Wednesday, 4 May 2011

မှားနေလား...

မှားနေလား

ငါ့ရင်ခွင်ကိုနင်းခြေမယ့်

နင့်ခြေထောက်တွေကိုမှ
ဖိနပ်စီးပေးမိတယ်

ငါ့နှလုံးသားကိုခွဲမယ့်
နင့်ဓါးကိုမှ
သွေးပေးမိတယ်

ငါ့အသဲကိုယူမယ့်
နင့်လက်တွေကိုမှ
နွေးထွေးစေမိတယ်

ငါ့ကိုဖျားယောင်းတဲ့
နင့်မုသားတွေကိုမှ
ချိုသာတတ်ခဲ့တယ်

ခုတော့…..
နင်စေလိုရာစေ
နေလိုရာနေခဲ့တဲ့ငါ
နင်နဲ့အဝေးဆုံး တစ်နေရာမှာ
အလိုလိုပေါက်ဖွားလာတဲ့
ကြေကွဲမှုတွေ၊
လွမ်းဆွတ်မှုတွေကို
ထွေးပိုက်ရင်း
မင်းကို အနက်၇ှိုင်းးဆုံး
သတိရနေပါတယ်
တစုံတယောက်ရဲ့ကဗျာလေးပါ...အမှတ်တရသို့....

No comments:

Post a Comment