Tuesday 21 June 2016

သံဝေဂကဗျာ



သံဝေဂ ကဗျာ

ကာမဂုဏ် အာရုံတောမှာ
မြောကြတဲ့သူတွေပါ
တောထတဲ့ဤတဏှာကို
ဖြတ်ချင်တာအမှန်ဘဲ့
မာလာထုံ ရဂုံရပ်ကိုဖြင့်
ဂုဏ်အမြတ် တင်လို့ရယ်
ထုံပွားမယ် မေတ္တာအစွမ်းနှင့်
တိသရဏ တည်လို့ကွယ်။ ။

ကာလာစုံမာယာဖုံးနေတဲ့
လောကီကို မခင်တွယ်
ရည်ရွယ်ရာ နိဗ္ဗာန်နန်းဆီသို့
မြန်းချီဖို့ရွယ်။ ။

ဤခန္ဓာ တဏှာ စိုးသမို့
တန်ဖိုးကိုမမြင်တယ်
သက်လှယ်မယ် သံသရာအရေး
တွေးကြောက်လှတယ်။ ။

ဟန်လုပ်သမျှ အပုတ်ကောင်ပါ
ရုပ်ဆောင်တာသိလဲ
အရိုးကိုအရွတ်ဖုံးလို့ ဝတ်စရာအဆင်မရိုးစွာနဲ့
လှချင်ယောင်ဆင်လို့မြန်းပါပေါ့
ဟန်ဆောင်ကာ ဒီလောကရယ်ကြောင့်
မှောင် မထင် ရောင်ရှင်ထွန်းပါတဲ့
သောင်ကျွန်း အမတာ စံရအောင်
ဝနာယံ ရိပ်ဂူနန်းမှာလ
ဓမ္မခန် ဘိက္ခူလုပ်ငန်းရယ်လုပ်လို့
သံယောဇဉ်တကယ်ဖြတ်တော့မယ်
ဆံရိပ်ကိုပယ်။ ။

လိပ်ပြာ(5.6.12)(6:00AM)

No comments:

Post a Comment