Wednesday, 4 May 2011

နောက်ဆုံး.....လမ်းခွဲ



နောက်ဆုံး…လမ်းခွဲ….



မင်းနိုင်ငံခြားပြန်သွားပါ အချစ်”



သူ့ပုခုံးခေါ်က မှီနေတဲ့ ကျော့်ရဲ့ခေါင်း ဆတ်ခနဲထောင်သွားတယ်။ ဆို့နင့်ဝမ်းနည်းလာတဲ့ ဒီဝမ်းနည်းမှုကို အသာအယာသိမ်းလို့ မပီပြင်တဲ့ အပြုံးတခုကိုဖန်ဆင်းရင်း ကျော်မေးလိုက်တယ်။


“ဘာဖြစ်လို့လဲမောင်” “မင်း မင်းအဖေကို အကြွေးတွေဆပ်စရာရှိသေးတယ်ဆို” “ဟုတ်တော့ဟုတ်တယ် ဒါပေမဲ့” “အကြွေးတွေဆပ်ပြိး မင်းဘ၀တိုးတက်အောင်လုပ် ပြီးရင် singaporeမှာ PRတယောက်ဖြစ်အောင် ကြိုးစား အစစအရာရာ အဆင်ပြေပြီဆိုရင် ငါတပ်ကထွက်ပြီးမင်းနောက်လိုက်ခဲ့မယ်”


မဖြစ်နိုင်လိုက်တာ ဆိုတဲ့အပြောကိုကျော်မပြောလိုတော့ဘူးမောင်။ ဦးနှောက်က မောင်ကိုယ့်ကိုအလိုမရှိတော့ဘူးဆိုတာ ပြဆိုနေပေမဲ့ နှလုံးသားက မောင်စိတ်ချမ်းသာပါစေလေတဲ့ ။ ကျချင်နေတဲ့ မျက်ရေကို မောင်မမြင်အောင် တခုတည်းသောသိမ်းဆည်းနည်းက မောင့်ခါးကိုတင်းတင်းဖက် မောင့်အင်္ကျီရင်ဘတ်နဲ့ ကျော့်မျက်ရေ တသားတည်ကျ ပျောက်ဆုံးသွားဖို့ဘဲလေ..လုပ်ရက်လိုက်တာလို့ ကျော်မပြောရက်ခဲ့ဘူး။ ဆိုနင့်လာတဲ့ ခံစားချက်ကိုအသာအယာထိန်း ဝေဒနာကိုဖြေသာစေဖို့ လဲမကြိုးစားချင်တော့ပေမဲ့ မောင်ဝမ်းနည်းမှာစိုးလို့ ဟန်ဆောင်ပြုံးခဲ့တာလဲ ပီမှပီပြင်ပါစလေ ။


“ငါသွားရင် မင်းနဲ့ဝေးသွားမှာပေါ့ ဟန်နီ” “ငါတပ်ထဲမှာမနေချင်တော့ဘူး အချစ်”


ချစ်သူက ရှေ့ကိုဆို ကျော်နောက်ကိုယောင်လို့တောင်လှည့်မကြည့်ဖူးဘူး။ ချစ်သူက သေဆို ကျော့်အသက်ရှူမှုကို ရပ်ဆိုင်းပေးဖို့ဝန်မလေးဘူး ။ ချစ်သူစေလိုရာစေနေဆိုတဲ့နေရာကနေခဲ့သူပါ။ ချစ်သူသွားလိုရာအတွက် ကျော့်ဘ၀ကိုသဲကြိုးတပ် ချစ်သူရယ် ကမ္ဘာပတ်ဦးမလား။ ဘ၀တခုလုံး စုတ်ပြတ်သတ်သွားတယ်ဆိုရင်တောင် ကျော် ပြုံးနေမဲ့သူပါ။ ချစ်သူကကျော့်ဘ၀လေ..ချစ်သူက ကျော့်အသက်လေ..

ချစ်သူကနိုင်ငံခြားက ပြန်လာပါဆိုတော့ ကျော်ဟင်အင်းလို့မငြင်း မောင့်သဘောလို့သာဆိုခဲ့ဖူးတာ။ခုရော မောင်ကပြန်ပါဆိုတော့လဲ မောင့်သဘောပေါ့မောင်ရယ် ကျော့်မှာ ပြန်ပြောစရာစကားမှမ၇ှိတာ
ကျော့်ခံစားချက်ကိုသိတဲ့ မိတ္ထီလာကန်ကြီးက ဆိတ်ဆိတ်ငြိမ်လို့ ကျော့်လိုဘဲဝမ်းနည်းရင်း ကျော်ရယ် နင်အလှချည်လားတဲ့ ။
အတ္တကြီးလွန်းတဲ့ ချစ်သူကို နောက်ဆုံးအနေနဲ့ ပြုံးပြီး ငေးကြည့်နေမိတယ်။ တင်းတင်းရင်းရင်းစုပိတ်ထားတဲ့ နှုတ်ခမ်းလေးက ကျော်သိပ်မက်မောတဲ့ အနမ်းတွေကိုခြွေနိုင်သလို ကျော့်အသက်ကို ချွေမဲ့ စကားတွေကိုလဲ မောင်ပြောနိုင်တယ်လေ။ ထိဆက်လုနိးနီးမျက်ခုံးနက်နှစ်ခုကိုလဲ တွန့်ချိုးထားလိုက်တာ မောင်တကယ်ပြတ်သားတော့မယ်လို့ သန္နိဌာန်ချထားသလို။

“မောင်…ချစ်ကို အာဘွားပေး” “အင်း”


ဟိုးအရင်ကအတိုင်းဘဲ ခပ်ဖွဖွလေးနမ်းတတ်တဲ့ မောင့်အနမ်းတွေက ကျော့်နဖူးဆီသို့ မောင့်အနမ်းတွေမပြောင်းလဲသလို မောင့်စိတ်တွေလဲ မပြောင်းလဲပါစေနဲ့ ဒါပေမဲ့ မောင် မရေရာဘူး ဒါ စိတ်ကူးယဉ်မျှော်လင့်ချက်တခုသာသာပါဘဲလေ…

ဝေးသွားကြတော့မဲ့သူတွေဘဲ ဘာလိုအပ်ဦးမှာလဲတွေးမိပေမဲ့ ချစ်သူဆီက အမှတ်တရတွေအများကြီးယူသွားချင်တယ် ဒါမှဘဲ ကိုယ်ထုတ်ထုတ်လွမ်းနေလို့ရမှာ။ ကိုယ့်နှလုံးသားကျကွဲသံကလဲ ကျယ်လောင်လွန်းနေပေမဲ့ သက်ဆိုင်သူကမသိဘူး။ကိုယ်မောင့်စကားတွေကို ယုံကြည်ပေးခဲ့တယ် မောင်ပြောတိုင်း ယုံတတ်တဲ့ ယုန်သူငယ်လေးလို…..

“ပြန်တော့မယ်မောင် တပတ်အတွင်း ကိုယ်နိုင်ငံခြားပြန်သွားဖြစ်မယ်ထင်တယ်” “အင်း”


ပြတ်သားလှချည်လားလို့ မပြောတော့ပါဘူးမောင်။ နောက်လှည့်မကြည့်တော့ဘူးလို့ဆုံးဖြတ်ထားပေမဲ့ သံယောဇဉ်မပြတ်ဘူး နောက်ဆုံးအနေနဲ့ဘဲဖြစ်ဖြစ် မောင့်ကိုငေးကြည့်နေချင်နေသေးတယ်။


“ချစ် ခန” “အင်း ပြော မောင်” “ ပန်းသီး မင်းစားဖို့ဝယ်လာတာ ကျွေးမလို့မေ့သွားလို့”

အာဒံရယ် နင်ကျွေးခဲ့တဲ့ ပန်းသီးက ဧ၀အတွက်ကျိန်စာတွေဖြစ်ခဲ့သလိုဘဲ မောင်နောက်ဆုံးကျွေးတဲ့ ပန်းသီးနှစ်လုံးက ကျော့်အတွက် တသက်လုံးသင့်နေမဲ့ကျိန်စာတွေဆိုတာ မောင်မတွေးခဲ့ဖူးလားကွာ…မောင်ကျွေးတဲ့ပန်းသီးနှစ်လုံးက ဘ၀မှာနောက်ဆုံးစားခဲ့တဲ့ ပန်းသီးဘဲ။ နောက်ထပ်ပန်းသီးလုံးဝမစားတော့ဘူး။
ဒီလိုနဲ့……………………………..
ကိုယ်အိမ်ပြန်ရောက်တော့ လက်ထဲက handphoneလေး ထမြည်လာသည်။

“ဟဲလို အမိန့်ရှိပါရှင်” “အချစ် မောင် မောင်ပြောတဲ့ စကားကိုနားထောင်နော် တခွန်းမှပြန်မပြောနဲ့” “ဟုတ်”
“မောင် မင်းကိုအရမ်းချစ်တယ် မင်းရဲ့အနားမှာ ထာဝရနေပေးမယ် မင်းစိတ်ညစ်အားငယ်တိုင်း မောင်အနားမှာ မောင်ရှိတယ် မင်း အကယ်၍ မောင့်ကိုမချစ်တော့ဖူးဆိုရင် မောင်ခွင့်လွှတ်တယ် မောင်မင်းမဟုတ်တဲ့ တခြားမိန်းမတယောက်ကို အကြောင်းကြောင်းကြောင့်လက်ထပ်ခဲ့မယ်ဆိုလဲ မင်းခွင့်လွှတ်ပေးပါ ဒါပေမဲ့ မောင် မင်းမျှော်လင့်ချက် ပျက်အောင် ဘယ်သောအခါမှမလုပ်ဘူး မောင့်ဘ၀အတွက် မင်းလိုအပ်တယ် မင်းဘ၀အတွက်လဲမောင်ရပ်တည်ပေးမယ် မောင်တို့ရဲ့ကံကြမ္မာကို မောင်တို့ကိယ်တိုင်ရေးနိုင်တယ်ဆိုတာကိုယုံ.. မောင်နောက်ကို ဒီစကားမျိုးဘယ်တော့မှပြောမှာမဟုတ်တော့ဘူး တခါတည်းမှတ်ထားနော်..ဒါဘဲအချစ် အရမ်းချစ်တယ်..”

နောက်ဆုံးမှာတမ်းလားမောင် ပြောချင်ရာပြောပြိးမင်းဖုန်းချသွားခဲ့တယ်။ နားလည်ရလဲခက်ခဲခဲ့တယ် ဝေးဖို့အမိန့်က သေဒါဏ်မှန်းသိရက်နဲ့ မောင်အမိန့်ချတယ် ပြီးတော့ မောင်ပျားရည်နဲ့ ၀မ်းချ အချိုလေးတွေကျွေးပြန်ရော…မောင်ကိုယ်တိုင်လဲဝေးရဲသလိုမဝေးရဲသလိုလိုနဲ့ …..
တကယ်နားမလည်မဖမ်းဆုပ်နိုင်တော့တဲ့ ချစ်သူရဲ့စိတ်တွေကို လွှတ်ပေးလိုက်တယ်။ ချစ်သူပျော်ပါစေလေ။ ဒိလိုနဲ့ မြန်မာနိုင်ငံရယ် သိပ်ချစ်ရတဲ့ချစ်သူရယ်ကိုချန်ခဲ့ပြီး အားလုံးရဲ့အဝေးမှာ အထီးကျန်ကြေကွဲစွာနဲ့ ကျော်တယောက် မောင့်ကိုလွမ်းနေတယ်ဆိုတာ မောင်သိနိုင်ရင်လေ….သိပ်ကောင်းမှာပါဘဲဗျာ….

အချစ်ဆိုတာ ဘယ်ဘက်ပါးနမ်းပြီးညာဘက်ပါးဖြတ်ရိုက်တာတဲ့ သူငယ်ချင်းတယောက်ကပြောတယ် ကျော့်အတွက်တော့ အချစ်ဆိုတာ မုန့်ကျွေးပြိးရင်ဝဖနောင့်နဲ့ ဆောင့်ကန်ခံလိုက်ရလို့ ပိုးလိုးပတ်လက်လန် ရုပ်ဆင်းပျက်ဆင်းနဲ့ နာကျင်ဒါဏ်ရာရသွားတော့ နာသွားလားဆိုပြီးဆေးထည့် ပတ်တီးစီးပေးပြီးမှ ရင်ဝဓားနဲ့ထိုးသွားတာ အချစ်လို့ထင်မိပါရဲ့ဗျာ…………………………

…………………..လိပ်ပြာ(4.5.11)(12း00AM)

No comments:

Post a Comment