Wednesday 14 September 2011

မောင်ဖတ်ဖို့ရေးတဲ့တမ်းချင်းသစ်တပုဒ်

မောင်ဖတ်ဖို့ရေးတဲ့တမ်းချင်းသစ်တပုဒ်

Image Hosting


မောင်.....
ဝေးခဲ့ချိန်က၉လတင်းတင်းပြည့်ခဲ့ပြီ....
တပတ်တခါကြားနေကျမောင့်အသံမှာလဲဝေးနေရတဲ့နေရာအကွာအဝေးလိုဘဲ
အချစ်နဲ့အရမ်းကိုဝေးကွာအေးစက်နေခဲ့တာ..မောင်သတိမထားခဲ့ပေမဲ့ မောင့်ကိုအရိပ်တခုလို
တသသလိုက်ကြည့်နေမိတဲ့ချစ်..သိခဲ့ပါတယ်မောင်...
မောင်မကြိုက်လို့မောင်ဆိုတဲ့နာမ်စားကိုလဲမသုံးဖြစ်အောင်ကြိုးစားဖြစ်ခဲ့ပေမဲ့ မောင်ကချစ်ရဲ့တဦးတည်းသော
နှလုံးသားထဲကဘုရင်ပါမောင်...မောင်မေ့ရက်နိုင်လို့ချစ်ရဲ့ခံစားချက်တွေ မောင်လှည့်ကြည့်ပေးဖို့ မောင်မေ့နေတတ်ခဲ့ပေမဲ့ မောင့်အတွက်လို့တွေး မောင့်ကိုအသက်ပေးချစ်တဲ့ ချစ်အတွက်တော့ မောင်လိုရာကို မောင့်အသံကိုနားထောင်ရင်း ဒီတပတ်မောင့်စိတ်အခြေအနေကို မိုးလေ၀ါသလိုဘဲခန့်မှန်းနေမိတာ... နေရာအကွာအဝေးက ချစ်နှလုံးသားထဲက မောင့်နေရာကို ပိုပြီးအေးစက်သွားအောင်မလုပ်နိုင်ပါဘူးမောင်
မောင်ပြောနေကျစကားတွေကိုနားထောင် မောင်ဆုံးမစကားတွေနဲ့ဘဲအသက်ဆက်ခဲ့တာ နှစ်တွေတောင်အလီလီပြောင်းခဲ့ပြီဘဲမောင်..၁၀ကျော်သက်ကလေးဘ၀ကတည်းက ရင်ခုန်ရင်းချစ်ခဲ့ရတဲ့ချစ်သူကို နှစ်ဆယ်ကျော် အစိတ်ရောက်မှ နေရာအကွာအဝေးကအေးစက်အောင်လုပ်နိုင်မယ်လို့ မောင် တွေးလားမောင်....အချစ်ဦးနဲ့ အချစ်ဆုံးမောင့်ကို ဘ၀သေတဲ့အထိချစ်တာ ညာတာမဟုတ်ရပါဘူးမောင်ရယ်...ပုံပြင်သိပ်ပြောကောင်းတဲ့မင်း ငါ့ကိုပုံထပ်ပြောနေတယ်လို့ မောင်တွေးနေပြီလား..မဟုတ်ရပါဘူးမောင်ရယ်..ဘ၀မှာ မိဘမရှိ မောင်နှမမရှိပေမဲ့ မောင်တယောက်ရှိနေလို့သာ ချစ် အသက်ရှင်နေတာအဓိပ္ပါယ်ရှိခဲ့တာ...မောင်ဆုံးမခဲ့လို့ မောင်ပြုပြင်ပေးနိုင်ခဲ့လို့သာ ပေပေတေတေ ဂျပိုးတကောင်လိမ္မာခဲ့တာ..မောင်အသိဆုံးပါ...တကောင်ကြွက်တမျက်နှာ တွယ်တာစရာမရှိခဲ့ပေမဲ့ မောင်ရှိတယ်ဆိုတဲ့အသိနဲ့ ဘ၀ကို အကောင်းဆုံးဖြစ်အောင်ရပ်တည်ချင်ခဲ့တာ...ဒါပေမဲ့မောင် မအပ်စပ်နိုင်တဲ့မောင့်အသိုင်းအ၀ိုင်း နှိုင်းယှဉ်လို့မရနိုင်တဲ့မောင့်ပညာဂုဏ် မောင့်အရေအချင်းဂုဏ်ဒြပ်တွေကြောင့် မောင့်ဘ၀မှာ ချေချစရာနေရာချစ်အတွက်မရှိတာမြင်တိုင်း
တကောင်ကြွက် တမျက်နှာ ဒီကောင်မလေးသိမ်ငယ်ရှက်ရွံ့ တတ်တာ မောင်နားလည်မှာမဟုတ်ဘူး... ငွေကိုမှကိုးကွယ်ရာထင်တဲ့ ဒီလူ့လောကကိုလဲ နာကြည်းမိတာအခါခါ ငွေတမျက်နှာထဲနဲ့ အသက်ဆက်တတ်ကြတဲ့ လူတွေရဲ့အသက်ရှင်ရပ်တည်မှုတွေကိုကြည့်တိုင်း မောင့်တမျက်နှာထဲကိုကြည့် ရှေ့ဆက်ရပ်တည်တတ်နေတဲ့ ချစ်ရဲ့ ရပ်တည်မှုတွေ လမ်းပျောက်အာရုံနောက်ရတိုင်းလဲ မောင်ကပြောတတ်တဲ့စကားတခွန်းထဲရယ် မင်းဘ၀အတွက်ငါရှိတယ် မင်းဘာလို့စိတ်ဓာတ်ကျနေတာလဲ မင်းစိတ်ဓာတ်ကျနေရင် ငါတောင် မင်းဘ၀ထဲမှာရှိမှာ မဟုတ်တော့ဘူးတဲ့... ဒီစကားတခွန်းထဲက လောကကြီးကို အံတုဖို့ အကောင်းဆုံးအားဆေးတခုဘဲ...ဘယ်သူ့ကိုမှဂရုမစိုက်နဲ့ မှန်တယ်ထင်ရင်လုပ်သာလုပ် မင်းအနားမှာငါရှိတယ်တဲ့....ဒီစကားတခွန်းကလဲ ချစ်မိုက်ဖို့ အတွက် မောင်ထောက်ခံပေးခဲ့တာဘဲ...အသိုင်းအ၀ိုင်းမရှိ ဂုဏ်မရှိငွေမရှိ တဲ့ဒီကောင်မလေးဘ၀မှာ မောင်ရှိတယ်လေ... ဒီအသိတခုထဲနဲ့ဘဲ တိုင်းတပါးတပြည်ရပ်ခြားမှာဘာသာစကားကွဲလူမျိုးကွဲတွေနဲ့လဲ ရင်ဘောင်တန်း မောင်နဲ့အတူနေဖို့လို့တွေး ချစ်ရပ်တည်တတ်ခဲ့တယ်...နောက်နှစ်နှစ်ပြီးရင်မောင်တို့လက်ထပ်ကြမယ် မင်းကိုမောင်မျက်နှာမငယ်စေချင်ဘူးတဲ့ မောင်ပေးခဲ့တဲ့မျှော်လင့်ချက်တွေတွေး ကျော့်အသက်ရှူသံတွေလက်ဆက်နေပါတယ်မောင်..မောင်ချစ်ခဲ့ဖူးတဲ့အချစ်တွေကိုတွေး ဝေးကွာခြင်းကပေးတဲ့လက်ဆောင် အလွမ်းတွေကို တယုတယထုတ်ပိုး မောင့်အတွက်တမ်းချင်းတပုဒ် လက်ဆောင်ပေးလိုက်တယ်မောင်..ဝေးကွာခြင်းအတွက်၉လပြည့်အမှတ်တရပါမောင်...
....ဝေးတနေရာက ချစ်ချစ်တဲ့အချစ်တွေ စစ်မှန်ခြင်းကြောင့် ချစ်သိပ်ချစ်တဲ့မောင်တယောက် ဘ၀မှာပျော်ရွှင်အေးမြခြင်းတွေဘဲပိုင်ဆိုင်ပါစေ....
....................................................................မောင့်ရဲ့ အချစ်.....လိပ်ပြာ(၁၄.၉.၁၁)(၄း၁၃PM)
ချစ်ရသူကိုထက်သိစေဖို့ အမှတ်တရ.........

No comments:

Post a Comment