Tuesday, 15 March 2016

မော်ရွှေမြိုင်



မော်ရွှေမြိုင်တေးထပ်
********** 
တောင်ပတ်လည် ခွေဝိုင်းလို     
ရွှေမြိုင်မြို့နေရာ
မြတ်စိန္တေကျိုက်သလ္လန်မှာ
ဦးတိုက်လို့မျှော်ဖူး။
ဦးခန္တီဦးဇိနကို
ဖူးပြီးမှ ပြန်မယ်စိတ်ကူး။

သံလွင်ခေါ်မြစ်ရာဇာရယ်
သာယာအောင်ရည်စူး
ကွေ့ဝိုက်ကာစီးထွေမြူးပါလို့
လှိုင်းလေလူးလှတယ်။
ခေါင်းဆေးကျွန်းကျိုက်သုတ်မှာလ
အံသြဖွယ် လွန်စွာဆန်းတယ်။

လာရောက်ဖို့မယ်ဖိတ်ခေါ်ချင်
စိတ်ပျော်လျှင်အပြေးသာလှမ်းတော့
စက်စဲခေါ်ပင်လယ်ကမ်းမှာ၊
ယှဉ်နွှဲလို့တူ။

ရွှေမြိုင်ခေါ်ရာမညကိုလ
သာစွမို့လှမ်းခဲ့တော့လေး…။

လေးစားစွာဖြင့်
လိပ်ပြာ
လိပ်ပြာရဲ့မွေးရပ်မြေကိုဂုဏ်ပြုတဲ့တေးထပ်လေးပါ။


Wednesday, 21 October 2015

အလွမ်းရာသီမှားတဲ့လိပ်ပြာ

အလွမ်းရာသီမှားတဲ့လိပ်ပြာ


တမ်းတတတ်တဲ့နှလုံးသားလေးအလိုကျ
ငါကဗျာတွေရေးတိုင်း 
နင့်ကိုမက်မောစွာလွမ်းမိပါတယ်
အရာရာအေးစက်စက်
နင်ဟာ ငါ့အတွက်သူစိမ်းသက်သက်ဖြစ်နေပေမဲ့
အရင်အတိုင်း နင့်နာမည်ကြားတိုင်း
ငါရင်ခုန်နေတတ်ဆဲဘဲ
တိုးတိတ်စွာတိုက်ခတ်
လေညှင်းတွေဘေးကဖြတ်သွားတိုင်း
နင်ငါ့နာမည်လှမ်းခေါ်တာလားလို့
ငါ့အသိတွေဝေဝါးတုန်းပါဘဲ
မာနတခု ငါ့မှာသိပ်ချမ်းသာပါတယ်မောင်
အဲဒီမာနတခုနဲ့အသက်ဆက်
နင်နဲ့အတူဆိုတဲ့နေ့ရက်တွေ
ငါဖြတ်သန်းခွင့်မရတော့ပေမဲ့
ငါ့နှလုံးသားမှာသိမ်းဆည်းထားတဲ့အမှတ်တရတွေ
တိုက်ဆိုင်တိုင်းငါထုတ်ထုတ်လွမ်းနေတယ်
အလွမ်းရာသီမှားဆဲပေါ့မောင်

လိပ်ပြာ(20.10.15)(16:48PM)

လိပ်ပြာရဲ့ဥယျာဉ်မှူး

လိပ်ပြာရဲ့ဥယျဉ်မှူး

အဖေ
လိပ်ပြာဆိုတဲ့မိန်းကလေးဘဝလှအောင်သူ့ရဲ့လက်နဲ့ပန်းပုထုပေးခဲ့တယ်
အဖေ
လိပ်ပြာဆိုတဲ့မိန်းကလေးဘဝလောကဒါဏ်ကြောင့်လဲကျတိုင်းပြန်ထတတ်အောင်သူ့ရဲ့လက်ကိုကမ်းလို့ကြိုပေးပြန်တယ်
အဖေ 
လိပ်ပြာဆိုတဲ့မိန်းကလေးဘဝအမှားတွေဖြစ်လာတိုင်းအမှန်ပြင်ပေးဖို့အဆင်သင့်ရှိတယ်
အဖေ
လိပ်ပြာဆိုတဲ့မိန်းကလေးဘဝကိုဘာသာတရားအဆုံးအမအောက်နာခံတတ်အောင် အဆုံးအမကောင်းတွေပေးတတ်သေးတယ်
အဖေ
လိပ်ပြာဆိုတဲ့မိန်းကလေးဘဝကိုမိဘထက်သာတဲ့သားသမီးဖြစ်အောင်ကြိုးစားချင်စိတ်တွေနဲ့အားဖြည့်ပေးတတ်တယ်
လိပ်ပြာဘဝရဲ့ပဲ့ကိုင်ရှင်အဖေ
လိပ်ပြာဘဝရဲ့လမ်းပြကြယ်စင်အဖေ
ပညာမတတ်တဲ့ဘုန်းကြီးကျောင်းသားအဖေကပညာတတ်နိုင်ငံခြားမှာဘွဲ့ရအောင်သမီးတယောက်ကိုပျိုးထောင်တတ်တဲ့အဖေ
ဘဝကိုသမီးအတွက်သာပေးဆပ်
ပြန်ရလိုခြင်းကင်းတဲ့အဖေ
အဖေ့မေတ္တောအဖေ့စေတနာတွေအတွက်
ဘဝကို မိဘစိတ်ချမ်းသာမှုနဲ့သာပေးဆပ်
သမီးအဖေ့အတွက်ဘဲထာဝရအသက်ဆက်မယ်
ကျေးဇူးဆပ်ခွင့်ရပါရစေအဖေ
လိပ်ပြာ(20.10.15)(17:09PM)

Tuesday, 13 October 2015

နှလုံးသားစမ်းချောင်းထဲကနှင်းဆီဖြူ


လေညှင်းလေးရေ
စမ်းရေအေးအေးတွေတသွင်သွင်စီးဆင်းနေတဲ့ဒီညနေခင်းမှာ ရင်ခုံသံတွေခုန်ပေါက်ဆော့နေသလိုဘဲ
လှလိုက်တဲ့နှင်းဆီတပွင့်
ဖြူစင်ခြင်းအပြည့်နဲ့
မာန်ဝင့်စွာပွင့်နေတာ
သူ့ဘဝသူ့အလှကို
ဆူးခတ်တွေနဲ့ကာရံလို့
ခူးဖို့ခက်အောင်
သတိပေးနေသလိုလို
လေညှင်းလေးရေ
နင်ဖြေးဖြေးတိုက်စမ်းပါဟာ
သူ့အလှသူ့ဘဝလေတိုက်တိုင်းယိမ်းနေတာ
ရွှေရင်ဖိုလိုက်တာ
တဆတ်ဆတ်ခုန်နေတဲ့ဒီရင်မှာ အချိန်မတန်ခင်ညိုးလို့
သူကြွေသွားမှာစိုးမိတယလေညှင်းလေးရေ
နင့်ကြောင့်သူ့အလှမြေမခပါစေနဲ့
နင့်ကြောင့်သူ့ဘဝမကြွေကျပါစေနဲ့
ဖြူစင်ခြင်းအပြည့်နဲ့အစွမ်းကုန်ဖူးပွင့်ပါစေ
မာန်အပြည့်နဲ့အစွမ်းကုန်ဝင့်ထည်ပါစေ
လေညှင်းလေးရေ
ပန်းဖြူဖြူသူ့အပေါ်
ရင်ခုန်မိတဲ့ငါ့အတွက်
ပါရမီဖြည့်တယ်လို့သဘောထား
နင်တိုက်ခတ်တာခနရပ်ထားပေးပါလား
နှင်းဆီဖြူလေးအနာတရဖြစ်မှာစိုးလို့ပါ
လိပ်ပြာ(14.10.15)(10:34AM)

Wednesday, 30 September 2015

နွေတမ်းချင်းသီပါရစေ

နွေတမ်းချင်းသီပါရ စေ


--နွေ------

နွေတဲ့လား-------
လူအကြောင်းအပေါင်းသက်သေ နွေအကြောင်းတပေါင်းသက်သေတဲ့
သစ်ရွက်တွေကြွေလို့ရိုးတံရယ်ခပ်ခြောက်ခြောက်
ဇရာသရုပ်ပြနေသလိုလို
အိုဟောင်းနေတဲ့ဇရပ်အိုက
ဖုန်တလောင်းလောင်းနဲ့
တပေါင်းရယ် မင်းတရားပြနေသလား
ဥသြတွေကလွမ်းတေးဆိုလို့
ကြင်သူဝေးတဲ့သူတွေအတွက်
ငယ်ကျွမ်းဆွေကိုလွမ်းစေတယ်
တပေါင်းရယ် မင်းကအလွမ်းဇာတ်ကနေသလား
သစ်ရွက်ခြွေမှနွေပီသသတဲ့လား
ဥသြတွေလွမ်းတေးခြွေမှ နွေပီသသတဲ့လား
မကြာခင်အနောက်မြောက်မုတ်သုံလေဖြူးလို့
တန်ခူးလဲလာတော့မယ်
တပေါင်းရယ် ကံ့ကော်နံ့တွေနဲ့လက်ကမ်းကြိုနေသလား
သင်္ကြန်ဆိုရင်မိုးတပြိုက်နဲ့
ပိတောက်ရနံ့လှိုင်လှိုင်ခြွေလို့
နွေကိုနှုတ်ဆက်ကြတော့မယ်
တပေါင်းရယ် နင်လဲခွဲခွါရတော့မှာမို့ငိုနေမှာလား
အလွမ်းတွေ အချစ်တွေပျော်ရွှင်မှုတွေနဲ့နွေ
အိုမင်းခြင်းအထီးကျန်ခြင်းတွေနဲ့တရားပြတဲ့နွေ
နွေအလှစာဖွဲ့ပြလို့ကုန်မတဲ့လား
ကဗျာမပီစာမမည်ပေမဲ့အညတရရေးတဲ့နွေတမ်းချင်းမို့သည်းခံလို့ဘဲခံစားပါ
လိပ်ပြာ(10:30AM)့(1.10.2015)

Tuesday, 29 September 2015

တောင်းပန်ခြင်း

မ ရေးတာကြာတဲ့ကဗျာတွေကို ဘယ်လိုစာပြန်ဖွဲ့ရမလဲ လိပ်ပြာတ ကောင် ရဲ့တမ်းချင်းကို ဘယ်လိုဖွဲ့နွဲ့ရမလဲ ဒီအချိန်မှာ ပြောစရာတခုသာရှိတယ် မလွမ်းတာ သက္ကရာဇ်သုံးခုကျော်သွားပြီ

လိပ်ပြာ

Tuesday, 25 September 2012









Saturday, 8 September 2012

Sunday, 19 February 2012

ဖြောင့်ချက်

Image Sharing


ဝေးသွားကြပြီတဲ့.....
တဖက်သတ်စာတန်းထိုးအပြီးမှာ...ငြင်းခွင့်မရှိဘဲနဲ့ ကျော်...ပစ်ဒဏ်စီရင်ခံလိုက်ရတဲ့ အကျဉ်းသားတယောက်လို ဘာမှဖြေရှင်းချက်မပေးနိုင်ဘဲ ခေါင်းငုံ့လည်စင်းခံလိုက်ရတယ်
ရှုံးနေပါတယ်...

Monday, 6 February 2012

ရင်ခုန်ဘက်သို့



သိပ်ဆိုးတဲ့ကိုယ့်ကို
အပြုံးမပျက်သူခွင့်လွှတ်တတ်တယ်
ရင်နာအောင်ကိုယ်လုပ်ရက်လည်း
သည်းခံအပြုံးနဲ့အချစ်ဆုံးလို့သူပြောဖူးတယ်

Sunday, 5 February 2012

လမ်းခွဲပြီးနောက်



အဲဒီနေ့.......
ဘ၀တခုအတွက်တော့ပြဿဒါးဖြစ်လိမ့်မယ်...
"ကလင် ကလင်"
မနက်မိုးမလင်းခင် ဆူညံပွက်လောရိုက်လာတဲ့ဖုန်းသံကြောင့် ....
ဒေါသတွေဆူဝေလာသည်...ဘူလဲကွ ငါ့အိပ်ချိန်ကိုနှောက်ယှက်တာ...
ဆိုတဲ့အတွေးနဲ့ ကြည့်လိုက်တော့ ချစ်သူ..ဆီကဖုန်း

Saturday, 19 November 2011

မြေခြားအလွမ်း



မြေခြားအလွမ်း

နွေခေါင်ခေါင်ပေမဲ့
ရင်အေးစရာဥသြတွေတေးဆိုလို့
သာယာတဲ့ဓလေ့နဲ့
ဘာသာတရားကိုအလေးထားတဲ့မြေ