မွန်းမနေစေချင်တာသူ့ဆန္ဒပါ။ သူမလေးကို အနားခေါ်ထားချင်နေပေမဲ့ သူမလေးအဖေက ကိုယ့်ကို သူမနဲ့လုံးဝသဘောမတူဘူးလေ။ယောက်ျားမာနနဲ့ သူမကိုမေ့ပစ်ချင်ပေမဲ့ ကိုယ်မလုပ်နိုင်ခဲ့ဘူး…မိဘသဘောမတူလဲပေါင်းရမှာ သူမနဲ့ကိုယ်ပါဆိုတဲ့ သူမလေးရဲ့စကားကို နားထောင်ပြီး ကိုယ် သူမလေးကို အရင်ကထက်ပိုချစ်ခဲ့တာ
“မောင့်ဘေးနားမှာ ချစ်ထာဝရနေဖို့ပြန်ခဲ့ဖူးတယ်နော်…မောင်ဘဲမောင်းထုတ်လိုက်ပြိးတော့” “အချစ်ရယ် မဟုတ်ရပါဘူးကွာ မောင်မင်းကိုသိပ်ချစ်တာပေါ့ မင်းလဲသိရဲ့သားနဲ့ မောင့်နားမှာနေရင်မင်း အဆင်မပြေနိုင်ဘူးလေ။ ပြီးတော့မောင်မင်းကိုလက်ထပ်ချင်တာပေါ့ မောင့်မှာ သင်တန်းတွေမပြီးသေးဘူးလေ.. လေယာဉ်မောင်းသင်တန်းပြီးရင် CCတက်ဖို့ရှိသေးတယ်။ ဒီလိုအချိန်မှာ အချစ်ကို လက်ထပ်လိုက်ရင် မောင့်တာဝန်တွေ အချစ်ကိုယူခိုင်းသလိုလဲ ဖြစ်မယ် ပြီးတော့ အတူတူနေရဦးမှာလဲမဟုတ်ဘူ တယောက်တနေရာဆီနေရမှာ ဒါကြောင့်မောင် အချစ်ကို မောင်နဲ့ဝေးရာကိုသွားခိုင်းလိုက်တာ အချစ်လဲ ကျောင်းဆက်တက်ချင်တယ်ဆို အချစ်အဖေကျေးဇူးကို တတ်နိုင်သလောက်ဆပ်ချင်သေးတယ်ဆို။” “ဒါတော့ဒါပေါ့ မောင်ရဲ့” “ဒါကြောင့် မောင်ပြန်သွားဖို့ ပြောတာပါ အချစ်လဲ ကျောင်းဆက်တက်လို့ရအောင် လို့ပါ…မောင်သင်တန်းတွေ နောက်(၂)နှစ် ဆို အကုန်ပြီးပြီ…အချစ်ရဲ့ အားလုံးပြီးတာနဲ့ အချစ်မနေချင်ရင်တောင် မောင်မင်းကိုမောင့်အနားခေါ်ထားတော့မှာ ကွ မောင်အချစ်ကိုလွမ်းလှပြီ”
သူမလေးကိုယ့်အပေါ်အထင်လွဲနေတာ ကိုယ်အခုမှသိလိုက်ရတယ်လေ… ကိုယ်က သူမကို ကောင်းစေချင်လို့ ပြောခဲ့တာတွေကို တလွဲထင်နေပေမဲ့ ကိုယ့်အပေါ်သူမအပစ်တင်စကားတောင်မပြောခဲ့ဘူးလေ…ဒါကြောင့်လဲ သူမကိုပိုချစ်ရတာပေါ့ ။
“မောင် ဒီနေ့ outpass မထွက်ဘူးလား” “မောင်ရုရှားမှာနေတုန်းက သူများကျောင်းလျှောက်သွားတာတို့ အပြင်လျှောက်လည်တာတို့ ချစ်မြင်ဘူးလား” “ဟင်အင်း မမြင်ဖူးဘူး” “အင်း အဲလိုဘဲ ချစ်နဲ့ စကားပြောရင်ပြော မပြောရင်မောင် ဂိမ်းဆော့ ရင်ဆော့ ဒါမှမဟုတ်ရင်ရုပ်ရှင်ကြည့် ပြီးရင် မောင်အိပ်တာဘဲ မောင်အခန်းထဲကအပြင်တောင် ကျောင်းတက်ဖို့မဟုတ်ရင် မထွက်ဖူးဘူးလေ..ချစ်လဲသိသားဘဲ..အခုလဲ အဲဒီအတိုင်းဘဲ ချစ် မရှိတော့ပေမဲ့လဲ ချစ်ရှိတုန်းကအတိုင်းဘဲ ချစ်နဲ့စကားပြောနေကြအချိန်တွေဆို ချစ်ကိုလွမ်းရင်း ချစ်နဲ့ အတူတူကြည့်ဖူးတဲ့ရုပ်ရှင်တွေ တယောက်ထဲ ပြန်ကြည့်ရင်း ပေါ့ မောင် ဘယ်မှမသွားပါဘူးချစ်ရယ် ချစ်ကိုဘဲလွမ်းနေမိတာ”
ကိုယ်နဲ့ သူမလေးနဲ့ နှစ်ယောက်မှာ အမှတ်တရများတယ်လေ…သူမ ကိုယ့်အနားမရှိတောပေမဲ့ သူမပြောခဲ့ဖူးတဲ့စကားတွေ သူမရဲ့ အပြုအမူလေးတွေ ကို ကိုယ်သတိရရင်းလွမ်းနေမိတယ်..ဒါပေမဲ့ တခါမှ သူမကို ကိုယ်မပြောပြခဲ့ဖူးဘူးလေ…အရင်အချိန်တွေ သူမဖုန်းဆက်တိုင်း သူမကို စနောက်နေတာနဲ့ဘဲ ကိုယ်အချိန်ကုန်ခဲ့တာ..ကိုယ့်ဆီမှာ နောက်တယောက်ရှိနေပြီလို့ပြောတိုင်း သူမအသံလေးပျောက်သွားတတ်တာ ၀မ်းနည်းသွားတတ်တာ ကို ချစ်စနိုး ဖြစ်မိလို့လေ..ကိုယ်အဲလိုစနောက်နေပေမဲ့ သူမကိုယ့်ကို စိတ်မဆိုးဖူးပါဘူး… မောင်ပျော်နေရင် ပြီးတာပါဘဲ ဆိုတဲ့ တခွန်းထဲသောစကားကိုဘဲ သူမပြောတတ်တာလေ…
“ချစ်..” “အင်း”
မထူးချင်ထူးချင်နဲ့ ထူးတတ်တဲ့သူမအသံလေးကို ကိုယ်ချစ်တယ်လေ..
“နေကောင်းအောင်နေ ကျန်းမာရေးဂရုစိုက် ကိုယ့်ကိုယ်ကိုအဆင်ပြေအောင်နေ..ပျော်အောင်နေပါ အချစ်ရယ် မောင်တို့ကံကြမ္မာက မောင်တို့လက်ထဲမှာလေ…မောင်နဲ့ အချစ်တနေ့ အတူနေရမှာ မောင်နဲ့အတူတူနေတဲ့အချိန်မှာ ချစ်ကို ကျန်းကျန်းမာမာနဲ့ တသက်လုံး ပျော်ပျော်ရွှင်ရွှင်နေသွားချင်တာ..ချစ် ကိုမောင် တသက်လုံး စောင်ရှောက်သွားနိုင်တယ်ဆိုတာ ယုံနော် ပြီးတော့ ချစ်ကလွဲပြီး မောင်ဘယ်သူ့ကိုမှမချစ်ဘူး…ခု…အိပ်တော့နော်…ချစ်တို့ဆီမှာ အရမ်းမိုးချုပ်နေပြီ..မောင် မင်းကို အရမ်းချစ်တယ်….”
“မောင်..အာဘွားပေးဦး”
သူမက အဲလိုကလေးဆန်တာလေ… ကိုယ်ပြောသမျှကို နားထောင်သမားသက်သက်လုပ်ပြီးရင် ဖုန်းချခါနီးတိုင်း ကိုယ့်ဆီက အာဘွားတောင်းတတ်တာ..
“အာဘွားချစ်” “အင်း…မောင့်ကို အရမ်းချစ်တယ်…မောင့်တယောက်ထဲအတွက်ချစ် အသက်ရှင်နေတာပါနော် မောင်..ဖုန်းချလိုက်ပြီ” “အင်း”
ဖုန်းချခါနီးတိုင်း ကိုယ့်ကို အရမ်းချစ်ကြောင်း သူမချွဲတတ်သည်။ ဒီစကားလေးတခွန်းနဲ့ဘဲ ကိုယ်ကျေနပ်နေရတာလေ.. ကိုယ့်ဘ၀က သူမလေးပါ..ဒါပေမဲ့ သူမလေးမသိပါဘူး ..ကိုယ်လဲ အမြဲမပြောပြတတ်ဘူး…ကိုယ်က သူမလေးကို..ကိုယ့်ချစ်ခြင်းတွေ ချမပြတတ်ဘူး..စိတ်လိုလက်ရဖြစ်တတ်တဲ့ တခါတခါမှဘဲ ကိုယ်သူမကိုပြောပြတတ်တာ…ကိုယ်သူမကို လစ်လျူရှုထားပေမဲ့လဲ သူမကတော့ ကိုယ့်အပေါ် အမြဲ တမ်းချစ်နေတတ်တာလေ..ဒါကြောင့်မို့လဲ…ကိုယ်သူမကို ပိုမြတ်နိုးမိတာပေါ့….ကိုယ့်အတွက်တော့ သူမလေးက လကလေးတစင်းပါဘဲလေ…သူမကတော့ ကိုယ်က သူမဘ၀ရဲ့ လမ်းပြကြယ်တဲ့…ကြယ်ကလေးလို့လဲ တယုတယခေါ်တတ်တယ်လေ…ကိုယ်တို့နှစ်ယောက်အတူဆုံမဲ့တနေ့ကို စိတ်ကူးယဉ်ရင်း ကိုယ်သူမကို ထာဝရသစ္စာရှိသွားမယ်ဆိုတာ luna(လုန)လေး..ယုံပေးပါ…နော်…
……လုနလေးရဲ့ကိုယ်(ကိုထက်)
....................................................................................................လိပ်ပြာ(04.6.12)(စနေနေ့)(1း15AM)
Thursday, 26 May 2011
အတိတ်လွမ်းချင်း
အတိတ်လွမ်းချင်း
ဝေးကြပြီဆိုတာနားလည်ခဲ့ပါတယ်မောင်..
တယောက်တနေရာစီနဲ့ မဆုံနိုင်တော့တဲ့ ကိုယ်တို့ဘ၀တွေအတွက် ဘယ်သူ့မှာအပစ်ရှိပါတယ်လို့ လက်ညှိုးထိုးရမလဲမောင်..
သံယောဇဉ်ကြိုးတွေမခိုင်မြဲဘဲခပ်နဲ့နဲ့ဖြစ်ခဲ့လို့လားမောင်..
ကိုယ်အရမ်းချစ်တာသိရက်နဲ့ မောင်အရမ်းချစ်တာနားလည်ရက်နဲ့ ကိုယ်တို့တွေဝေးခဲ့ကြတယ်..
ကံကြမ္မာရက်စက်ချက်ကမ်းကုန်ရက်ခဲ့တယ်...
တဘ၀စာအတွက်ရည်ရွယ်ချစ်ခဲ့တာလဲပုံပြင်မဟုတ်ခဲ့ရပါဘူးမောင်...
အရမ်းချစ်တယ်ဆိုတဲ့စကားတွေကလဲအခုတော့လေထဲမှာဘဲ..အရာမထင်ခဲ့ဘူးလေ..
အတူစိတ်ကူးယဉ်ဖူးတဲ့အိပ်မက်တွေကလဲလေထဲတိုက်အိမ်ဆောက်ခဲ့မိသလိုပါဘဲ...
အချစ်ရယ်..အရာရာဟာတစစိပြိုလဲပျက်စီးပြန့်ကျဲနေခဲ့ပြီ
တစစီဖြစ်နေတဲ့အတိတ်ကိုပြန်ဖမ်းဆုတ်ဖို့မတွေးတော့ပါဘူးအချစ်ရယ်...
ကိုယ်ပြောပြောနေကျစကားအရဆိုရင်တော့ ဖုန်ခါရုံနဲ့အသစ်ပြန်မဖြစ်တဲ့အထဲအချစ်လဲပါတယ်ပေါ့ကွာ
ဒါပေမဲ့အချစ်ရယ်..တိုက်ဆိုင်တိုင်းကိုယ့်နှလုံးသားကိုပြန်ပြန်ငုံ့ကြည့်တိုင်းရင်နဲ့ရင်းခဲ့ရတဲ့အတိတ်ကိုပြန်ပြန်တွေးမိတယ်..
တမ်းတလွမ်းရလွန်းလှပါတယ်မောင်ရယ်
အချစ်ဆိုတာ မရေရာခြင်းဘဲလားလို့
တခါတခါတွေးတိုင်
မျက်ရေ၀ိုင်းမိပါရဲ့
ကိုယ်တကယ်ချစ်ခဲ့ဖူးတာ ပုံပြင်တပုဒ်လိုသာသာပါ
တမ်းတလွမ်းရလွန်းတာလဲ
ဟာသတခုဖြစ်ခဲ့ပေါ့
အခုတော့ တချက်တချက်ထထနာတဲ့
နှလုံးသားကိုငုံ့ကြည်တိုင်း
မဟောင်းနိုင်တဲ့အတိတ်အတွက်
ရင်ထဲမှာဝမ်းနည်း
ကိုယ်ကြေကွဲနေရတာ
သက်ဆိုင်သူများသိမှသိပါ့မလား
......................................
Friday, 13 May 2011
လွဲနေဦးမည့်..ဆုံမှတ်တစုံ
လွဲနေဦးမည့်ဆုံမှတ်…တစုံ…
မာနတရားတခုနဲ့ ငါတို့ဇာတ်လမ်းရဲ့အဆုံးသတ်ကိုမင်းရေးဖို့ကြိုးစားနေတာလား…
ငါ့ထက်ပိုအရွဲ့တိုက်တတ်တဲ့မင်းရဲ့စိတ်ကို ငါမုန်းလိုက်တာ
သံသယကိုရှေ့တန်းတင်..ငါ့ရင်ကိုမင်းမမြင်မှတော့ ငါဘာမျှော်လင့်လို့ရဦှးမှာလဲ။
မချစ်ဘူးလို့အကြိမ်ကြိမ်အားတင်း ငါလစ်လျူရှုတတ်ချင်လိုက်တာ
ခက်တာက စွဲလန်းတတ်လွန်းတဲ့ငါ့ရဲ့အကျင့်ဆိုးဘဲ
ရက်စက်တတ်သူမှန်းနားလည်ရဲ့သားနဲ့ငါ အမှတ်မရှိစွာဘဲ နင့်ရှေ့ဒူးထောက်မိပါရဲ့။
လစ်လျူရှုကျောခိုင်းရင်း နင်ချကျွေးတာဥပေက္ခာတရားတွေပါလား။
ချစ်တယ်လို့ တကြိမ်တခါမှမဖြေဖူးလို့ ငါ့အချစ်ကိုနင်မမြင်နိုင်ဘူးလား။
ငါ့ရင်ထဲမှာ နင်မမေးလဲ အကြိမ်ကြိမ်အခါခါငါဖြေဖူးတယ်။
နင့်ရဲ့….ချစ်တယ်…ဆိုတဲ့ စကားတခွန်းအတွက် ငါလဲအသက်ပေးရဲပါတယ်။
တန်ပြန်အရွဲ့တိုက်မှုတွေနဲ့ ငါ သွေးရူးသွေးတန်းလျှောက်လုပ်မိနေပေမဲ့ ငါရှုံးနေတာငါဝန်ခံမိပါရဲ့…
ခက်တာက ငါ ဘယ်လောက်ဘဲ ပေးဆပ်ပေးဆပ် နင်မြင်နိုင်မှာမှမဟုတ်တာ…။
သဒ္ဒါလွန်ခဲ့တဲ့ အမှားတခုကြောင့် နင့်အတွက်မတရားဘူးလို့ခံစားရတိုင်း နင့်ဘေးနားက ငါထွက်သွားချင်တယ်။
မလွမ်းဘူးလို့ငါကျိတ်မှိတ်နေတိုင်း ထထနာတတ်တဲ့ဒီနှလုံးသားကြောင့် ငါ့ရင်ထဲမှာ နင်နေရာယူမိနေပြီဆိုတာ သေချာပါတယ်။
နင်ဖုန်းဆက်နှိုးတတ်တဲ့ အချိန်ရောက်တိုင်း ယောင်ယောင်ပြီးဖုန်းကိုကြည့်မိတတ်တာလဲ နင်သိမှာမဟုတ်ဘူး။
နင်နဲ့ ငါ့ရဲ့အမှတ်တရတွေ ငါထုတ်ထုတ်လွမ်းနေတာ သက်ဆိုင်သူနင်ကတော့ သိမှာမဟုတ်ပါဘူးလေ။
သိလဲအသိအမှတ်ပြုမှာမှမဟုတ်တာ။
နင်နဲ့ငါက မဆုံနိုင်တော့မဲ့ မျဉ်းပြိုင်တွေဘဲလေ။
ထာဝရ တယောက်ကိုတယောက်အရွဲ့တိုက်ရင်း…..မာနတွေကိုးကွယ်ရင်း နင်လဲနင့်ရဲ့သက်ဆိုင်သူရင်ခွင်မှာ။
ခုတော့ ငါလဲ နင်ပေးခဲ့တဲ့ သီချင်းလို ငါ..ငိုနေတယ် အခု….ငါသိပ်လွမ်းလို့…ပေါ့ဟာ….
………………………………..လိပ်ပြာ(13.5.11)(63း6PM)
ချစ်သူအတွက်...ရေးတဲ့စာ
ချစ်သူအတွက်...ရေးတဲ့စာ
သံစဉ်မညီပေမဲ့ အချစ်က အချစ်ပါဘဲမောင်….မောင့်ကိုဘယ်လောက်ထိ “ကျော်”
တွယ်တာခဲ့သလဲဆိုရင်…နှင်းစက်ဖြူဖြူလေးတွေနဲ့ ဥပမာ သာဓကဆောင်ချင်မိပါရဲ့မောင် နှင်းစက်ဖြူဖြူလေးတွေလို ဖြူစင်တယ်..မောင့်ဘ၀ကိုအေးချမ်းစေချင်တယ် “ကျော်” အနင်းခံဖြစ်ခဲ့ရမယ်ဆိုလဲ မောင့်အတွက် အဆိပ်မဖြစ်စေလိုခဲ့သူပါမောင်…..
“ကျော်” မြတ်နိုးတဲ့မောင်က အသားဖြူဖြူ မျက်ခုံးကောင်းကောင်း အရပ်ရှည်ရှည်နဲ့ လူရည်သန့်လေးတယောက်ပေါ့…အပြောဆိုးတဲ့မောင့်ကို ဘယ်သူတွေကဘဲအပစ်တင်တင် “ကျော်” အမြတ်တနိုးတန်ဖိုးထားဆဲဘဲ….စိတ်တိုတတ်တဲ့မောင့်စိတ်ကို တခြားတခြားသူတွေနားမလည်ပေးနိုင်ပေမဲ့ “ကျော်” နားလည်ပေးနိုင်ဆဲဘဲမောင်….စတွေ့ပုံကလည်းကဗျာမဆန်သလို “ကျော်” တို့ဇာတ်လမ်းကလဲ Romance မဖြစ်ခဲ့ပါဘူးမောင်…ဘိလိယက်ထိုးရင်း ခင်မင်ရာကစခဲ့ကြတဲ့ အွန်လိုင်းဇာတ်လမ်းလေးတပုဒ်ပါဘဲ မောင်..စကားပြောတိုင်းအပေါ်စီးကနေပြောတတ်တဲ့ “ကျော့်” ကို မောင်ခွင့်လွှတ်နားလည်ပေးခဲ့တာလဲ အကြိမ်ကြိမ်…ယောက်ျားလေးတွေတရုန်းရုန်းနဲ့ ယောက်ျားဆန်တဲ့ “ကျော့်” အမူအကျင့်တွေကို မောင်နားလည်ပေးခဲ့တာလည်းအကြိမ်ကြိမ်မို့ “ကျော်”မောင့်ကို ပိုမြတ်နိုးရပါတယ်မောင်…အမှားလုပ်တိုင်းဆုံးမတတ်တဲ့ မောင့်ရဲ့ လူကြီးဆန်မှုတွေအတွက်လဲ “ကျော်” လေးစားတွယ်တာရပါတယ်မောင်.. အိပ်ပုတ်တဲ့ “ကျော့်” ကို မနက်မိုးလင်းတိုင်း “၀က်ပုတ်လေးရေ ထတော့” လို့ ချစ်စနိုးမောင်နှိုးတတ်သလို “ကျော်”ကလဲ မောင့်အသံကြားမှ အိပ်ရာထတတ်ခဲ့တာ… ညညဆို ပုံပြင်ပြောပြဆိုပြီး ချွဲနွဲ့တတ်တဲ့ “ကျော့်” ကို စိတ်ရှည်စွာဘဲ သီချင်ဆိုပြီးတမျိုး ပုံပြောပြပြီးတသွယ် ကျောပွတ်သိပ်မယ် အိပ်နော် ဆိုပြီးတဖုံနဲ့ “ကျော့်”အတွက် အိပ်ရာဝင် ဇာတ်လမ်းတွေမရိုးအောင် မောင်ဖန်တီးတတ်လို့လဲ “ကျော်” စွဲလန်းခဲ့ရပါတယ်မောင်…..
မောင်က “ကျော့်”အတွက် ကိုးကွယ်အားထားရာ တခုလဲဖြစ်ခဲ့ပါတယ်မောင်… အရေးကြီးကိစ္စကြုံတိုင်း မောင့်ဆုံးဖြတ်ချက် အတိုင်း “ကျော်” လုပ်ဆောင်ခဲ့သလို မောင့်အမိန့်အောက်မှာဘဲ မောင်စေရာ “ကျော်” သွားတတ်တဲ့ သူတယောက်လဲဖြစ်ပါသေးတယ်… “ကျော်” က မောင့်အတွက် မောင်ဖန်ဆင်းထားတဲ့ ရုပ်သေးတရုပ်ဆိုလဲ မမှားပါဘူးမောင်… မောင်စားဆိုစား မောင်သွားဆိုသွား မောင်လာဆိုလာ နဲ့ မောင့်သဘောကျဘဲ “ကျော်”နေတတ်ခဲ့တာ “ကျော်”နဲ့မောင်စတွေ့တဲ့ ဟိုး လွန်ခဲ့တဲ့ ၃နှစ်ကျော် လေးနှစ်ကာလလောက်ကတည်းကပါမောင်……. ထမ်းဆောင်နေရတဲ့ တာဝန် ၀တ္တရားကြောင့်ဘဲလား အိမ်မှာသားကြီးမို့ဘဲလား “ကျော်”မဝေခွဲတတ်ပါဘူး မောင် ကအမိန့်ပေးရတာဝါသနာများ ပါခဲ့လေသလား …အိမ်မှာသမီးကြီးပေမဲ့ တဦးတည်းသောသမီးမို့ အဖေ အလိုလိုက်လို့ နွဲ့ဆိုးဆိုးနေတဲ့ “ကျော်” က မောင့်ရဲ့တဦးတည်းသောတပ်သားပါမောင်…
မောင်စိတ်တိုအော်ငေါက်တိုင်း မိန်းကလေးတို့သဘာဝ “ကျော်”မျက်ရေကျတိုင်း မိန်းမတွေမျက်ရေကိုအမုန်းဆုံး ဆိုတဲ့ နင့်နင့်သည်းသည်း စကားမျိုး မောင်ဆိုတတ်ပါသေးတယ် ကဗျာရေးတိုင်းလဲ အပိုအလုပ်တွေတဲ့ ဆိုပြီး မင်းကဗျာဆက်ရေးရင်ငါ့ကိုဖြတ်လို့လည်း “ကျော့်”၀ါသနာကိုမောင်အထင်သေးရှုံ့ချတတ်ပါသေးတယ်…မောင့်စကားနားမထောင်တိုင်း မင်းလိုမိန်းမငါမုန်းတယ် ဆိုတဲ့ စကားကိုလဲ မောင်ရေလဲသုံးတတ်ပါသေးတယ်မောင်..တခုခုခိုင်းလို့ အချိုးမကျတိုင်း ဒါလေးတောင်မမလုပ်တတ်ဘူးလား မင်းမလုပ်နိုင်တာငါမခိုင်းပါဘူး ဆိုတဲ့စကား မောင့်လက်ကိုင်စကားပါမောင် မောင့်ကို အတ္တကြီးတယ်လို့စွပ်စွဲတိုင်းလဲ ငါ့အတ္တကမင်းဘဲလို့ မင်းကောင်းဖို့ငါပြောတာ အတ္တကြီးတယ်ဆိုလဲ မင်းသဘောလို့ ရက်ရက်စက်စက်မောင် ဥပေက္ခာပြုတတ်ပါသေးတယ်….
“ကျော်”စိတ်ဓာတ်ကျတိုင်း ကံဆိုတာလူလုပ်တာကွ ငါတို့ကံကြမ္မာငါတို့လက်ထဲမှာလို့ မောင်အားပေးခဲ့ဖူးတယ်မောင်….ကတိမတည်မှုတွေတခါတရံ ဖြစ်ပွားခဲ့ရင် လူဆိုတာကတိတည်ရတယ် ကိုယ်မလုပ်နိုင်တဲ့ကိစ္စကို ကတိမပေးရဘူး ဆိုတဲ့မောင့်လမ်းညွှန်စကားကြောင့်လဲ “ကျော်” အခုဆို ကတိတည်တဲ့ မိန်းကလေးတယောက် အဖြစ်လူရာဝင်နိုင်ခဲ့တယ်မောင် ကလေးဆန်တာကို အပစ်တင်ရှုံ့ချတတ်တဲ့ မောင့်ရဲ့အမူအကျင့်ကြောင့်လဲ လုပ်ငန်းခွင်မှာ “ကျော်” လူကြီးလုပ်နိုင်ခဲ့ပါတယ်မောင် မောင်က “ကျော့်”အတွက် ၀တ်တာစားတာသောက်တာ နေတာထိုင်တာကအစ အသေးစိတ်ပြုပြင်ဆုံးမပေးခဲ့သူပါ “ကျော်”ကမောင့်ရဲ့ အရိပ်တခုလိုပါဘဲမောင်….မောင်မျက်နှာမညိုအောင် မောင့်အလိုကျမောင့်ဘေးမှာ ခေါင်းညိတ်ခေါင်းခါနဲ့ မောင့်စိတ်တိုင်းကျဘဲ “ကျော်”အသက်ဆက်ခဲ့ရသူပါ….
“ကျော်” သိပ်ချစ်ရတဲ့မောင်က “ကျော့်” ကိုဘယ်အပေါင်းအသင်းနဲ့မှ စကားပြောတာမကြိုက်သလို သူကလွဲရင် ဘယ်ယောက်ျားလေးနဲ့မှ အရောမ၀င်ရဆိုတဲ့အမိန့်ထုတ်ထားသူလဲဖြစ်နေပါသေးတယ်နော်.. မောင့်အတ္တတွေကို အရောင်တင်ရင်း မောင့်ဘေးမှာခေါင်းညှိတ်ခေါင်းခါကလွဲရင်မတတ်တဲ့ “ကျော့်”ကို အတယ် လို့များ လူတကာအပစ်တင်ကြမယ်ထင်ပါရဲ့နော်… “ကျော့်”ရဲ့ လက်ကိုင်စကားက အလို့ချစ်တာမဟုတ်ဘူး ချစ်လို့ အ ပေးထားတယ်ဆိုတာ မောင်သိသင့်တယ်နော်လို့ “ကျော်”ပြောတိုင်း အပိုတွေတဲ့….မောင်က “ကျော့်”ရဲ့ ချစ်ခြင်းမေတ္တာကိုလစ်လျူရှု ဥပေက္ခာတွေလဲ ချချကျွေးတတ်ပါသေးတယ်မောင်…. “ကျော့်”မှာသာ မောင်ပေးတဲ့ဥပေက္ခာတွေစားသုံးရင်း မောင်မသိအောင်တိတ်တိတ်ပုန်းငိုခဲ့ရတာ…..
ဒါပေမဲ့မောင်…မောင်ပေးသမျှကို အကောင်း အဆိုးမခွဲခြားဘဲ “ကျော့်” အတွက်လက်ဆောင်လို့ဘဲ ထင်မှတ်ခဲ့မိပါရဲ့မောင်…မောင့်ကြောင့်သာ “ကျော့်” ဘ၀ အဓိပ္ပါယ်ပြည့်ဝခဲ့တာ မောင့်ကြောင့်သာ “ကျော့်” အနာဂါတ်တွေမျှော်လင့်ချက်ပြည့်ခဲ့ရတာ မောင့်ကြောင့်သာ “ကျော့်” ရည်မှန်းချက်တွေအရာထင်ခဲ့တာ မောင်က “ကျော့်”အတွက်တော့ ဒုတိယဘုရားသခင်ပါဘဲမောင်
မောင့်ကို ချစ်တဲ့ “ကျော်”က ချစ်စကားတွေ တဖွဖွသီကျူးရင်း မောင့် အနားမှာ တီတီတာတာပြောနေမိပေမဲ့ “ကျော်” ချစ်တဲ့မောင်ကတော့ မင်းကောင်းရင်ငါမဆိုးဘူး မင်းချစ်နေသမျှငါချစ်နေမယ် ဆိုတဲ့ တလုံးကလွဲ ရင် အချစ်ဆိုတာသူနဲ့မဆိုင်သလိုပါဘဲလေ… မောင်က“ကျော့်”ရဲ့ အသက်ရှူနေရခြင်းအကြောင်းတရားတခုလဲဖြစ်နေပါသေးတယ်ဆိုတာကိုလဲ ယုံကြည်ပေးပါမောင်.. မောင်သာဘ၀ မောင်သာအသက်ဆိုတာကလဲ ပုံပြင်တပုဒ်မဟုတ်ရပါဘူးမောင်ရယ်…
စံချိန်မီတဲ့ “ကျော့်” ချစ်ခြင်းတွေကြောင့် မောင့်ရဲ့နေ့တွေ “ကျော်” နဲ့ အနေဝေးပေမဲ့ အလွမ်း ကင်းဝေးပါစေလို့သာ ဆုတောင်းမိပါရဲ့…မောင့်အပေါ်ထားတဲ့ “ကျော့်” မေတ္တာဖြင့် မောင့်ရဲ့နေ့ရက်တို့ သာယာ ချမ်းမြေ့ပါစေမောင်……..
အတိတ်ဆိုတာ အရိပ်မဟုတ်ရပါဘူးမောင်
လိုရင်ယူသုံး မလိုရင်လွှင့်ပစ်ရအောင်လဲ
ကျော် အသက်မဲ့ အရုပ်တရုပ်မဟုတ်ဘူးလေ…
မောင်ထားရာနေ မောင်စေရာသွားရင်း
ရင်းခဲ့တဲ့ ကျော့်မာနတွေအတွက်
မောင့်ဘက်ကပေးဆပ်ခြင်း
ဥပေက္ခာဖြစ်ခဲ့တောင်
ကျော် အပြုံးပျက်ခဲ့ဖူးသလားမောင်
မောင့်အတွက်လို့ရည်စူး
အနာဂါတ်အိပ်မက်တွေအတွက်ရူးခဲ့ရသူပါမောင်
နှလုံးသားတခုလုံးနဲ့ရင်းလို့
အသက်ပေးလို့သစ္စာဆိုရဲတယ်
ဒီဘ၀မှာ ဒီလူသားက
မောင့်တယောက်ကိုသာ
အချစ်ဆုံးပါမောင်…….
……………………..လိပ်ပြာ(6.4.11)(9း00PM)
Wednesday, 11 May 2011
နေညိုညိုဆို ကဝေပျိုကို လွမ်းခဲ့ဖူးသလား....ကိုနေချို
သို့...
ကိုနေချို....
မာယာအသိန်းအပလိန်းအနန္တနဲ့ ကိုနေချို့ ဘ၀ကို ကျော်လိုရာကစားခဲ့ဖူးလို့လား?
လိုရာဖြည့်ဆည်းပေးပြီး..ထားခဲ့တဲ့စေတနာတွေက ဝေဒနာဖြစ်ခဲ့ရဖူးတယ်။
စေတနာစေတနာပါလို့ကိုနေချိုတဖွဖွပြောနေပေမဲ့ ကျော်မြင်ခဲ့တာတော့ မရေမရာတွေပါကိုနေချို။
အသည်းကိုသုံးပိုင်းပိုင်းလို့ သုံးယောက်ဝေနေတဲ့ ကိုနေချို့နှလုံးသားမှာ ကျော့်အတွက် အချစ်တွေတကယ်ရှိပါတယ်လို့ ကျမ်းကျိမ်ပြမလို့လားကိုနေချို။
မာယာတွေမှန်းသိရက်နဲ့ ကျော် ကိုနေချိုပြောတဲ့ မာယာတောမှာ အကြိမ်ကြိမ်မြောခဲ့ဖူးတယ်။
မာနတရားတခုလဲ အသားလွတ်အစော်ကားခံဘူးတယ်။
ကျော်ကကိုနေချို့အတွက် အချစ်ဦးမဟုတ်သလို အချစ်ဆုံးလဲမဟုတ်ပြန်ဘူး။
မေတ္တာထားပါတယ် သစ္စာတရားပါဆိုရုံနဲ့ ကိုနေချိုပြောသမျှ ကျော်ယုံမှတ်ရမှာလားကိုနေချို။
နင်လိုရာသုံးပါ...နင်ကငါ့ဘ၀ပါဆိုတဲ့ စကား ကိုနေချိုပြောတာ ၁၅၀၀ မြောက်ဖြစ်မယ်ထင်ရဲ့။
မယုံကြည်ခြင်းလို့ခေါင်းစဉ်တပ်မှတော့ ကျော်ပြောသမျှကိုလဲ သံသယ၀င်လောက်ရောပေါ့။
ကြင်နာပါတယ် တွယ်တာပါတယ်ဆိုရုံနဲ့ အချစ်ဆိုတာက မမြင်နိုင်ဘူး။
အချစ်ပေးမှအချစ်ပြန်ရမှာပေါ့ကိုနေချို။
ကိုယ်ကိုတိုင်ကိုက ပေးဖို့နောက်တွန့်နေမှတော့ သူတပါးဆီက မျှော်လင့်နေလို့မရနိုင်ဘူးလေ။
သက်ရောက်မှုရှိမှ တန်ပြန်သက်ရောက်မှုရှိတာလေ။
မညီမျှခြင်းလို့ စာတန်းထိုးမှတော့equal to ထိုးရုံနဲ့တော့ ညီမျှခြင်းမဖြစ်ဘူးလေ။
ကတိပေးရုံနဲ့လဲ သစ္စာတရားလို့မမြည်ဘူးလေ။
နားလည်မှုမရှိလို့ဝေးသွားတာပါ။
သံသယပေါလို့ ဒီဇာတ်မြောကရခက်တာပါ။
ဘယ်သူ့ဘယ်သူမှအပစ်မတင်ကြေးနော်။
နေညိုညိုဆိုကဝေပျိုကတော့ကိုနေချိုကို လွမ်းခဲ့ဖူးတယ်လေ။.....
ကိုနေချိုကရော....ကဝေပျိုကို.....လွမ်းခဲ့ဖူးသလား.....
................................လိပ်ပြာ
Wednesday, 4 May 2011
နောက်ဆုံး.....လမ်းခွဲ
နောက်ဆုံး…လမ်းခွဲ….
“မင်းနိုင်ငံခြားပြန်သွားပါ အချစ်”
သူ့ပုခုံးခေါ်က မှီနေတဲ့ ကျော့်ရဲ့ခေါင်း ဆတ်ခနဲထောင်သွားတယ်။ ဆို့နင့်ဝမ်းနည်းလာတဲ့ ဒီဝမ်းနည်းမှုကို အသာအယာသိမ်းလို့ မပီပြင်တဲ့ အပြုံးတခုကိုဖန်ဆင်းရင်း ကျော်မေးလိုက်တယ်။
“ဘာဖြစ်လို့လဲမောင်” “မင်း မင်းအဖေကို အကြွေးတွေဆပ်စရာရှိသေးတယ်ဆို” “ဟုတ်တော့ဟုတ်တယ် ဒါပေမဲ့” “အကြွေးတွေဆပ်ပြိး မင်းဘ၀တိုးတက်အောင်လုပ် ပြီးရင် singaporeမှာ PRတယောက်ဖြစ်အောင် ကြိုးစား အစစအရာရာ အဆင်ပြေပြီဆိုရင် ငါတပ်ကထွက်ပြီးမင်းနောက်လိုက်ခဲ့မယ်”
မဖြစ်နိုင်လိုက်တာ ဆိုတဲ့အပြောကိုကျော်မပြောလိုတော့ဘူးမောင်။ ဦးနှောက်က မောင်ကိုယ့်ကိုအလိုမရှိတော့ဘူးဆိုတာ ပြဆိုနေပေမဲ့ နှလုံးသားက မောင်စိတ်ချမ်းသာပါစေလေတဲ့ ။ ကျချင်နေတဲ့ မျက်ရေကို မောင်မမြင်အောင် တခုတည်းသောသိမ်းဆည်းနည်းက မောင့်ခါးကိုတင်းတင်းဖက် မောင့်အင်္ကျီရင်ဘတ်နဲ့ ကျော့်မျက်ရေ တသားတည်ကျ ပျောက်ဆုံးသွားဖို့ဘဲလေ..လုပ်ရက်လိုက်တာလို့ ကျော်မပြောရက်ခဲ့ဘူး။ ဆိုနင့်လာတဲ့ ခံစားချက်ကိုအသာအယာထိန်း ဝေဒနာကိုဖြေသာစေဖို့ လဲမကြိုးစားချင်တော့ပေမဲ့ မောင်ဝမ်းနည်းမှာစိုးလို့ ဟန်ဆောင်ပြုံးခဲ့တာလဲ ပီမှပီပြင်ပါစလေ ။
“ငါသွားရင် မင်းနဲ့ဝေးသွားမှာပေါ့ ဟန်နီ” “ငါတပ်ထဲမှာမနေချင်တော့ဘူး အချစ်”
ချစ်သူက ရှေ့ကိုဆို ကျော်နောက်ကိုယောင်လို့တောင်လှည့်မကြည့်ဖူးဘူး။ ချစ်သူက သေဆို ကျော့်အသက်ရှူမှုကို ရပ်ဆိုင်းပေးဖို့ဝန်မလေးဘူး ။ ချစ်သူစေလိုရာစေနေဆိုတဲ့နေရာကနေခဲ့သူပါ။ ချစ်သူသွားလိုရာအတွက် ကျော့်ဘ၀ကိုသဲကြိုးတပ် ချစ်သူရယ် ကမ္ဘာပတ်ဦးမလား။ ဘ၀တခုလုံး စုတ်ပြတ်သတ်သွားတယ်ဆိုရင်တောင် ကျော် ပြုံးနေမဲ့သူပါ။ ချစ်သူကကျော့်ဘ၀လေ..ချစ်သူက ကျော့်အသက်လေ..
ချစ်သူကနိုင်ငံခြားက ပြန်လာပါဆိုတော့ ကျော်ဟင်အင်းလို့မငြင်း မောင့်သဘောလို့သာဆိုခဲ့ဖူးတာ။ခုရော မောင်ကပြန်ပါဆိုတော့လဲ မောင့်သဘောပေါ့မောင်ရယ် ကျော့်မှာ ပြန်ပြောစရာစကားမှမ၇ှိတာ
ကျော့်ခံစားချက်ကိုသိတဲ့ မိတ္ထီလာကန်ကြီးက ဆိတ်ဆိတ်ငြိမ်လို့ ကျော့်လိုဘဲဝမ်းနည်းရင်း ကျော်ရယ် နင်အလှချည်လားတဲ့ ။
အတ္တကြီးလွန်းတဲ့ ချစ်သူကို နောက်ဆုံးအနေနဲ့ ပြုံးပြီး ငေးကြည့်နေမိတယ်။ တင်းတင်းရင်းရင်းစုပိတ်ထားတဲ့ နှုတ်ခမ်းလေးက ကျော်သိပ်မက်မောတဲ့ အနမ်းတွေကိုခြွေနိုင်သလို ကျော့်အသက်ကို ချွေမဲ့ စကားတွေကိုလဲ မောင်ပြောနိုင်တယ်လေ။ ထိဆက်လုနိးနီးမျက်ခုံးနက်နှစ်ခုကိုလဲ တွန့်ချိုးထားလိုက်တာ မောင်တကယ်ပြတ်သားတော့မယ်လို့ သန္နိဌာန်ချထားသလို။
“မောင်…ချစ်ကို အာဘွားပေး” “အင်း”
ဟိုးအရင်ကအတိုင်းဘဲ ခပ်ဖွဖွလေးနမ်းတတ်တဲ့ မောင့်အနမ်းတွေက ကျော့်နဖူးဆီသို့ မောင့်အနမ်းတွေမပြောင်းလဲသလို မောင့်စိတ်တွေလဲ မပြောင်းလဲပါစေနဲ့ ဒါပေမဲ့ မောင် မရေရာဘူး ဒါ စိတ်ကူးယဉ်မျှော်လင့်ချက်တခုသာသာပါဘဲလေ…
ဝေးသွားကြတော့မဲ့သူတွေဘဲ ဘာလိုအပ်ဦးမှာလဲတွေးမိပေမဲ့ ချစ်သူဆီက အမှတ်တရတွေအများကြီးယူသွားချင်တယ် ဒါမှဘဲ ကိုယ်ထုတ်ထုတ်လွမ်းနေလို့ရမှာ။ ကိုယ့်နှလုံးသားကျကွဲသံကလဲ ကျယ်လောင်လွန်းနေပေမဲ့ သက်ဆိုင်သူကမသိဘူး။ကိုယ်မောင့်စကားတွေကို ယုံကြည်ပေးခဲ့တယ် မောင်ပြောတိုင်း ယုံတတ်တဲ့ ယုန်သူငယ်လေးလို…..
“ပြန်တော့မယ်မောင် တပတ်အတွင်း ကိုယ်နိုင်ငံခြားပြန်သွားဖြစ်မယ်ထင်တယ်” “အင်း”
ပြတ်သားလှချည်လားလို့ မပြောတော့ပါဘူးမောင်။ နောက်လှည့်မကြည့်တော့ဘူးလို့ဆုံးဖြတ်ထားပေမဲ့ သံယောဇဉ်မပြတ်ဘူး နောက်ဆုံးအနေနဲ့ဘဲဖြစ်ဖြစ် မောင့်ကိုငေးကြည့်နေချင်နေသေးတယ်။
“ချစ် ခန” “အင်း ပြော မောင်” “ ပန်းသီး မင်းစားဖို့ဝယ်လာတာ ကျွေးမလို့မေ့သွားလို့”
အာဒံရယ် နင်ကျွေးခဲ့တဲ့ ပန်းသီးက ဧ၀အတွက်ကျိန်စာတွေဖြစ်ခဲ့သလိုဘဲ မောင်နောက်ဆုံးကျွေးတဲ့ ပန်းသီးနှစ်လုံးက ကျော့်အတွက် တသက်လုံးသင့်နေမဲ့ကျိန်စာတွေဆိုတာ မောင်မတွေးခဲ့ဖူးလားကွာ…မောင်ကျွေးတဲ့ပန်းသီးနှစ်လုံးက ဘ၀မှာနောက်ဆုံးစားခဲ့တဲ့ ပန်းသီးဘဲ။ နောက်ထပ်ပန်းသီးလုံးဝမစားတော့ဘူး။
ဒီလိုနဲ့……………………………..
ကိုယ်အိမ်ပြန်ရောက်တော့ လက်ထဲက handphoneလေး ထမြည်လာသည်။
“ဟဲလို အမိန့်ရှိပါရှင်” “အချစ် မောင် မောင်ပြောတဲ့ စကားကိုနားထောင်နော် တခွန်းမှပြန်မပြောနဲ့” “ဟုတ်” “မောင် မင်းကိုအရမ်းချစ်တယ် မင်းရဲ့အနားမှာ ထာဝရနေပေးမယ် မင်းစိတ်ညစ်အားငယ်တိုင်း မောင်အနားမှာ မောင်ရှိတယ် မင်း အကယ်၍ မောင့်ကိုမချစ်တော့ဖူးဆိုရင် မောင်ခွင့်လွှတ်တယ် မောင်မင်းမဟုတ်တဲ့ တခြားမိန်းမတယောက်ကို အကြောင်းကြောင်းကြောင့်လက်ထပ်ခဲ့မယ်ဆိုလဲ မင်းခွင့်လွှတ်ပေးပါ ဒါပေမဲ့ မောင် မင်းမျှော်လင့်ချက် ပျက်အောင် ဘယ်သောအခါမှမလုပ်ဘူး မောင့်ဘ၀အတွက် မင်းလိုအပ်တယ် မင်းဘ၀အတွက်လဲမောင်ရပ်တည်ပေးမယ် မောင်တို့ရဲ့ကံကြမ္မာကို မောင်တို့ကိယ်တိုင်ရေးနိုင်တယ်ဆိုတာကိုယုံ.. မောင်နောက်ကို ဒီစကားမျိုးဘယ်တော့မှပြောမှာမဟုတ်တော့ဘူး တခါတည်းမှတ်ထားနော်..ဒါဘဲအချစ် အရမ်းချစ်တယ်..”
နောက်ဆုံးမှာတမ်းလားမောင် ပြောချင်ရာပြောပြိးမင်းဖုန်းချသွားခဲ့တယ်။ နားလည်ရလဲခက်ခဲခဲ့တယ် ဝေးဖို့အမိန့်က သေဒါဏ်မှန်းသိရက်နဲ့ မောင်အမိန့်ချတယ် ပြီးတော့ မောင်ပျားရည်နဲ့ ၀မ်းချ အချိုလေးတွေကျွေးပြန်ရော…မောင်ကိုယ်တိုင်လဲဝေးရဲသလိုမဝေးရဲသလိုလိုနဲ့ …..
တကယ်နားမလည်မဖမ်းဆုပ်နိုင်တော့တဲ့ ချစ်သူရဲ့စိတ်တွေကို လွှတ်ပေးလိုက်တယ်။ ချစ်သူပျော်ပါစေလေ။ ဒိလိုနဲ့ မြန်မာနိုင်ငံရယ် သိပ်ချစ်ရတဲ့ချစ်သူရယ်ကိုချန်ခဲ့ပြီး အားလုံးရဲ့အဝေးမှာ အထီးကျန်ကြေကွဲစွာနဲ့ ကျော်တယောက် မောင့်ကိုလွမ်းနေတယ်ဆိုတာ မောင်သိနိုင်ရင်လေ….သိပ်ကောင်းမှာပါဘဲဗျာ….
အချစ်ဆိုတာ ဘယ်ဘက်ပါးနမ်းပြီးညာဘက်ပါးဖြတ်ရိုက်တာတဲ့ သူငယ်ချင်းတယောက်ကပြောတယ် ကျော့်အတွက်တော့ အချစ်ဆိုတာ မုန့်ကျွေးပြိးရင်ဝဖနောင့်နဲ့ ဆောင့်ကန်ခံလိုက်ရလို့ ပိုးလိုးပတ်လက်လန် ရုပ်ဆင်းပျက်ဆင်းနဲ့ နာကျင်ဒါဏ်ရာရသွားတော့ နာသွားလားဆိုပြီးဆေးထည့် ပတ်တီးစီးပေးပြီးမှ ရင်ဝဓားနဲ့ထိုးသွားတာ အချစ်လို့ထင်မိပါရဲ့ဗျာ…………………………
…………………..လိပ်ပြာ(4.5.11)(12း00AM)
Sunday, 3 April 2011
ရင်ကွဲအလွမ်းအကြောင်း.......
သတိရတိုင်းနင့်နေအောင်နာတယ်....အချစ်ရယ်
ဒီရင်ဘတ်တစုံရဲ့လိုအပ်ချက်ကို..နင်အသိအမှတ်မပြုလို့လေ..
နင်နဲ့ငါ့ရဲ့ဇာတ်လမ်း..ပြီးဆုံးသင့်မှန်းငါနားလည်ပါတယ်...
အရာရာပေးဆပ်ရင်း..ကွဲအက်ကြေမွသွားရတဲ့ငါ့နှလုံးသားကို
နင်..အပြင်းပြေသဘောနဲ့ဘဲဖြစ်ဖြစ်တခါလောက်တော့
လှည့်ကြည့်ပေးသင့်တာပေါ့....
တွေးမိတိုင်း...တဆစ်ဆစ်နာနေတဲ့ ဒီအနာအတွက်
ဖြေသိမ့်စရာဆေးလဲမရှိတော့ဘူး....
ငါတစစီကြေကွဲနေပါတယ်....
နင်မြင်နိုင်မှာမဟုတ်မှန်းလဲငါသိပါရဲ့ဟာ..
ဒါပေမဲ့ငါ့အတွက်.....
တဖြည်းဖြည်းနင့်လာတဲ့ဝန်ထုတ်ဝန်ပိုးတွေကိုနင်စာနာကြည့်စေချင်တယ်
ဒါပေမဲ့အချစ်ရာ....
နင်ငါ့အတွက်စာနာပေးမှာမှမဟုတ်တာ....
နင့်လောက်ပြတ်သားမာကျောတာနင်ဘဲရှိတယ်....
ငါနင့်ကိုသိပ်ချစ်တယ်.....
နင်ကတော့.......နင့်ကိုနင်သိပ်ချစ်တဲ့သူလေ......
..................................................လိပ်ပြာ