Tuesday, 17 May 2011

မလွမ်းချင်ဘူးဒီဇင်ဘာ....

အခန်း(၁)

Good evening ladys and gentlemen, Our aircraft is bording to Yangon International airport. The local time is sixth thirty PM. Have a nice day all of the passenger.


Airasiaလေယာဉ်မှ လေယာဉ်မယ်ဧ။်ကြော်ညာသံကြောင့် အမိမြေပေါ်ငါပြန်ရောက်နေပြီ ဆိုတဲ့ ပျော်ရွှင်တက်ကြွနေတဲ့ အသိနဲ့ အတူ handcarryသယ်လာတဲ့အထုပ်ကို ကျော်ဆွဲထုတ်လိုက်မိသည်… မကြာမိမှာဘဲ Airasiaလေယာဉ်ကြီးလဲ ရန်ကုန်လေဆိပ်ပေါ်ခြေချခဲ့လေပြီ… Handcarryသယ်ဆောင်လာတဲ့ အထုပ်ကိုဆွဲပြီး တက်ကြွတဲ့ခြေလှမ်းများနှင့် လေဆိပ်မှ Imigrationကောင်တာဆီသို့ အပြေးလှမ်းခဲ့မိသည်…. Imigrationကောင်တာမှ စစ်ဆေးခံပြီး Lagguageရွေးကာ အမြန်ဘဲ လေဆိပ်အပြင်သို့ ထွက်လာမိသည်… မောင်စောင့်နေမည့်နေရာဆီသို့…..
လာကြိုသည့်လူများကြားထဲ မောင်တယောက်ဘယ်ရောက်နေလဲဆိုတဲ့အသိနှင့် မျက်စိဝေ့ကာရှာမိသည်… ဟော..တွေ့ပါပြီ…အကျီင်္အဖြူကျားလေးနှင့်…အရပ်ခပ်ရှည်ရှည် ကောင်လေးတယောက်..
မောင့်အရပ်က ၅ပေ၉လက်မမို့ လူကြားထဲကြာကြာတောင်ရှာစရာမလိုပါ
ကျော်ချစ်တဲ့မောင်က ကျော့်ကိုအပြေးတပိုင်းလာကြိုရင်း ကျော့်လက်ထဲမှlaggaugeကို ကူဆွဲရင်း စကားလှမ်းပြောသည်…

“မျှော်လိုက်ရတာချစ်ရယ်..မောင်လည်ပင်းတောင်ရှည်နေပြီ..” “အာ မောင်ကလဲ လေယာဉ်ကဒီအချိန်ဆိုက်မယ်ဆိုတာ ကြိုပြောပြီးသားလေ..” “မောင်ကတွေ့ချင်လှပြီ ချစ်ရဲ့..မောင်ကမြန်မာပြည်ပြန်ရောက်ကတည်းက ချစ်ကိုလွမ်းနေရတာ” “အော် ပြောတော့မယ် သူပြန်ရောက်တာဖြင့် တရက်တောင်မပြည့်သေးဘဲနဲ့..”

မောင်က ကျော်နှင့်ရှေ့ဆင့်နောက်ဆင့် ပြန်ရောက်တာပင်… မောင်ရောကျော်ရော Overseaမှာပညာသင်ခဲ့ကြသည်…
သို့ပေမဲ့ နိုင်ငံကွဲကာ ဝေးနေကြသည်မှာ၃နှစ်ကျော်၎နှစ်နီးနီးပင်ရှိကြမည်။
မောင်က စစ်ဗိုလ်မို့ ရုရှားသို့ပညာတော်သင်သွားကာ ကျော်ကတော့ စင်္ကာပူသို့ကိုယ့်စားရိတ်နဲ့ကိုယ် ကျောင်းဆက်တက်ခဲ့သည်။ ကျော်မှမောင့်လောက်ဟိုးအရင်ကတည်းကမတော်ခဲ့တာဘဲလေ..

ဟိုတွေးဒီတွေးအတွေးတွေတွေးနေပါလားလို့ သတိရမိလို့ ပတ်ဝန်းကျင်ကိုကြည့်တော့ မောင် ကားငှားနေလေပြီ…နောက်ကျနေသောခြေထောက်ကို ခပ်သွက်သွက်လှမ်းကာ သူ့နောက်အပြေးလိုက်ရသည်.. သူကားငှားနေသောဘေးနားသို့သွားရပ်ကာ ဘယ်ကိုငှားနေလဲလို့ နားထောင်ကြည့်တော့ ကိုယ့်အိမ်ရှိရာမြောက်ဒဂုံသို့…ကားငှားကာကားပေါ်ရောက်တော့မှ မောင်ကစကားစသည်..

“ချစ်..” “အင်းပြော” “မောင့်ကိုမလွမ်းဘူးလား” “ဟင်အင်း မလွမ်းပါဘူး မတွေ့ရတာဖြင့်တရက်ဘဲရှိသေးတာကို” “ချစ်နော် မောင်အသည်းယားအောင်မလုပ်နဲ့” “အဟိ အတည်ပြောတာ နေ့တိုင်းအွန်လိုင်းပေါ်မှာတွေ့နေတာဘဲ ညတိုင်းလဲစကားပြောတယ် ချစ်နဲ့မောင်မတွေ့ရတာမောင်လေယာဉ်စီးနေတဲ့အချိန်ဘဲရှိတာကို” “မောင်ကတော့ ချစ်နဲ့မတွေ့ရရင် တစက္ကန့်လေးဘဲဖြစ်ဖြစ်လွမ်းတယ်” “အဲ ပိုတော့မယ် သူကတော့လေ..” “ချစ် မောင်တို့အမြန်လက်ထပ်ရအောင်နော်” “အင်းစဉ်းစားဦးမယ် မောင်ရဲ့ နှစ်ဖက်မိဘကလဲသဘောတူတာ မဟုတ်တော့ ချစ်တို့ရင်ဆိုင်ရမှာက များမယ်လေ.. ခုတောင်ဖေကြီးက ချစ်ကို ပိုက်ဆံတပြားမှပေးလိုက်တာမဟုတ်ဘူး စိတ်ဆိုးနေလို့ မောင်ရန်ကုန်က ပြန်သွားပြီဆိုတာနဲ့ ချစ်လဲအလုပ်၇ှာရမှာ” “အင်း မောင်တာဝန်ကျတဲ့မိတ္ထီလာနဲ့နီးတဲ့ နေရာမှာရှာနော် ချစ် ဒါမှခဏခဏတွေ့ရမှာဗျ” “ဒါမှမဟုတ်ရင်ဝေးနေကြမှာ” “အင်းပါမောင်ရယ်..ချစ်လဲ ကြိုးစားပါ့မယ်”

မောင်ကလေတပ်မို့ မိတ္ထီလာမှာ သင်တန်းဆက်တက်ရမည်။ မောင်လက်ထပ်ချင်တယ်လို့သာ တဖွဖွပြောနေပေမဲ့ နှစ်ဖက်မိဘကမကြည်ဖြူသည့် ကျော်တို့ေ၇ှ့ရေးအတွက် ရင်လေးသည်။ ကျော်နိုင်ငံခြားကသာ ကျောင်းပြီးထားပေမဲ့ အလုပ်ရလျှင်လဲ လခမှာ ၁သိန်းခွဲထက်ပိုမည်မဟုတ်ပေ။ မောင့်လခကလဲ သလ၁သိန်းဂသောင်းနှင့် နှစ်ယောက်ပေါင်း၃သိန်းကျော်သည်ဆိုရုံလေး။ ပြီးတော့ မိတ္ထီလာလို တောမြို့လေးမှာ ကျော်ယူလာသည့်Hotel managementဘွဲ့နှင့် ကိုက်ညီသည့် နေရာမရှိ။ အနီးဆုံး နေပြည်တော်မှာဆိုလျှင် နှစ်ယောက်သား လက်ထပ်ပြီးတယောက်တနေရာဆီနေရမည်။ ဝေးနေရမည့်တူတူ ကျော်ကတော့နိုင်ငံခြားသို့သာပြန်ချင်သည်။ မောင်ကတော့ ဘယ်လိုတွေးမည်မသိသေးပါ။ ကျော်လဲ မောင့်ပခုံးပေါ်မှီရင်း ဟိုတွေးသည်တွေးနဲ့မို့ မောင်နှင့်ပြောလက်စ စကားပျက်သွားရသည်။ သတိရ၍ ကြည့်လိုက်တော့ ကျော့်အိမ်ေ၇ှ့ေ၇ာက်နေပြီ။ ရန်ကုန်သားမဟုတ်သည့်မောင် ဘယ်မှာတည်းလဲလို့ တွေးစရာမလိုပါ ။ ကျော့်အိမ်မှာသာနေလိမ့်မည်။ အိမ်မှာ မောင်လေးနှင့်ကျော် ၂ယောက်တည်းသာနေသည်။ ဖေကြီးကလဲ နိုင်ငံခြားမှာသာနေသည်။ ထို့ကြောင့်ဘဲ ကျော့်အိမ်ကမောင့်အတွက်တော့ သူနေထိုင်ရာသူ့အိမ်သူ့ရာနှင့်မခြားပေ။

“အိမ်ရောက်ပြီ ချစ် ဆင်းတော့” “အင်း ရန်ကုန်က ဘာမှပြောင်းလဲမသွားဘူးနော်မောင်” “အင်း ဟုတ်တယ်နော် အချစ် မနက်မိုးလင်းစောစော မောင်တို့ ရွှေတိဂုံသွားဖူးကြမယ်နော်” “ဟုတ် မောင့်သဘော”
ဟုပြောရင်း ချစ်သူနှစ်ဦး ကျော်တို့မောင်နှမစံမြန်းရာငါးလွှာ အပေါ်ဆုံးထပ်သို့ထက်ခဲ့ကြသည်။

အပေါ်ရောက်တော့ အငယ်ကဆီးကြိုရင်း
“ဟောအကိုပြန်လာပြီလား” “အင်း ညီ..ရောက်ပြီ..”

အငယ်နှင့်မောင်ကတယောက်နှင့်တယောက် သိပ်တည့်ကြသည်။ ကျော်နှင့်သာ မောင်ရန်ဖြစ်ရင်ရန်ဖြစ်မည် အငယ်နှင့်ကတော့ သိပ်ချစ်ကြသည်။ အငယ်ကလဲ ကျော့်ကိုသာမကောင်းပြောလျှင်ပြောမည် သူ့ယောက်ဖအားသိပ်ချစ်သည်။

“ညီတွေ အကိုတွေ နောက်မှလုပ် ငါတို့ဆီကပစ္စည်းတွေ ကူသယ်ဦး” “နင်ကမရောက်သေးဘူး စွာကျယ်စွာကျယ်နဲ့” “ဟော ပြောရင်းဆိုရင်း ဒီမောင်နှမ ရန်ဖြစ်တော့မယ် တော်တော့ ညီ့အတွက် ကိုယ်လက်ဆောင်တွေ ၀ယ်လာတာ မပေးရသေးဘူး ကိုယ်လဲ မင်းအမကိုတွေ့ချင်ဇောနဲ့ အစောကြီးထွက်သွားမိလို့” “ရပါတယ်အကိုရ ကျော် နင့်ကိုငါလာကြိုမလို့ဘဲ မနက်က အကို့ကိုကြိုပြီး ငါသင်တန်းအရေးကြီးလို့ နင့်ကိုလာမကြိုနိုင်တာ ဒါကြောင့်အကို့တယောက်ထဲလွှတ်လိုက်တာ” “ရပါတယ်ဟ” “အကိုကမနက်၁၀နာရိလောက်ကပြန်ရောက်တာ ပြီးပြီးချင်း ဘုရင့်နောင်စစ်ကြောရေးရုံးသွားရတယ်ဟ အခုထိ သူမနားရသေးဘူး နင်လုံးဝမမိုက်ဘူး နင်တရက်စောပြန်လာရင်ဘာဖြစ်မှာမို့လဲ” “အငယ် မင်းယောက်ဖဘက်ကနာမနေနဲ့ ငါကမင်းအမအရင်းနော်…လေယာဉ်လက်မှတ်မရလို့ပေါ့ ရရင် ငါ့ရည်းစား ငါကိုယ်တိုင်ကြိုချင်တာပေါ့ဟ…” “အေးပါ နင်ပြောသမျှပေါ့” “ဟော ရန်ဖြစ်မနေကြနဲ့ မင်းတို့တွေက ခုထိမတည့်ကြသေးဘူး အေးအေးဆေးဆေးရေလေးဘာလေးသောက်ဦးချစ်ရဲ့”

မောင်က ၀င်ပြောရင်းရေတိုက်သည်။ ခုမှသတိထားမိသည်။ ကျော်တို့နှစ်ယောက်က ရောက်ရောက်ချင်း စကားနာထိုးနေကြသည်။ မောင်ကပစ္စည်းအားလုံး သိမ်းဆည်းနေရာတောင်ချပြီး နေပြီ။ မောင်ကတော့သူနေသားကျနေတဲ့ဒီအိမ်နဲ့ သူသာအိမ်ရှင်ကျလို့။ ကျော်ကတော့ဧည့်သည်သာသာပင်။
ကျော် ခဏနားကာရေမိုးချိုးသည်။ ရေးချိုးခန်းမှထွက်လာတော့ မောင်က ဟိုးအရင်ကလိုပင် ၀တ္တရားမပျက် ကျော့်အတွက် သနပ်ခါးသွေးထားကာ တပတ်အဆင်သင့်နှင့် စောင့်နေသည်။ ကျော်တပတ်ကိုလှမ်းယူရင်း

“မောင် အဲလိုတွေအလိုက်သိလို့ ချစ်ကချစ်တာ မောင်ရဲ့” “တော်ပါ ချွဲမနေနဲ့ မောင့်ကိုမနက်ဖြန်ထမင်းချက်ကျွေးဖို့သာပြင်ထား” “ဟုတ်”

ကျော်နဲ့မောင် က အတိတ်တုန်းကလဲ သိပ်ချစ်ခဲ့ကြသည်။ ကျော်နှင့်ပတ်သတ်ပြီး မောင်အနားမှာနေချိန်တိုင်း အသေးစိတ်ကအစမောင်ဂရုစိုက်တတ်သည်။ ခုလဲဂရုစိုက်နေဆဲမို့ ပျော်ရွှင်ရသည်။ သနပ်ခါးကိုမောင်ကိုယ်တိုင်လိမ်းပေးကာ ပါးကွက်ကွက်ပေးသည်။

“အ၀တ်လဲပြီးရင် ထွက်လာနော် မောင်ရေချိုးလိုက်ဦးမယ်” “အင်းမောင်”

မှာတမ်းချွေကာမောင်ထွက်သွားတော့ ကျော် အခန်းတံခါးပိတ်ကာ အ၀တ်အစားလဲသည်။ချစ်သူသမီးရည်းစားပေမဲ့ အနေအထိုင် ရင်းနှီးကြသည်။ ကျော်အ၀တ်အစားလဲပြီးသည်နှင့် မောင် ရေချိုးခန်းမှအထွက်ဆုံသည်မို့ တပတ်ယူပေးလိုက်သည်။ တပတ်သုတ်ရင်း

“ချစ် ခနနော် မောင်အင်္ကျီဝတ်ပြီး ထမင်းသွားစားရအောင်” “အင်းမောင် ချစ်စောင့်နေမယ်”

ထိုစဉ် စာဖတ်နေသော အငယ်မှ

"ငါနင်တို့ကိုစောင့်နေတာ ဗိုက်ဆာလှပြီဟ” “အေးပါ နင်ကလဲ ထမင်းဘဲမစားဖူးတာကျလို့” “အောင်မာ နင်နော် ကိုယ်ချင်းမစာတတ်တိုင်းလျှောက်ပြောမနေနဲ့ ငါကနေ့လည်ကတည်းက ဘာမှစားရသေးတာမဟုတ်ဘူး” “တူတူပါဘဲ ညီရယ် ကိုယ်လဲ မအားတာနဲ့ အခုမှ ဆာမှန်းသတိရတယ်သွားစို့”

မောင် အခန်းတွင်းမှထွက်လာရင်းလှမ်းပြောသည်။ နောက်တော့ ထမင်းဆိုင်မှာ ထမင်းသွားစားကြသည်။ စားသောက်ကာပြန်လာတော့ ည၁၀နာ၇ီထိုးတော့မည်။

“ချစ် စောစောအိပ်နော် မနက်ကျရင်ဘုရားကဆင်းတာနဲ့ ဘုရင့်နောင်စစ်ကြောရေးရုံး သွားရမယ် အားမှာမဟုတ်ဘူး မောင် စာတမ်းကိစ္စလုပ်စရာရှိတာလုပ်လိုက်ဦးမယ်နော်ချစ်”

ဟုပြောကာ သူနှင့်အငယ် အတူနေရန် ပြင်ထားသော အခန်းတွင်းသို့ဝင်သွားသည်။ အိမ်မှာက အခန်းနှစ်ခန်းသာ ရှိသည်။ မောင် အရင်ကလာလည်တိုင်းလဲ အငယ်နှင့်မောင်က တခန်း ကျော်ကတခန်းအိပ်ရသည်။ မောင်က သူ့အလုပ်များနှင့်ပတ်သတ်လျှင်အဲလိုတခါတခါ အလိုက်မသိတတ်ပါ။ သူများစကားပြောချင်မလားမပြောချင်ဘူးလား မတွေးပါ တခါတခါ အလုပ်အားအလေးထားလွန်းသည်။ ကျော့်ကိုမချစ်တာမဟုတ်၍သာ ငြိမ်နေရသည်။ ကျော်လဲ အိပ်ရာပေါ်လှဲရင်းဟိုတွေးဒီတွေးနှင့်လွန်ခဲ့သော ၆နှစ်ကျော် ကာလအတိတ်အား ပြန်တွေးနေမိသည်။…..ဟိုး…အတိတ် တုန်းကပေါ့…………………..

အခန်း(၂)

ပိုးဟပ်ဖြူကလေးနှင့် စတွေ့ခြင်း


ပြင်ဦးလွင်မြို့ နာရီစင်ဘေး ဈေးလမ်းကြားတနေရာရှိ ဧ၀ရက်ဘိလိယက်ခုံ....


ကျော်တို့သူငယ်ချင်း တသိုက် တနင်္ဂနွေနေ့ Outpass ၄ နာရီရသည်မို့ ရသည့်အချိန်လေးမှာ ဘိလိယက်ထိုးနေကြသည်။မိန်းကလေးမဆန်သော ကျော် အပါအ၀င် ကျော့် သူငယ်ချင်းအားလုံးသည် ဘိလိယက်ထိုးခြင်းကို ခုံမင်စွာ ၀ါသနာပါကြသည်။ခေါင်ဆန်း၊ရတနာ၊၀တ်ရည်၊ ကျော်နှင့် ခရေငယ် သူငယ်ချင်းငါးယောက်သည် စိုးစံ တွင် ၈တန်းနှစ်မှစ၍ တတွဲတွဲတွဲလာသောနာမည်ကျော် စိုးစံလူဆိုးလေးများဖြစ်ကြသည်။ ဆရာ၊ဆရာမများ လိုက်ပတ်နေသည့်ကြားမှ လစ်လျှင်လစ်သလို ပစ်ချက်များခိုးလုပ်တတ်သော ကျော်တို့ အုပ်စု ခုလဲ တားမြစ်နယ်မြေ ဧ၀ရက်၌ ဘိလိယက်ခိုးထိုးနေကြသည်။ ထိုအချိန်တွင် ကျော့်ငယ်သူငယ်ချင်း ထွန်းမြတ်ရောက်လာသည်။ ထွန်းမြတ်နှင့်အတူ ပိုးဟပ်ဖြူနှင့်တူသော သူ့သူငယ်ချင်းလဲပါလာသည်။


"ကျော် နင့်ကိုလိုက်ရှာရတာကြာနေပြီဟ ငါအဆောင်ရောက်ပြီးပြီ နင် Outpass ထွက်သွားပြီဆိုလို့ ဒီမှာရှိမှာဘဲဆိုပြီးလိုက်လာတာ ထင်တဲ့အတိုင်းဘဲလာကဲနေတယ် ပိုက်ဆံ ၁သိန်းနဲ့ ပစ္စည်းတွေပို့လိုက်လို့ ငါလာပေးတာ"


ထွန်းမြတ်နှင့်ကျော် တနှစ်နီးပါးကွာပေမဲ့ ပြောမနာဆိုမနာသူငယ်ချင်းများဖြစ်ကြသလို အိမ်ချင်းကပ်လျှက်မို့ ယခုနှစ်မှစ၍ DSA စတက်သော ထွန်းမြတ်အား တခါတရံအိမ်မှ လူကြုံပစ္စည်းထည့်ပေးတတ်သည်။ ၈ တန်းနှစ်ကတည်းက စိုးစံရောက်နေသည့်ကျော် ပြင်ဦးလွင်၌ ဂျင်ဖြစ်နေသော်လည်း ဒီနှစ်မှDSAစတက်သောထွန်းမြတ်မှာ ကျော့်လောက်နေရာစုံအောင်မသွားတတ်ပါ။ သို့သော်လဲ ယခင်တခေါက် Outpass ထွက်ရင်းကြုံသဖြင့် အတူလာဖူးသောဧ၀ရက်၌ ကျော်တို့ ရှိနေလောက်သည် အထင်နှင့်လာရှာခြင်းဖြစ်မည်။

ထွန်းမြတ်ပြောသောစကား အား ကိုယ့်အလှည့်မို့ ဘိလိယက်ထိုးနေသော ကျော့် နားသို့ တလုံးမှမ၀င်ပါ။ ဘိလိယက် အားသာ အာရုံစိုက်ထိုးရင်း ထွန်းမြတ်အား ဂရုမစိုက်သလိုဖြစ်သွားသည်။ ထို့ကြောင့် ထွန်းမြတ်က ဒုတိယအကြိမ် ထပ်မေးသည်။


"ကျော် ငါပြောနေတာ ကြားလား နင့်ပစ္စည်းတွေရယ် ပိုက်ဆံရယ်ငါလာပို့တာလို့" "အေးပါ ကိုထွန်းရာ မင်း အဲမှာတင် ထားလိုက်ပြီးနေတာဘဲ ငါဘိလိယက်ထိုးရတာအာရုံနောက်တယ်"


ဘိလိယက်ထိုးရင်းကျော် ထွန်းမြတ်ကို လှမ်းပြောလိုက်သည်။ ထွန်းမြတ်က အကြောင်းသိတွေမို့ ဘာမှမပြောဘဲ ခုံပေါ်သွားတင်နေစဉ် ဘေးနားမှဝေဖန်သံထွက်လာသည်။

"ရိုင်းလိုက်တာကွာ ဘယ်လို မိန်းမလဲ ကိုယ့်ပစ္စည်းလာပို့တဲ့သူကို အားနာဖော်မရဘူး" "ဘာကွ မင်း ကဘာမို့လို့ ငါ့ကိုဝေဖန်ရတာလဲ"


ပြဿနာကထိုနေရာမှစသည်။ ကျော့်သူငယ်ချင်းများကလဲ ဘိလိယက် ဆက်မထိုးနိုင်တော့ဘဲ ကျော်တို့ ရန်မဖြစ်အောင်ထိန်းရန်ရောက်လာသည်။ပစ္စည်းခုံပေါ်သွားတင်နေသာထွန်းမြတ် မှ ကမန်းကတန်းပြန်လာ က


"ဟာ ကျော် စိတ်မဆိုးနဲ့ ဒီကောင်ကြီး ငါ့ဘက်ကမခံချင်လို့ ၀င်ပြောတာပါ ဟာ..ကိုထွဋ်ကလဲ စိတ်မတိုပါနဲ့ ဟာ ငါနဲ့ ကျော်ကပြောမနာဆိုမနာတွေ" "ငါကနင့်ကိုပြောတာ သူကကြားထဲက၀င်နာစရာကိုမလိုတာ" "မင်းပုံစံမိုက်ရိုင်းလွန်းလို့ပါ မင်းပစ္စည်းကို လာပို့တဲ့ ဧည့်သည်ကို အဲလိုဆက်ဆံရလား မိုက်ရိုင်းလွန်းတယ်" "ဟုတ်တော့ရော ကိုထွန်းတောင်မနာဘဲ မင်းကဘာလို့နာနေရတာလဲ နှမပေးယောက်ဖတွေတော်ထားလို့လား " "တောက် မိန်းမတန်မဲ့နဲ့ကွာ အပြောအဆိုက"


ကျော်ပြောတာကိုနာသွားသော သူမှ တောက်ခေါက်ကာမျက်နှာကြီးနီသွားသည်။ ပတ်ဝန်းကျင်ကလဲ ရန်ပွဲမို့ ကွက်ကြည့်ကွက်ကြည့်ဖြစ်လာသည်။ ထိုစဉ် ရှက်တတ်သော ခရေမှ


"တော်ပါတော့ကျော် ရယ် ငါတောင်းပန်ပါတယ်။ အကိုကလဲ ကျော်က အပြောမတတ်လို့ အထင်လွဲတာပါ စိတ်မဆိုးပါနဲ့နော် ပတ်ဝန်းကျင်ကလဲ ကြည့်နေပြီ ဘိလိယက်လဲ ဆက်မထိုးတော့ပါဘူးဟယ် ဒီပွဲလျှော်လိုက်တော့မယ် တခြားအေးဆေးတဲ့နေရာမှာ သွားပြောကြတာပေါ့ ဟာ"


ထို့ကြောင့် ရန်ပွဲလဲ ခေတ္တခန ချုပ်ငြိမ်းသွားသည်။ကျန်သူများကလဲ တနေရာရာသွားရန် ထောက်ခံသည်မို့ ကျော်တို့ ထိုင်နေကျ Sparrow Coffee Shop သို့ ထွက်လာခဲ့ကြသည်။

Sparrow ဆိုင်လေးက Garden ဒီဇိုင်းပြင်ဆင်ကာ စကားပင်ပုများ အောက်တွင် ခုံခပ်ပုပုလေးများချထားသဖြင့် Romanceဆန်ကာ ဆိတ်ငြိမ်လွန်းလှသည်။ ထို့အပြင် စိုးစံဆောင်နှင့်လဲ နီးသည်မို့ ကျော်တို့ သူငယ်ချင်းတစု ဧ၀ရက်၌ ဘိလိယက်ထိုးပြီးတိုင်း Sparrowသို့လာကာ တခုခုလာစားနေကြဖြစ်သည်။

စိတ်မကြည်လာသည်မို့ ပုံမှန် နှုတ်ဆက်နေကျ Sparrowဆိုင်ရှင်ဦးကြီးကိုလဲ နှုတ်မဆက်ဖြစ်တော့ဘဲ မျက်နှာစူပုတ်ကာ ထိုင်နေကျ ခုံသို့သွားကာထိုင်နေတော့သည်။ ထွန်းမြတ်နှင့်သူက နောက်မှ လိုက်လာကာ ကျန်သူများမှာတော့ ဆိုင်ရှင်ဦးကြီးအား စားစရာမှာကာ ကျန်နေရစ်ခဲ့သည်။ ထွန်းမြတ်က စားပွဲမှာ ၀င်ထိုင်ရင်း သူနှင့် မိတ်ဆက်ပေးသည်။


"ကျော် သူက ထွဋ်နောင်တဲ့ ငါနဲ့Same batchဘဲ ကိုထွဋ် သူက မဉ္ဖူကျော်တဲ့ ငါ့ ငယ်သူငယ်ချင်း" "ကိုထွန်း ငါမင်းသူငယ်ချင်းနဲ့ သိချင်တယ်လို့ပြောမိလို့လား" "ငါလဲ မင်းလိုရိုင်းစိုင်းတဲ့ မိန်းမနဲ့ မခင်ချင်ဘူး" "မင်းကဘာယောက်ျားလဲ နှုတ်သီးကောင်းလျှာပါးနဲ့ မိန်းမလိုဘဲ ရန်ပြန်တွေ့တတ်တယ်လား" "တောက်"


ကျော့်စကားသူ့အား အရှိုက်ထိစေသည် ထင်ပါသည်။ သူ ကျော့် အားဘာမှပြန်မပြောတော့ဘဲ လက်သီးဆုတ်ကာ အံကြိတ်နေသည်။ ထွန်း မြတ်ကလဲ အားနာ၍ ထင်သည်။ ဘာမှဝင်မပြောတော့ပါ။


ဘယ်ဘ၀ကရေစက်လဲမသိပါ။ သူနှင့်ကျော် တယောက်ကို တယောက်ကြည့်မရကြပါ။ ယောက်ျားဆန်သောကျော့်အား သူကြည့်မရသကဲ့သို့ အထက်စီးဆန် ဆရာလုပ်တတ်သောသူ့အားလဲကျော် ကြည့်မရပါ။ ကျော်တို့ ရန်ပွဲကို မသိလိုက်သော ခရေတို့၎ယောက်ခုမှ ၀င်လာကာ ခရေကကျော့်အားပြောသည်။


"ကျော် မင်းသောက်နေကျ Milkshakeဘဲမှာထားတယ်နော် အဆင်ပြေတယ်မဟုတ်လား" "အင်း" " ကိုထွန်းမြတ် သူငယ်ချင်းနဲ့ မိတ်ဆက်ပေးဦးလေ.."

သွက်လက်သောရတနာ က ထွန်းမြတ်ကိုပြောသည်။

"အင်း ဒါငါ့သူငယ်ချင်းလေ...မကွေးသား ထွဋ်နောင်တဲ့ ကိုထွဋ် သူက ရတနာ သူက ဆိုင်းခေါင် သူက၀တ်ရည် သူကခရေငယ်တဲ့ ကျော့်ကိုတော့မင်းသိပြီးသားဘဲ"

သူက အလိုက်သင့်ခေါင်းညှိတ်ပြ၍ အသိအမှတ်ပြုရုံသာ


"မကွေးသားလား ခရေ ကမကွေးသူ၊ ကျော်က မော်လမြိုင်သူ ၊ဆိုင်းခေါင်က မန္တလေးသူ၊ ၀တ်ရည်ကရန်ကုန်သူ၊ ရတနာကမိုးကုန်သူလေ. တယောက်တနေရာစီပေမဲ့ ရတနာတို့ကသိပ်ချစ်ကြတယ် "


ကျော်တို့သူငယ်ချင်းများမှာ ၀ါသနာ တယောက်တမျိုးစိဖြစ်သည်။ ခရေနှင့်ကျော်က ကဗျာရေးတာနှင့် ဘိလိယက်ထိုးတာဝါသနာပါသော်လည်း ဆိုင်းခေါင်က စော်ကြောင်တာ ၀ါသနာပါသည်။ သူကကျော်တို့ထက်ယောက်ျာပိုဆန်ကာ ယောက်ျားစိတ်နှင့်ဖြစ်သည်.၀တ်ရည်ကစကားလဲနဲသည်။ အေးအေးနေတတ်သည်။ ရတနာကသွက်လက်ခောတ်ဆန်ကာ ရဲတင်းပွင့်လင်းသည်။ အမြဲတမ်း စကားပြောနေရမှကျေနပ်သောရတနာ့အား ဒီနေ့မှ ကျော် စိတ်မကြည်သဖြင့် စကားများလွန်းနေသည်ဟု ထင်မိသည်။ အလာဘ သလာဘ တွေနှင့် စကားကြောရှည်နေမည်စိုးသောကြောင့် ကျော်မှ ထွန်းမြတ်အား


" ကို ထွန်း ငါ့ ပိုက်ဆံနဲပစ္စည်းရော " " ပိုက်ဆံက ၁သိန်း ရေကြည့်ဦး ပစ္စည်းတွေက ဘာတွေလဲတော့မသိဘူး ဒီမှာ အထုတ်လိုက်ဘဲ "

"အင်း ကျေးဇူးနော်" "ကျေးဇူးတင်စကားတော့ပြောဖော်ရသားဘဲ" ဟုသူက၀င်ပြောသည်။


ထပ်ရန်ဖြစ်ကြမည်စိုးသောကြောင့် ထွန်းမြတ်က


" မဟုတ်ဘူးကိုထွဋ်ရ ကျော်က စကားပြောမတတ်ပေမဲ့ စိတ်ရင်းကောင်းပါတယ် ကျော်ကလဲ နင်တို့နှစ်ယောက်က ပုံစံတူတယ်ဟ ရန်ထပ်မဖြစ်ကြပါနဲ့ တော့ဟာခင်ခင်မင်မင်နေကြပါ ငါ့မျက်နှာထောက်ပြီးတည့်လိုက်ကြတော့နော်" "အေးပါ "

" ဒါဆို ငါတို့ပြန်တော့မယ် ပြန်ရမှာဝေးတယ်ဟ " "အေး ကိုထွန်း ပြန်လိုက်တော့"


စကားဆုံးသည်နှင့်နှုတ်ဆက်ကာ ထွက်ခွါသွားသော သူတို့ ကျောပြင်ကိုကြည့်ရင်း မကျေနပ်စိတ်တချို့ပါသွားသည်ဟု ဟိုးတုန်းကထင်မိသည်။ တကယ်တော့ မကျေနပ်စိတ်နှင့် အတူ စိတ်ဝင်စားမှုတချို့လဲ အဖော်ပါသွားလိမ့်မည်ထင်သည်။ ရင်ထဲမှာ ခံရခက်စွာ တိတ်တဆိတ်သက်ပြင်း ချမိသည်။ အဲဒီအချိန်ကစလို့ အချစ်စဖြစ်တာလား ကျော်မသိပါ။ ကျော် သိနေသည် တခု က ထိုပိုးဟပ်ဖြူကလေး သည် အမြင်ကတ်စရာကောင်းလှသည်။ မုန်းဖို့အရမ်းကောင်းသောလူသားဖြစ်သည်။ အဲဒီနေ့ကစ နောင်တနင်္ဂနွေမတိုင်ခင်အထိ ကျော်နဲ့ သူငယ်ချင်းတွေကြားထဲမှာ ပိုးဟပ်ဖြူအားကြည့်မရကြောင်း မုန်းကြောင်း စသည်ဖြင့် အတင်းအဖြစ် ပြောနေမိသည် ဆိုတာပါဘဲလေ...........


အခန်း(၃)

တပတ် ၇ ရက် ဆိုသော အချိန်မှာ ကျော်တို့လို စိုးစံကျောင်းသာတွေအတွက် မည်သို့ကုန်၍ ကုန်သွားမှန်းပင်မသိ။ စာပြီးရင်းစာ စာကလွဲရင် ကျန်တာဘာမှစိတ်မ၀င်စားအားပါ။ စိတ်ဝင်စားခွင့်လဲမရှိပါ။ တနေကုန်မနက်၆နာ၇ီမှစ၍ ည၈နာရီအထိ စာသင်ချိန်များဆက်နေသည်။ တရက်ခြားတခါလဲ စာမေးပွဲရှိသောကြောင့် စာကိုလဲအသကုန် ကျက်ရသည်။ ကျော်တို့ သူငယ်ချင်းငါးယောက်မှာ စိုးစံ တဆောင်တည်း ဖြစ်သော်လဲ အိပ်ဆောင်စာသင်ဆောင်မတူကြပါ။ ကျော်နှင့် ခရေ တို့မှာ မေတ္တာ(၂) Aခန်းတွင် နေရ စာသင်ရပြီး ကျန်၃ယောက်မှာ မေတ္တာ (၅) Dခန်းတွင် နေကြရသည်။ ကျော်တို့ ၈တန်းနှစ် ကတည်းမှစ၍ အတူတူတွဲ လာကြ၍သာ အခုထိဆက်တွဲဖြစ်နေကြခြင်းဖြစ်သည်။ ၁၀တန်းဆိုသော တက္ကသိုလ်ဝင်တန်းဘ၀တဆစ်ချိုးအတွက်မို့ တပတ်လုံးလုံး မျက်နှာမြင်ရုံ ပြုံးပြရုံသာ အချိန်ရခဲ့သော ကျော်တို့ သူငယ်ချင်းတသိုက် လွတ်လပ်စွာတွေ့ခွင့်ရသော တနင်္ဂနွေ မနက်ကိုသာ မျှော်နေရသည်။ လွတ်လပ်ခြင်းဆိုသည့်အရသာကို တပတ်လုံးမှ (၄) နာရီသာ ခံစားခွင့်ရသည်လေ။ ဒါတာင်မှအပြည့်အ၀ လွတ်လပ်ခြင်းမဟုတ်ပါ။ ဒီတပတ် တနင်္ဂနွေလည်း ကင်းလှည့် လိုက်ပတ်နေကြသော ဆရာဆရာမများအား ရှောင်ရှား၍ ဧ၀ရက်သို့ ထုံးစံအတိုင်းချီတက်ကြလေသည်။ဒီတပတ်ဧ၀ရက်သို့ရောက်တော့ ထွန်းမြတ်တို့ ရောက်နှင့် နေကြလေပြီ။

" ကိုထွန်း ထူးဆန်းလှချည်လား မင်းတို့ဘိလိယက်လာထိုးတယ်ပေါ့ ထိုးရောထိုးတတ်ရဲ့လား"


ထွန်းမြတ်နှင် အတူ ဘိလိယက်ထိုးနေသော သူ့အား တချက်သာ ငဲ့စောင်းကြည့်ပြီး နှိမ်သလိုလိုနှင့် ထွန်းမြတ် အားမေးလိုက်သည်။


"ဒီကောင်ကြီးထိုးချင်တယ် ဆိုလို့ လိုက်ပြီး အဖော်လိုက် ထိုးပေးနေတာ မင်းလို professional တော့မဟုတ်ဘူးဟ နင်ဒီကောင်ကြီး ကို အဖော်ပြုပြီးထိုးပေးလိုက်ပါလား" "အပြင်းပြေတော့ မထိုးဘူး ကြေးနဲ့ ဆိုရင်တော့ ထိုးမယ်"


ဘိလိယက်ကို ကျူတံကိုင်နိုင်စ အရွယ်မှစ၍ အကိုဝမ်းကွဲများ ကျေးဇူးကြောင့် ကျော်ထိုးတတ်ခဲ့သည်။ ကျော် ပျင်းနေရင်ဘဲဖြစ်ဖြစ် စိတ်ရှုပ်နေလျှင်ဘဲဖြစ်ဖြစ် ကျော် ဘိလိယက်ထိုးသည်။ စိတ်တိုတိုင်းလဲ ပေါက်ကွဲစရာအဖြစ် ဘိလိယက်ထိုးသည်။ ဘိလိယက်ထိုးခြင်းနှင့် ကဗျာထိုးခြင်း ကို ၀ါသနာပါသော ကျော့်အတွက် ပျော်ရွှင်စရာ တန်ဖိုးထားစရာအချိန်များမှာ ဒီအချိန်များသာဖြစ်သည်။ ထို့ကြောင့် ကျော့်ရဲ့ အားလပ်ချိန်တိုင်းအား ဧ၀ရက်သို့မဟုတ် Sparrow ၌ သာ အချိန်ကုန်တတ်သည်။


"မင်းလိုချာတိတ်က ငါ့အတွက် ဘေဘီသာသာဘဲရှိတယ်"


သူပြန်ပြောသောစကားက ကြေးနှင့်မှ ထိုးမည်ဆိုသော ကျော့်မခံချင်စိတ်အားလာဆွပေးနေသည်။ ထို့ကြောင့်ပင် သူနှင့်ထွန်းမြတ်တို့ ထိုးနေသာ ထိုးလက်စပွဲအားလျှော်လိုက်ကာ သူနှင့်ကျော် Snooker ထိုးကြသည်။ ထွန်းမြတ်နှင့် ခရေတို့ ၄ ယောက်က ပွဲကြည့်ပရိတ်သတ်လုပ်ကြသည်။



"ဟေ့ ပွဲကစနေပြီ လောင်းကြေးပြောဦး ပိုက်ဆံကြေးတော့ ငါစိတ်မ၀င်စားဘူးနော်"


ညစ်တစ်တစ် သူ့ရဲ့ အပြော အားမခံချင်သောကျော် က


"ကြိုက်ကြေးလေ..မင်းကိုဦးစားပေးတယ်" " ခိုင်းတာတခုခုလုပ်ပေးကြေး ဘယ်နှယ့်လဲ" "အိုကေ စိန်လိုက်လေ.."


ကိုယ့်ကိုယ်ကို ယုံကြည်အထင်ကြီးကာနိုင်မည်ထင်သောကြောင့် သူ့တောင်းဆိုချက်အား ကျော်သဘောတူလိုက်သည်။ ကျော့်အတွက် အရှုံးဆိုတာ အသံတောင်မကြားချင်သူပါ သို့သော် ဘိလိယက်သီးတွေကဘဲ လုံး၍လား ဒိနေ့မှကံကမလိုက်၍လား မသိပါ။ ကျော်ထိုးလိုက်တိုင်းလွဲကာ ပတ်ပတ်စက်စက်ရှုံးပါသည်။ သူကလဲ Snook ဖမ်းတာတော်လွန်းသည်။ ပထမဦးဆုံးအကြိမ် မုန်းသည့်လူကိုမှ ရှုံးသောကြောင့် ပတ်ပတ်စက်စက် ဒေါသထွက်ပါသည်။ သူ့အတွက် စစရာကောင်းတခုဖြစ်ခဲ့သည်။

" ဂျပိုး မင်းရှုံးပြီနော် ဂျပိုးကဘေဘီလေးပါ" "နေပါဦး မင်းငါ့ကို ဘယ်လိုခေါ်လိုက်တယ်" "ဂျပိုးလေ... မင်းကတကယ့်တေလေဂျပိုးလေ..အရိုင်းအစိုင်း ဂျလေဘီလေး ထားပါ ဘယ်လိုခေါ်လဲဆိုတာ စကားမလွှဲနဲ့ မင်းရှုံးပြီ ငါခိုင်းတာလုပ်ရမယ်" " ရတယ် ပြော ဘာလုပ်ရမလဲ" "အကြွေးမှတ်ထားမယ် အခုတော့ငါစဉ်းစားလို့မရသေးဘူး" "အမြဲတမ်း နိုင်နေကျ သူများ မသထာရေစာကိုစားနေကျ ကျော် အခုတော့ ပြိုင်ဖတ်ကောင်း တွေ့ပြီမဟုတ်လား ကောင်းတယ် မှတ်ပြီလား"


ရတနာတို့ကလဲကျော် မရှုံးစဖူးရှုံးသောကြောင့် ကျော့်အား ၀ိုင်းစကြသည်။


"နောက်တခါ မရှုံးစေရဖူးကွာ" "ဂျပိုးရာ မင်းက ကလေးပါကွာ" "ငါက ဂျပိုးမဟုတ်ဘူး မင်းသာ တေလေဂျပိုး" "ကဲပါ မင်းတို့နှစ်ယောက် ဒီနာမည်ကို အဝေမတည့်ဖြစ်မနေနဲ့ မင်းတို့နှစ်ယောက်မှာ တယောက် ကတေလေ တယောက်က ဂျပိုး နှစ်ယောက်ပေါင်းတော့ တေလေဂျပိုး မလှဘူးလား"


ရှုံး၍ စိတ်တိုနေရသည့်အထဲ နာမည်ပြောင်ကို လာခွဲပေးနေသဖြင့် စိတ်ဆိုးစွာ ထွန်းမြတ်အား ကျော် လိုက်ထိုးမိသည်။ ခရေတို့ အုပ်စုကလဲ ကျော်တို့ ၂ယောက် ကိုကြည့်ကာ တဟားဟားနှင့်အော်ရယ်နေကြသည်။ သူက သူနှင့်မဆိုင်သလိုနေကာ သူ့အနိုင်အတွက် ကျေနပ်နေပုံရသည်။ ကျော့်မှာသာ မခံချင်စိတ်တွေနှင့်.......


ထို့နောက် ထုံးစံအတိုင်း Sparrowသို့ ချီတက်ကြသည်။ Sparrow သို့ရောက်တော့ ကျော်တို့စားစရာများ မှာကာ အလာဘသလာဘပြောကြသည်။ ခရေတို့ ၄ယောက်နှင့် သူရင်းနှီးသွားပေမဲ့ ကျော့်ကို တော့ မသိချင်ယောက်ဆောင်ကာ စကားပင်လှည့်၍မပြောပါ။ ကျော်ကလဲ ကိုယ့်အတွက် မှာထားသော Milkshake ခွက်မှ ပိုက်ကို မွှေကာ သူပြောသမျှ အကြောင်းအရာများအား စိတ်မ၀င်စားချင်ယောင်ဆောင်နေသည်။ သူ့ အထက်တန်းကျောင်းသားဘ၀အကြောင်း သူ့မိဘအကြောင်း လက်ရှိသူတက်နေသောDSA မှသူသင်ရသော Computer မေဂျာအကြောင်း အား ရတနာနှင့်ခရေ မေးသမျှအား ဒိုင်ခံ စိတ်၇ှည်စွာဖြေပေးနေသည်။ ကျော် ကတော့ သူ့အား အမြင် မကြည်စွာပင် စကားများလွန်းသူဟုပင် ထင်မိသည်။ ထို့နောက် အဆောင်ဝင်ရန် အချိန် နီးနေသဖြင့် Sparrowမှ လမ်းခွဲကာ အဆောင်သို့ ပြန်လာကြသည်။

အဆောင်သို့ပြန်ရောက်သော်လည်း ကျော့်စိတ်ထဲတွင် ခံစားခဲ့ရသော အရှုံးကြောင့် တနုံ့နုံ့နှင့် ခံစားရခက်နေခဲ့သည်။ တပတ်လုံးလုံး နေမရခဲ့။ အရှုံးကြောင့် ဒေါသဖြစ်၍ ခံစားနေရသည်လား ၊ မြှားနတ်မောင်ကလှည့်စား၍ ပစ်လိုက်သော မြှားဒါဏ်ရာကြောင့်လား ကျော်ထိုစဉ်က သေချာမသိခဲ့ ပါ။ သူ့အကြောင်းအား အားတိုင်းကျော်ထိုင်စဉ်းစားနေမိခဲ့သည်။ စဉ်းစားတိုင်းလဲ ကျော် သူ့အားအရမ်းမုန်းသည်။ ဒေါသဖြစ်သည်။ အားကြီးစွာဆွဲငင်လိုက်သည့် အမုန်းဧ။်နောက်တွင် အချစ်ဆိုတဲ့ စာမျက်နှာမှာ စည်းမျဉ်းတခုတည်းခြားကြောင်း ကျော် ကလေးစိတ်နှင့် လုံးဝမတွေးမိခဲ့ပါ။ ကံကြမ္မာ အလှည့်အပြောင်းမှာ အမုန်းဧ။်နံရံပါးပါးလေးသူနှင့်ကျော့်ကြား ပြိုကျသွားချိန်မှာတော့..........


အခန်း(၄)
နေ့လည်ကဆုံတွေ့လိုက်ရသော အချိုးမကျတဲ့ အရိုင်းအစိုင်း ကောင်မလေးကြောင့်ထွဋ်နောင် ထိုင်မရ ထမရ ဒေါသထွက်နေမိသည်။ လူက ယောက်ျားလိုလိုမိန်းမလိုလိုနှင့် မိန်းကလေးတန်မဲ့ ဘိလိယက်ထိုးနေတာတဲ့။ ကိုယ့်ညီမသာဆို ပိတ်ထိုးမိမှာသေချာသည်။ အပြောကလဲ အကြောသားနှင့်။ ဟိုကောင် ထွန်းမြတ်ကလဲ ဘာမှမပြော ကြည့်ရတာ ထွန်းမြတ်က ဖားတပိုင်းငါးတပိုင်း ဒီဇိုင်းလေးကို Heartထိနေပုံရသည်။ ဟိုက ဘာပြောပြော နာခံနေသည်။ ကိုယ့်မှာသာမဆီမဆိုင် ကြားက၀င်နာကာ ရန်မီးပွားရသည်။ ပြန်ပြောပုံက မင်းယောက်ဖမို့နာတာလားတဲ့။ အိမ်မှာဆို ကိုယ့်အမကအစ ကိုယ်ပြောသမျှ နားထောင်ရသည်။ ဒီလိုပြန်ပြောဖို့ဆို ဝေလာဝေး။ ဒီမလောက်လေး မလောက်စားလေးက ပြန်ပြောသည်မို့ ကိုယ်ပိုခံရခက်သည်။ စိတ်ရှိတိုင်းသာ လုပ်ပစ်ရလျှင်ဒီကောင်မလေးသေတော့မည်။ ထွန်းမြတ် မျက်နှာထောက်၍သာ။

“ကိုထွဋ် ဘာလုပ်နေလဲ”

ကိုယ့်ဒေါသနှင့်ကိုယ် နပန်းလုံးနေ၍ ထွန်းမြတ်ရောက်လာသည်ကိုပင် မသိလိုက်ပါ။

“နေ့လည်က ဖားတပိုင်းငါးတပိုင်း တေလေဂျပိုးအကြောင်း တွေးနေတာ” “ ဘာလဲ စိတ်ဆိုးတုန်းလား?” “အင်း” “စိတ်မဆိုးပါနဲ့ ဟာ ကျော်က စိတ်ရင်းအရမ်းကောင်းတယ်ဟ ပြိးတော့သနားစရာလဲကောင်းတယ် သူ့အကြောင်းမသိရင် မင်းလိုဘဲစိတ်ဆိုးကြတယ် အမြင်ကတ်ကြတယ် သူ့အကြောင်းသိရင် မင်းသူ့ကိုစိတ်ဆိုးနိုင်မှာ မဟုတ်တော့ဘူး” “ဘာအကြောင်းလဲ အလကားဂျပိုးမ ဟိုပွေးဒိပွေးနဲ့” “ မဟုတ်ပါဘူးဟာ ငါပြောပြမယ် ကျော်က မိဘမဲ့လေးဟ သူ့မှာအဖေနဲ့ မောင်လေးတယောက်ဘဲရှိတယ် အမေက သူ ၇နှစ်သမီးကတည်းကဆုံးတာ အဖေကနိုင်ငံခြားမှာ နောက်အိမ်ထောင်နဲ့ တဦးတည်းရှိတဲ့ မောင်လေးကလဲ တူတူမနေဘူး သူလိုဘဲ တခြားအဆောင်မှာ အကိုဝမ်းကွဲတွေ မောင်ဝမ်းကွဲတွေကြားက တဦးတည်းသောမိန်းကလေးလဲဖြစ်တော့ နဲနဲ ယောက်ျားဆန်တာပေါ့ မိဘမဲ့ပေမဲ့ ကိုယ့်ကိုယ်ကိုတော့ ကောင်းကောင်းထိန်းသိမ်းနိုင်တယ်ဟ ကျော်က သူ့အဖေကိုသူ သိပ်ချစ်တာ ဟ သူ့အဖေနောက်အိမ်ထောင်ပြုပြီးကတည်းက အရွဲ့တိုက်ပြီး သူ့ကို အကောင်းလုပ်ပေးလဲ အကောင်းမမြင်တတ်တော့ဘူး။ သူလုပ်သမျှကိုမှားတယ်ပြောရင်လဲ လက်မခံတော့ဘူး။ ငါကလဲ ညီမလေးတယောက်လို ချစ်တော့ သူပြောသမျှ သူအနိုင်ကျင့်သမျှက်ုသည်းခံခွင့်လွှတ်ပေးထားရတော့တာ” “အင်း မင်းပြောပုံ အရဆို သူ က မေတ္တာငတ်နေတဲ့ ကလေးမလေးဘဲ” “ဟုတ်တယ် သူ့မှာမေတ္တာအပြည့်ပေးပြီ နားလည်ပေးနိုင်တဲ့ သူမရှိဘူး ပြုပြင်ပေးမဲ့သူလဲ မရှိဘူး အကိုဝမ်းကွဲတွေဆိုတာကလဲ သူတို့ညီမ ဖားတပိုင်းငါးတပိုင်းပုံစံကိုပိုကြိုက်ကြတယ် ဒါကြောင့် ဘာမှမပြောကြဘူး ဒါနဲ့ ဘဲ ယောက်ျားလျှာလား ဆိုတော့လဲ ဟင်အင်းအဲလိုမဟုတ်ဘူး မိန်းမလားဆိုတော့လဲ မဟုတ်ဘူး အဲလိုဘဲ ဟိုမရောက်ဒိမရောက်နဲ့လေ..ဒါကြောင့် ပါ မင်းနောက်တခေါက်တွေ့ရင် နားလည်ပေးလိုက်ပါဟာ” “အေးပါဟာ ငါနားလည်ပြီ… နောက်ဆိုငါသူ့ကိုနားလည်ပေးလိုက်ပါ့မယ်”


သနားစိတ်တွေနှင့် ခုနကစိတ်ဆိုးဒေါသထွက်သမျှကို နောင်တရလာသည်။ သူ အနိုင်ကျင့်သလိုဖြစ်မှာလဲစိုးမိသည်။ ရင်ထဲမှာလဲ နေရထိုင်ရခက်လာသည်။ နောက်တပတ်တနင်္ဂနွေရောက်အောင် မြန်မြန် ဆုတောင်းမိသည်။ ကျော့်ကိုတောင်းပန်ချင်၍ပါ။
နောက်တပတ်တနင်္ဂနွေ Outpassရတော့ ကျော့်ကိုတွေ့ချင်၍ ဧ၀ရက်သို့ဘိလိယက်ထိုးရန် ဟူသောအကြောင်းပြချက်ဖြင့် ထွန်းမြတ်အားချောဆွဲလာသည်။ တွေ့ချင်တဲ့ မျက်နှာလေးကတွေ့ပါရဲ့။ ဒါပေမဲ့ မြင်မြင်ချင်း ဆောက်နဲ့ထွင်း သလိုဘဲ လူကိုနှိမ်သလိုလိုထေ့သလိုလို ငေါ့သလိုလိုနှင့် စကားပြောပုံကအချိုးမကျ။ ကိုယ့်ကို ဘိလိယက်ထိုးဖို့စိန်ခေါ်နေသည်။ အရင်ကလို စိတ်ဆိုးဒေါသထွက်စိတ်မရှိတော့ပေမဲ့ မခံချင်အောင်တော့စချင်မိသည်။ ထို့ကြောင့် သူမကိုနိုင်အောင်ထိုးမိသည်။ အရှုံးအပေါ်ခံပြင်းလွန်းပြီးဒေါသထွက်နေတဲ့ သူမပုံစံလေးကိုဂရုမစိုက်ဟန် နေမိသော်လဲ တကယ်တမ်းတော့ သူမမျက်နှာစူပုတ်ပုတ်လေးက တကယ်ချစ်ဖို့ကောင်းသည်။ ကိုယ်အခုမှသတိထားကြည့်မိသည်။ ကျော်က တော်တော်ချစ်စရာကောင်းသည်။ လှတာမဟုတ်ဘဲ မျက်နှာလေးကကို ချစ်ဖို့ကောင်းနေတာမျိုး…..ဟာ ငါဘာတွေတွေးနေပါလိမ့် လို့တွေးမိတော့ ကိုယ့်ဘာသာရှက်သွားသည်။ ထို့နောက် Sparrowမှာ စကားပြောရင်းတခုခုစားကာ အဆောင်သို့ပြန်လာမိသည်။ ဒိနောက်ပိုင်း ကျော့်ကို တပတ်ခြားတခါ လောက်တွေ့ဖြစ်ပေမဲ့ ကျော်နှင့် ကိုယ်မရင်းနှီးပါ ဒီအတိုင်းခပ်တန်းတန်းလေးသာ။ ကျော့်သူငယ်ချင်းများနှင့်တော့ ရင်းရင်းနှီးနှီးစကားပြောဖြစ်သည်။

တနေ့ ထွန်းမြတ်ကြည့်ရတာ ရေးကြီးသုတ်ပြာနှင့် ကိုယ့်ဆီကိုလျှောက်လာသည်။

“သားကြီး ဘာဖြစ်တာလဲ ဟ” “ငါနယ်ကိုဖုန်းဆက်ရမယ်ဟ ကျော် အူအတက်ပေါက်လို့ ဆေးရုံတင်ထားရတယ် ရတနာတို့ ငါ့ကို ဖုန်းဆက်တာ အခြေအနေကအရေးကြီးတယ်ဟ ငါဖုန်းသွားဆက်လိုက်ဦးမယ်”


ထွန်းမြတ်ပြောပြီး ကပြာကယာထွက်သွားသည်။ ကိုယ့်မှာသာ ထိုင်မရထမရ စိတ်ပူပြီးကျန်မိသည်။ ကျော်အဆင်မှ ပြေရဲ့လား အူအတက်ပေါက်တာဆိုတော့ စိုးရိမ်ရသည်။ မိသားစုကလဲ မြန်မြန်လာနိုင်မှာမဟုတ်ပါ။ ကိုယ်ဘာလုပ်ပေးရင်ကောင်းမလဲ ။ မနက်ဖြန်ကျော့်အားသွားတွေ့မည်။ တော်သေးသည်။ဒီနေ့စနေနေ့မို့ နောက်မဟုတ်ရင်တော်တော်စိတ်ပူနေရမည်။ ဟင် ကိုယ်ဘာလို့စိတ်ပူမိတာပါလိမ့်…..
သေချာသည်။ ကိုယ်ကျော့်ကိုချစ်နေပြီ ကျော်မရှိလျှင်မဖြစ်တော့ ကိုယ့်ကိုမကြည်ဖြူတဲ့ ကျော့် မျက်ဝန်းတွေကို ကိုယ်ချစ်သည်။ စိတ်ဆိုးတိုင်းစူသွားတဲ့နှုတ်ခမ်းလေးကို ကိုမြတ်နိုးသည်။ မိန်းမမဆန်ပေမဲ့ စိတ်ထဲရှိသည့်အတိုင်းနေတတ်သည့် ကလေးဆိုးလေးကိုကိုယ်ချစ်သည်။ သေချာသည် ကိုယ်ကျော့်ကိုချစ်သွားပြီ…
ဒီလိုနှင့် Outpassရရချင်း ကျော်ရှိရာဆေးရုံသို့ပြေးလာမိသည်။ ထွန်းမြတ်ကလဲ တော်တော်စိတ်ပူနေသည်။
ဆေးရုံရောက်တော့ ဆေးရှိန်နှင့်မှိန်းနေသော ကျော့်အားတွေ့လိုက်ရသည်။ ဆွေမျိုးတွေက ရောက်နေသည့်ပုံ မပေါ်ပါ ။

“ကျော် မင်းသက်သာရဲ့လား” “ အေးကိုထွန်း ငါသက်သာပါတယ်ဟာ” “နင့်ကြည့်ရတာဖျော့လိုက်တာကျော်ရာ ဒီကောင်ကြီးစိတ်ပူနေတာ တညလုံးအိပ်မရဘူး” “ ဟင် ဘာဆိုင်လို့လဲ သူနဲ့” “ ဆိုင်မဆိုင်နင်မေးကြည့်လိုက် ငါ ဈေးမှာ နင်စားဖို့သွားဝယ်လိုက်ဦးမယ်”

စချင်တိုင်းစကာ ထွန်းမြတ်ထွက်သွားသည်။ အရှက်သည်းက နီပြီးကျန်ရစ်သောကျော့် မျက်နှာဖျော့ဖျော့လေးအား ကြည့်ကာ သနားမိသည်။

“ကျော်” “ ဟင်” “ မင်းသက်သာရဲ့လား” “ သက်သာပါတယ်ကိုထွဋ်…” “ငါ မင်းကိုပြောစရာရှိတယ”် “ပြောလေ…” “ အရင်က ငါမင်းအပေါ် မကောင်းဘူးဆိုတာ ငါသိပါတယ် စတွေ့ကာစကတော့ ငါမင်းကိုကြည့်မရဘူး နောက်တော့ မင်းကို သနားမိတယ် ဒါပေမဲ့ မင်းကစကားပြောမတတ်တော့ ငါမင်းကိုအလိုလိုစချင်နေမိတယ် ဒါကြောင့် မင်းမခံချင်အောင် ငါခနခန စနေမိတာ ငါ့ကိုခွင့်လွှတ်ပါနော်”
“အင်း ရပါတယ်”


သူတောင်းပန်စကားဆိုတော့ ကျော်က မပွင့်တပွင့်နှင့် ။ အဲလိုအေးစက်စက်ကောင်မလေးကိုကြည်ပြီး သူ့ရင်ခုန်သံမြန်နေမိသည်။

ကိုယ်…..မင်းကိုအရမ်းချစ်နေမိပြီကျော်….” “.ဗျာ…မင်း…”
“ငါမင်းကိုစော်ကားလိုစိတ်နဲ့ပြောတာမဟုတ်ဘူးနော်…”.

အထင်လွဲမည်စိုးသောကြောင့် သူကမန်းကတမ်းရှင်းပြမိသည်။

“မင်းနေမကောင်းတော့ ငါ့မှာ ဘာလုပ်လို့လုပ်ရမှန်းမသိဘူး ငါအဲဒီတော့မှ သေချာလာတာ ငါမင်းကိုသိပ် ချစ်နေမိပြီ မင်းငါ့ကို အဖြေပြန်ပေးပါလို့ ငါမတောင်းဆိုလိုပါဘူး မင်းကိုယ်မင်းပြန်စဉ်းစားပါနော်….
ငါမင်းကိုသိပ်….ချစ်တယ်ကျော်….ငါ့ဘ၀တသက်စာအတွက်မင်းကိုလိုအပ်တယ်..မင်းငါ့ကိုခွင့်လွှတ်နားလည်ပေးပါကွာ…..”


သူစကားတွေအရှည်ကြီးပြောနေပေမဲ့ ကျော့်ကိုကြည့်တော့ တိတ်ဆိတ်နေသည်။ ကိုယ်ပြောတဲ့စကားကိုတော့ အာရုံစိုက်နားထောင်တာကိုဘဲ ကျေးဇူးတင်လှသည်။ ကျော်နေမကောင်းတဲ့ အချိန်မှာ ဆုံးရှူံးရမှာစိုးစိတ်တွေနှင့် ကိုယ်ပြောတာမြန်ချင်မြန်သွားနိုင်သည်။ သေချာသည်က ကိုယ်ကျော့်ကိုချစ်သည်။
ခနနေတော့ထွန်းမြတ်ပြန်ရောက်လာသည်။ ကျော့်အတွက် စားစရာတွေဝယ်လာပေး၍ ဒီကောင်ကြီးကိုကျေးဇူး တင်မိသည်။ ထို့နောက် Outpassလဲ အချိန်စေ့ကာနီးပြီမို့ ကိုယ်တို့တွေပြန်ခဲ့ကြသည်။ သို့သော် ကိုယ့်နှလုံးသားလေးက ကိုယ်သိပ်ချစ်ရတဲ့ကျော့်ဆီမှာကျန်ခဲ့သည်။


အခန်း(၅)


ညကစဉ်းစားရင်း အိပ်ရေးပျက်ခဲ့သောကြောင့် ကျော်ဒိနေ့မနက်စောစောထရတာခေါင်းမကြည်ပါ။ မောင်ကတော့ဟိုးအရင်ကအတိုင်း ၀တ္တရားမပျက်ပါ...ကျော့်အတွက်ကော်ဖီတခွက် နှင့်မုန့်အဆင်သင့် စားသောက်ပြီးရေမိုးချိုးကာ မောင်နှင့်ကျော် ရွှေတိဂုံဘုရားသို့ Taxi ဖြင့် လာခဲ့ကြသည်။ မနက်၅နာရီခွဲ ကျော်ကာစ ဝေလီဝေလင်းမို့လားမသိ။ ဒီနေ့ ဘုရား၌ လူရှင်းနေသည်။ မွေးနံထောင့်မှာ ဘုရားရှိခိုးပန်းလှူပြီူ ကျော်တို့ ဘုရင့်နောင် စစ်ကြောရေးရုံးသို့ လာခဲ့ကြသည်။ ဟိုရောက်တော့ မောင်တို့မနက်ဖြန်အတွက် အစမ်းလေ့ကျင့်ရမှာမို့ မောင်အထဲသို့ဝင်သွားခဲ့သည်။ ကျော်ကတော့ဧည့်ဆောင်ပေါ်တီအောက်၌ မောင့်ကိုစောင့်ရင်း မပျက်ခဲ့သောညက အတွေးတို့ကို ပြန်ဆက်နေမိသည်။......

"ကျော် နင်ဆေးရုံဆင်းပြီးကတည်းက ငူငူငိုင်ငိုင်နဲ့ ဘာဖြစ်တာလဲ" ခရေ့အမေးကို ကျော်ဘယ်လိုဖြေရမှန်းမသိခဲ့။ ဆေးရုံပေါ်မှာ ရည်းစားစကားအပြောခံခဲ့ရပါသည်လို့ ဘယ်လိုမျက်နှာနှင့်ပြန်ပြောရပါ့မလဲ နော်။ ဒီအကြောင်းကိုပြန်တွေးတိုင်းလဲ ကျော်ရင်မောရသည်။

"ကျော် ငါမေးနေတယ်လေ.." ခရေထပ်မေးတော့မှ အသိဝင်လာမိသည်။

"ဘာမှမဟုတ်ပါဘူးဟာ ဒိလိုဘဲ လူကမလန်းလို့ပါ " "ဒါဆိုငါတို့ ဘုရားသွားရအောင်"


ရတနာ့အဆိုကိုလက်ခံပြီး အားလုံးပြည်ချစ်ဘုရားသို့ လှမ်းလာခဲ့ကြသည်။ ဘုရားဘေး ကားparking ၀င်းအတွင်းဆိုင်ကယ်ရပ်ပြီး ဘုရားပေါ်အတက် မြင်လိုက်ရတဲ့မြင်ကွင်းတခုကြောင့် ကျော့်ခြေလှမ်းတွေရပ်တန့်သွားရသည်။

စုံတွဲတတွဲ ကိုထွဋ်နှင့်တခြားကောင်မလေးတယောက်။

ကောင်မလေးက သိပ်လှကာ ဆံပင်တွေက တံခေါက်ကွေးကျော်သည်။ အဖြူရောင်ပုလဲရင်ဖုန်းဝမ်းဆက်လေးနှင့် ကိုထွဋ်က ကော်လာကတုံးနှင့် သိပ်လိုက်ဖက်သည့်စုံတွဲပါ။ ဒါပေမဲ့ ကျော် ၀မ်းသညပီတိမဖြစ်နိုင်ပါ..။ ကိုထွဋ်နှင့်တွဲ၍ မြင်လိုက်ရကတည်းက ကျော့်ကမ္ဘာ အမှောင်ကျခဲ့ရသည်။ သူတို့တွေသိပ်ပျော်နေကြသည်။ ကျော့်ရင်ထဲ၌ သ၀န်တိုစိတ် အားငယ်စိတ် သိမ်ငယ်စိတ်တွေနှင့် ဘယ်ကမှန်းမသိရောက်လာသောမျက်ရေတွေကလဲ ၀ဲနေမိသည်။ ကိုထွဋ်လဲ ကျော့်ကိုမြင်တော့ အံ့အားသင့်စိတ်နှင့် ကျော်ဘာလုပ်လို့လုပ်၇မှန်းမသိခဲ့ပါ။ ကျော့်ဖြေလှမ်းတွေက ထိုနေရာမှာကျောက်ချမိသည့်နှယ်။ ရှေ့ဆက်တိုးလို့မဖြစ်နိုင်သည်မို့ ကျော်ဘုရားပေါ်မတက်တော့ဘဲနောက်လှည့်ပြေးထွက်ခဲ့သည်။ခရေတို့လည်း ကျော်ဘာဖြစ်မှန်းမသိ၍ အံ့အားသင့်ကာကျန်ရစ်ခဲ့သည်။ ကျော် ဆိုင်ကယ်ရပ်ထားသည့်ဘေး သစ်ပင်ကြိးအောက်၌ တယောက်ထဲ ဆောက်တည်ရာမရ ငိုနေမိသည်။

"ကျော်" နောက်မှခေါ်သံကြား၍ မျက်ရေ ကမန်းကတန်းသုတ်ကာ လှည့်ကြည့်တော့ သူ......

"ကျော် အထင်လွဲသွားတာလား ဒါကိုယ့်အမပါ.." "မဆိုင်ပါဘူး ဘာလို့လာရှင်းပြနေတာလဲ" "ကိုယ်လာမရှင်းပြရင် ကောင်မလေးတယောက်သ၀န်တိုပြီးလာကြိတ်ငိုနေမှာပေါ့ ကိုယ်လဲချစ်လို့ မမြင်ရက်ဘူးလေ...ဟုတ်တယ်ဟုတ်" "ကိုထွဋ်နော် ကျော့်ကိုမစနဲ့ " "အင်းမစတော့ဘူး မျက်ရေသုတ်ပြီးလိုက်ခဲ့ ဟိုမှမမနဲ့ မိတ်ဆက်ပေးမယ် " "အင်း"


အမှတ်တရ အဲဒီနေ့လေးကလဲ ဒီဇင်ဘာ ၁၁.......ဒိလိုနဲ့ ကျော်နဲ့မောင် ချစ်သူတွေဖြစ်ခဲ့သည်။ မောင်ကကျော့်ကိုသိပ်ချစ်သည်။ မျက်နှာတချက်အညိုမခံပါ။ သို့သော် အရင်ကလို ကျော်ယောက်ျားလိုလို မိန်းမလိုလို နေခွင့်မရတော့ပါ။ မောင့်အနားမှာ မောင်သွားရာလိုက်ရင်း မောင်ခိုင်းတာလုပ်၇င်းသာ ကျော်နေခဲ့သည်။မောင့် အလိုကျ မိန်းမပိသခဲ့သည်။ ကျော်တို့ချစ်သူဖြစ်ပြီး သိပ်မကြာခင်မှာဘဲ ကျော်တို့ ၁၀တန်းစာမေးပွဲတွေ ပြီးကာ ကျော် မော်လမြိုင်သို့ ပြန်ခဲ့ ရသည်။ မောင်နဲ့ အရင်လို တပတ်တခါမတွေ့နိုင်တော့သော်လည်း မောင်ခွင့်ရက်ရတိုင်း မောင်လာတွေ့သည်။ ညနေ၆နာရီရောက်တိုင်း မောင်ဖုန်းဆက်သည်။ ဒီလိုနှင့် ကျော် ၁၀တန်း အောင်ကာ ကျောင်းပြီးသည်အထိ မောင် နှင့် ကျော် ရန်မဖြစ်ဘဲ သိပ်ချစ်ခဲ့ကြသည်။ ကျော်ကလဲမောင့်အကြိုက်လိုက်ကာ အိမ်ထောင်ရှင်မ ပီသအောင်ကြိုးစားခဲ့သည်။ မောင့်ကို ချစ်စိတ်ဖြင့် အိမ်မှုကိစ္စတတ်အောင် ကျော်ကြိုးစားခဲ့သည်။ ကျော်ဒုတိယနှစ်မှာ မောင်ကျောင်းပြီးပြီး မိတ္ထီလာ၌ တာဝန်ကျခဲ့သည်။ သို့သော် သိပ်မကြာလိုက်ပါ..မောင်ရုရှားသို့ ပညာတော်သင်ဝင်ခွင့် ရသည်နှင့် ပြင်ဦးလွင် စာပေ(၂)၌ ဘာသာစကားသင်ခဲ့ရသည်။ တိုက်ဆိုင်စွာပင် ကျော် ကျောင်းပြီးသည်နှင် ကျော့်အဖေကလဲ သူရှိရာစင်္ကာပူသို့လိုက်လာရန် အမိန့်ချသည်။ ထို့ကြောင့် ကျော်နှင့် မောင် နှစ်ယောက်တိုင်ပင်ပြီး ကျော် စင်္ကာပူသို့ ကျောင်းတက်ရန်ထွက်ခွါခဲ့သည်။ ကျော်စင်္ကာပူရောက်ပြီး ၃လသာ ကြာသည်။ မောင်ရုရှား၌ ကျောင်းတက်ရန်ရောက်လာခဲ့သည်။ ချစ်သူနှစ်ဦး တနိုင်ငံစီခြားနေပေမဲ့ Gtalkနှာင့်Vzo chatတို့ဧ။် ကျေးဇူးဖြင့် နှစ်ယောက်တဘ၀အတူနေနိုင်ခဲ့သည်။ ကျောင်းသွားချိန်မလွဲ၍ ကျော်နှင့်မောင် ထမင်းစားလဲအတူတူ စာကျက်လဲ အတူတူ တယောက်မျက်နှာတယောက်ကြည့်ကာစကားပြောနေနိုင်ခဲ့သည်။ ကျော်တို့ဒီလောက်ချစ်ခဲ့ကြပေမဲ့ အချစ်စစ်မို့လားမသိပါ....ကျော့်ဖေကြီးက စစ်သားမို့ဆိုပြီးမောင့် အားကြည့်မရပါ။ မောင့်မေမေကလဲ ကျော့်အား အလိုက်မသိတတ် ဆိုပြီးကြည့်မရပါ။ နှစ်ဖက်မိဘက သဘောတူတူ မတူတူ တနေ့ကျော်တို့လက်ထပ်ကြမည် ဟုဆုံးဖြတ်ခဲ့ကြသည်။ အရွယ်ရောက်နေတဲ့ ပညာတတ်တွေမို့ မိဘကလဲ သဘောမတူပေမဲ့ ကန့်ကွက်၍မရခဲ့ပါ..နောက်ဆုံးသည်နေ့အချိန် ရောက်ခဲ့သည်အထိ စိတ်ညစ်စရာ ၀မ်းနည်းစရာအခက်အခဲ သိပ်မရှိဘဲ ကျော်တို့ အတူနေရမည့်ရက် နီးကပ်လာခဲ့လေပြီ.....

"ချစ်" "အင်း" တောင်တွေးမြောက်တွေးတွေးနေသည်မို့ မောင်အနားကတ်ခေါ်မှအသံကြားရသည်။

"ချစ် မောင်ခေါ်နေတာကြာလှပြီ...ပြန်ရအောင်နော်" "ဟုတ်" "အိမ်ရောက်ရင် မောင့်ကိုထမင်းချက်ကျွေးနော် ချစ်လက်ရာလွမ်းနေပြီဗျ"

"ဟုတ်" "ဒိကောင်မလေး ဟုတ်တလုံးဘဲတတ်လား " "ဟုတ်" " ဟားဟား..."


မောင့်ကို မစနောက်ရသည်မှာ ကြာပြိမို့ ချစ်စနိုးနှာင့်စနေမိသည်။ ဒီလိုနှင့် ကျော်နှင့်မောင် Taxi ငှားကာ အိမ်ပြန်ခဲ့ကြသည်။ အိမ်ရောက်တော့ မောင်ကြိုက်သည့် ၀က်သား ဆီပြန်နှင့် ကန်စွန်းရွက်ကြော် အတို့အမြုပ်စုံစွာနှင့် ထမင်းတပွဲဖန်တီးပေးတော့ မောင်မြိန်ရှက်စွာ စားသည်။ ဒီလိုနှင့်မောင် ရန်ကုန်မှာ နေသည့်လေးရက်အတွင်း စိတ်ညိုငြင်မှုမရှိအောင်ကျော်ဖြည့်ဆည်းပေးခဲ့သည်။


သို့သော် ကံကြမ္မာကဘဲ ခွဲဖို့ များ ရေးဆွဲထားသလားမသိပါ။ သိပ်မကြာခင်မှာဘဲမောင်တာဝန်ကျရာမိတ္ထီလာသို့ပြန်သွားရသည်။ မောင်ပြန်သွားပြီးမကြာခင်မှာဘဲ ကျော်နေပြည်တော်ရှိ ရွှေဧည့်သည်ဟိုတယ်၌ receptionistရာထူးဖြင့် အလုပ်ရသည်။ မောင့်ကိုပြောပြတော့ မောင်တော်တော်ဝမ်းသာခဲ့သည်။ ကျော့်အလုပ်ပိတ်ရက်တိုင်း မောင်ရှိရာမိတ္ထီလာသို့ကျော်သွားလိုက် မောင့်ပိတ်ရက်တိုင်း ကျော့်ဆီလာလိုက်နှင့် နှစ်ယောက်သားပျော်နေခဲ့သည်။ မုန်တိုင်းမတိုက်ခင် အချိန်နေတနေ့အထိသာပေါ့...

.....ဘ၀မုန်တိုင်းကျတဲ့နေ...ဒီဇင်ဘာ(၉)ရက်...ကျော့်မွေးနေ့............


အခန်း(၆)
ခပ်မှောင်မှောင်အခန်းကျဉ်းထဲ ဆံပင်ဖရိုဖရဲ မျက်လုံးခပ်ကြောင်ကြောင်နှင့် ကောင်မလေးတယောက်။ သူ့အခန်းကျဉ်းထဲမှာလဲ ဒီဇင်ဘာရယ်…ရက်စက်တယ်ဆိုပြီး ရေးထားတဲ့ စာများရှုပ်ပွနေသည်။ ခုတင်ပေါ်ကစောင်တွေကလဲ ကျတ၀က်တင်တ၀က်။ စားပွဲပေါ်ကဆေးပုလင်းများမှာလဲ ပျံ့ကျဲနေသည်။

“ကျော် ဆေးသောက်ရအောင်နော်….” “ကျော်ဆိုတာ ဘယ်သူလဲ အော်ငါ့ကိုပြောတာလား မောင်ရော မောင်ပြန်လာမှဆေးသောက်မယ် မောင်မရှိရင်ဆေးမသောက်ဘူးနော်” “ကျော်ရယ် အကိုက နင့်ကိုဆေးသောက်ဖို့မှာသွားတယ်မဟုတ်လား” “ အင်း မောင်ဘယ်သွားတာလဲ မောင်ဒီတခါသွားတာ အကြာကြီးဘဲနော်…ဘယ်တော့ပြန်လာမှာလဲ အငယ် မောင့်ကိုပြောပေးပါဟာ ငါအရင်လို မဆိုးတော့ဘူး လိမ္မာပါ့မယ်လို့ နောက်ပြီး ငါတို့ လက်ထပ် ဖို့ ငါထပ်မစဉ်းစားတော့ပါဘူးလို့.. မောင့်ကိုအမြန်ဆုံးလက်ထပ်ပါ့မယ်လို့ နော်…” “ကျော်ရယ်……..”


ကျော့်ကိုကြည့်ပြီး ကျွန်တော်ဝမ်းနည်းရုံကလွဲ ဘာမှမတတ်နိုင်တော့ပါ။ တဦးတည်းသော ရှိတဲ့အမကို အကောင်းဆုံးတွေဘဲ ကျွန်တော်ပိုင်ဆိုင်စေချင်ခဲ့တာ။ ကျော်လုပ်သမျှ ဘယ်သူမှမထောက်ခံရင်နေ ကျွန်တော်ထောက်ခံသည်။ ကျော်ချစ်သည့်သူကို ဘယ်သူမှမချစ်ရင်နေ ကျွန်တော်ချစ်ခဲ့သည်။ ကျွန်တော့အမ မျက်နှာညိုတာကျွန်တော်မလိုချင်ခဲ့ပါဘူးဗျာ။ အခုတော့ အကိုရယ် မင်းမရှိတော့ကတည်းက စိတ္တဇဝေဒနာသည် လုံးလုံးဖြစ်သွားတဲ့ ကျော့်ကို မင်းမထားခဲ့သင့်ဘူး။ မင်းနဲ့အတူတခါတည်း ခေါ်သွားသင့်တာပါဟာ…..ကျွန်တော်ကတော့ ကျော့်အဖြစ်ဆိုးကိုကြည့် မျက်ရေကျဖို့ကလွဲ ဘာတတ်နိုင်မှာလဲဟာ…..

၉.၁၂.၂၀၀၉…….
ဒီနေ့ကျော့် မွေးနေ့လေ…မောင်မနက်အစောကြီးလာခေါ်မည်မို့ ကျော်အလှတွေပြင်ထားမိသည်။ ပြီးတော့ ကျော် မွေးသည့်အချိန် ဘုရားသို့အရောက်သွားမည်ဟုပြောထားမိသည်လေ.။ မောင်ကကျော့်ကို သိပ်ချစ်သည်။ ကျော်ပြောသမျှ ဖြစ်နိုင်သမျှ အကုန်လိုက်လုပ်ပေးတတ်သည်။ ညကလဲ ၁၂နာရီတမိနစ်စွန်းရုံလေးကတည်းက Birthday wish ဖုန်းဖြင့်လှမ်းလုပ်သည်။ ဒီမနက် ကျော်နှင့်အတူ ဘုရားသွားမည်ဟုချိန်းထားသည်။ မောင့်ကိုကျော် နဲနဲတော့စိတ်ပူမိသည်။ နေပြည်တော်နှင့်မိတ္ထီလာ အနဲဆုံးတော့ (၃)နာရီလောက်ဆိုင်ကယ်မောင်းရမည်။ အညာဆောင်းမို့ အသည်းခိုက်အောင်အေးသလို ဒီဇင်ဘာမို့ မြူနှင်းများက လူလုံးတောင်မကွဲအောင် အုံ့ဆိုင်းနေသည်။ ဒီလိုခိုက်ခိုက်တုန်အောင်အေးနေသည့်ကြားထဲ ဆိုင်ကယ်မောင်းရမည့်မောင် လေတိုးသည့်ဒါဏ်ကိုလဲ ကြိတ်မှိတ်ခံနေရမှာ။ ကျော်တွေးရင်းမောင့်အားအရမ်းသနားမိသလို ကျော့်ကိုဂရိုစိုက်လွန်းသည့် မောင့်အချစ်တွေအတွက်လဲ ကျော်ဂုဏ်ယူရသည်။ ထိုစဉ် ကျော့်လက်ထဲက Handphoneလေး ထမြည်လာသည်။

“Hello အမိန့်ရှိပါရှင်” “အေးကျော်လား ငါ ထွန်းမြတ်” “အင်း ကိုထွန်း ပြော” “ကျော် စိတ်ငြိမ်ငြိမ်ထားနော် သေချာနားထောင်”

ပြောရင်းနဲ့ အသံတုန်လာသော ထွန်းမြတ်အသံကြောင့် ကျော့်စိတ်ပူမှုအထွဋ်အထိပ်သို့ရောက်လာသည်။

“ကိုထွန်းပြော ငါနားထောင်နေတယ် မောင်တခုခုဖြစ်လို့လား” “ ကိုထွဋ်ဆိုင်ကယ် accident ဖြစ်လို့ အခုထိသတိမရသေးဘူး”

စိတ်ပူမှုကြောင့်ကျော့်ရင်ဘတ်တခုလုံး တဒုန်းဒုန်းနှင့် သွေးတွေကလဲကျော့်ခေါင်းထဲ ထိုးဆောင့်နေသလို။

“ကျော် စိတ်အေးအေးထား ဘာမှမဖြစ်ဘူး” “အေး ကိုထွန်း ဘယ်မှာလဲ ငါဆင်းလာခဲ့မယ်” “မိတ္ထီလာ စစ်ဆေးရုံမှာဘဲ နေရာကိုနင်သိတယ်မဟုတ်လား” “အင်း အခု ငါလာခဲ့မယ်”

အတတ်နိုင်ဆုံးစိတ်တွေကိုငြိမ်အောင်ထားကာ ကျော် ဆိုင်ကယ်Taxiငှားကာ မိတ္ထီလာသို့ဆင်းလာခဲ့သည်။ဆေးရုံရောက်တော့ မောင့်ကုတင်ဘေးမှာ ထွန်းမြတ်နှင့် တခြားသူငယ်ချင်းများကို တွေ့ရသည်။ မောင်မိသားစုများကလဲ ရောက်သည့်ပုံမပေါ်သေးပါ။


“မောင်”…. “အင်းချစ်”….. “သက်သာလားမောင်….ဘယ်လိုနေသေးလဲ…” မောင့်ကိုကြည့်ရသည်မှာ အားမရပါ..။ “မောင်” “ချစ် မွေးနေ့မှာပျော်ရွှင်ပါစေနော်…” “အင်းပါမောင်ရယ် မောင်နေကောင်းအောင်သာနေပါ…”

မောင့်ကိုသာစကားပြန်ပြောနေရသည်။ ကျော့်ငိုချင်စိတ်ကထိန်းမရတော့ပါ။

မောင်ပြောစရာရှိတယ် အရင်လို ကလေးမဆန်နဲ့တော့နော် ချစ်ကိုမောင် အရမ်းချစ်တယ်” “မောင်” “မောင်” “ကိုထွန်း လုပ်ပါဦး မောင့်ကိုခေါ်လို့မရတော့ဘူး မောင်”
“ကျော် ကိုထွဋ်ဆုံးပြီ….”

ဘေးနားကဆရာဝန်တွေ အလုပ်ရှုပ်သွားပေမဲ့ ကျော်ဘယ်သူ့ကိုမှမမြင်ပါ…မောင့်ကိုသာ စိုက်ကြည့်နေမိသည်။ မောင့်ဆီမှာ ဘာဒါဏ်ရာကြီးကြီးမားမားမှမ၇ှိပါ။ မောင် ဆုံးပြိတဲ့ မဟုတ်ဘူး မောင် ချစ်ကို စနေတာဟုတ်တယ်ဟုတ် မောင် နဲ့ချစ်လက်ထပ်မယ်လေ…မောင် ချစ်တို့အတူတူနေကြရတော့မှာလေ… ချစ်မောင့်အတွက်နိုင်ငံခြားကနေအပြီးပြန်လာတာလေ…မောင် ချစ်တို့အတူနေကြမယ်နော်….မောင်…
မျက်ရေတွေဝိုင်းပြီး ရူးမတတ်ဖြစ်နေသောကျော့်ကိုကြည့်ပြီး ကျွန်တော်တို့ဘာလုပ်ရမည်မှန်းမသိခဲ့ပါ..

“ကျော် ငိုချင်ရင်ငိုချလိုက်လေ…အဲလိုတင်းမထားနဲ့” ကျွန်တော်သတိပေးမိပေမဲ့ ကျော့်ကိုကြည့်ရတာ တခုခုကိုတင်းခံနေပုံပါ…. “ကျော် ကျော်”

ရုတ်တရက်သတိလစ် လဲကျသွားသောကျော့်ကို့ကြည့်ပြိး အားလုံးပျာယာခတ်ကုန်ကြသည်။ ဆရာဝန်များဧ။်ပြုစုစောင့်ေ၇ှာက်မှုဖြင့် နှလုံးမကောင်းသော ကျော့် အသက်ကို လုခဲ့နိုင်ခဲ့သော်လည်း……

မောင်…ဒီဇင်ဘာတော့ရောက်ပြန်ပြီ…အိမ်ရှေ့ပြတင်းဝမှာ မြူတွေဝေနေပြီမောင်။ မောင်မရှိတော့ဘူးလို့ သူများတွေကျော့်ကိုပြောကြတယ်။ ကျော်မယုံပါဘူးမောင်ရယ်။ မောင်ကကျော့်ဘ၀လေ မောင်ကကျော့်ရဲ့တခုတည်းသော မျှော်လင့်ချက်လေ။ ကျော့်ကိုသိပ်ချစ်တဲ့မောင် ကျော့်ကိုခနစိတ်ဆိုးသွားတာပါနော် မောင်ကျော့်ကို ခနလေးထားသွားတာပါ။ ကျော့်ကိုမောင်ဘယ်တော့မှ မျှော်လင့်ချက်မမဲ့စေဘူးဆိုတာ ကျော်ယုံနေပါတယ်မောင်ရယ်။ မောင်တနေ့ပြန်လာမယ်လို့ကျော် ယုံကြည်တယ်မောင်။ ကျော့်မွေးနေ့တွေတနှစ်ပြီးတနှစ် ကုန်သွားပါစေ။ မောင်ပြန်လာဖို့ကျော်စောင့်နေတယ်မောင်။ အားလုံးဘဲ မောင့်ကိုတွေ့ရင်ပြောပေးကြပါနော်။ ကျော်တယောက်သိပ်လွမ်းနေပါတယ်လို့ပေါ့…………….

.................................လိပ်ပြာ

No comments:

Post a Comment