Thursday, 17 March 2016

လူရိုင်းသို့မဟုတ် လိပ်ပြာ



လူရိုင်း(သို့မဟုတ်)လိပ်ပြာ

ကျော်…စကားပြောရင်
ရှေ့နောက်မကြည့်တတ်ဘူး။

ကျော်…အမှန်တရားကိုမြတ်နိုးတဲ့
နှလုံးသားတစုံပိုင်ဆိုင်တယ်။

ကျော်…ကျော့်ရှေ့မှာမတရားဘူးထင်ရင်
ကလောင်ဟာကျော့်လက်နက်ဖြစ်သွားတယ်။

ကျော်…ဒေါင်းယောင်ဆောင်တဲ့ကျီးတွေကို
သေအောင်ရွံရှာတယ်။

ကျော်…အားနာခြင်းဆိုတဲ့စာလုံးပေါင်း
မွေးကတည်းကတတ်မြောက်လာပုံမရဘူး။


ကျော်…ကျော့်အတွက်ကဗျာဟာ
နှလုံးသွေးတစက်

ကျော်…ကဗျာကိုယ့်သားသမီးလို
ယုယပြုစုပြီးသေအောင်မြတ်နိုးတယ်။

ဟုတ်တယ် ဒီလိုစိတ်ဓာတ်နဲ့ကျော်ဟာလူရိုင်း
ဒါပေမဲ့လူယုတ်မာမဟုတ်ဘူး
မယဉ်ကျေးတဲ့ကိုယ့်ကိုယ်ကိုယ်လဲ 
သိမ်ငယ်စိတ်မဝင်ဘူး
ကျော်ဟာလူရိုင်း
လူလိမ္မာယောင်ဆောင်တဲ့လူတွေထက်တော့သာပါသေးတယ်
လူရိုင်းတယောက်ဆိုပေမဲ့
အမှန်တရားနဲ့ခမ်းနားသေးတယ်

လေးစားစွာဖြင့်
လိပ်ပြာ(30.1.2016)(18:16PM)

No comments:

Post a Comment