ဝေးသူ့အလွမ်းအကြောင်း
မောင်.......
ရွက်ကြွေတွေနဲ့ခုဆိုနွေကခြောက်သွေ့လွန်းနေတယ်မောင်...
မောင်မသိဘဲ စီးဆင်းခဲ့ရတဲ့အလွမ်းတွေက ခုဆိုမြစ်ကြီးတစင်းစာလောက်မကတော့ဘူးမောင်
မောင်နဲ့တခါမှအတူမကြုံဖူးခဲ့တဲ့သင်္ကြန်ရက်တွေကိုလဲ ခြောက်သွေ့တဲ့ဒီအထီးကျန်ရင်ခွင်က
မျှော်လင့်ခြင်းကင်းစွာဘဲကြိုဆိုနေမိပါရဲ့မောင်
ပျော်ရွှင်စရာကောင်းတဲ့မောင့်ရင်ခွင်မှာ လိပ်ပြာခဏတော့ကောင်းကောင်းနားခိုခဲ့ဖူးပါတယ်
ဧည့်သည်ဘဲမဟုတ်လားမောင်
အချိန်တန်တော့အိမ်ပြန်ဖို့မောင်နှင်ခဲ့တာဘဲ.....
ရက်စက်လိုက်တာလို့မပြောလိုတော့ဘူး
မောင့်မှာလဲအကြောင်းပြချက်ရှိမှာပေါ့
ခက်တာကအမှတ်မရှိတဲ့ဒီရင်ကဘဲမောင်ပြောခဲ့သမျှစကားတွေ
မောင်ပေးခဲ့တဲ့အကြင်နာတွေ မောင့်ဂရုစိုက်မှုတွေကို အကြောင်း
တသသလွမ်းရင်းမမေ့နိုင်တဲ့ဒီရင်ကဘဲအနာဖြစ်နေရတာပါ
မနက်တိုင်းမောင်အိပ်ရာနှိုးမှထတတ်တဲ့ဒိကောင်မလေးရဲ့မနက်တွေ
ကြောင်တောင်တောင်နဲ့အဓိပ္ပါယ်မဲ့နေခဲ့တာမောင်နားလည်ပါ့မလား
မောင့်အပြုံးတွေကိုစွဲလန်းရင်းမောင်အပြောတွေအားလုံးကိုအမိန့်တခုလိုဒီကောင်မလေးနာခံခဲ့ဖူးတယ်
မောင်ကကိုယ့်ရဲ့တခုတည်းသောပိုင်ဆိုင်မှုဆိုတာသိရက်နဲ့မောင်လစ်လျူရှုရက်တာလို့တွေးတိုင်း
မောင့်ကိုစိတ်နာချင်မိပါရဲ့
ဒါပေမဲ့မောင်......
အမှတ်မရှိတဲ့နှလုံးသားက မောင့်ဥပေက္ခာတွေရတိုင်း မောင့်အပေါ်ဖြည့်တွေး ပေးနေတတ်ခဲ့တာ
ကိုယ်ရူးနေတာလို့ မောင်ပြောပါဦး မောင်
ချစ်တတ်တဲ့ကိုယ့်နှလုံးသားကို မောင်အဆိတ်ခပ်ရက်ပေမဲ့ မနာကျည်းတတ်တဲ့ကိုယ့်ရဲ့အားနည်းချက်ကိုဘဲ
အပစ်တင်ရင်း မောင်ထားခဲ့တဲ့တနေရာကဘဲ မောင့်ပြန်အလာကို စောင့်နေမဲ့ ဒီကောင်မလေးရှိနေတာ
မောင်သတိရပေးပါဟာ.....
...........................................................................................လိပ်ပြာ(20.3.11)(10း02AM)
No comments:
Post a Comment