Saturday 8 October 2011

နိုးနေသူတယောက်ရဲ့အိပ်မက်

Image Search

နိုးနေသူတယောက်ရဲ့အိပ်မက်


စကားလုံးတွေရဲ့  အောက်မှာ..

ကြွေ ကျစတမ်းဆိုရင်..

မာနဆိုတဲ့ ဝေါဟာရတရားလေးက

ဘယ်ရောက်နေလဲ..?

အကြည့်တစ်ချက်ရဲ့  အောက်မှာ..

မြေခစတမ်းဆိုရင်..

သနားကြင်နာမှုတွေကရော..

ဘယ်ရောက်သွားသလဲ..?

ချစ်ခြင်းတစ်ခုရဲ့  အောက်မှာ..

အမုန်းတရားတွေ့  ပြည့်နေခဲ့မယ်ဆိုရင်..

မျှတမှုဆိုတဲ့ စာနာမှုတွေကရော

ဘယ်ရောက်သွားပြီလဲ..?

ဘာပဲဖြစ်ဖြစ် ချစ်သူ..

ငါ့အတွက်အရာအားလုံး..

ပျောက်ဆုံးသွားမယ်ဆိုရင်တောင်..

မင်းရဲ့ နားလည်မှုလေးတစ်ခုတော့

ငါကျေနပ်စွာ မျှော်လင့်နေပါရစေ။


(ဇီးရိုးနိုင်)(၈.၁၀.၁၁)


နိုးနေသူတယောက်ရဲ့အိပ်မက်


လူဆိုတာမျှော်လင့်ချက်နဲ့အသက်ရှင်နေတာပါချစ်သူ


နိုးနေသူတယောက်ရဲ့အိပ်မက်ကလဲ မျှော်လင့်ချက်ပါဘဲ


မင်းဆိုတဲ့မျှော်လင့်ချက်လေးရှိနေသေးသမျှ


ငါ့ရဲ့ဝင်သက်ထွက်သက်တွေလဲ


ဆက်လက်ရှင်သန်နေမှာဘဲ


အမုန်းတွေတော့မပေးလိုက်ပါနဲ့


ရူးမတတ်ချစ်နေသူအတွက်အမုန်းဆိုတာ


ဆုလာဘ်တခုလို့တော့ မယုံကြည်ချင်ဘူး


ဝေဒနာတွေကြေညာတာကို


ရေရာတဲ့အဖြေမပေးရင်နေပါကွာ


သေချာတဲ့ငါ့အချစ်အတွက်


နှစ်သိမ့်ဆုလေးအဖြစ်


အသိအမှတ်တခုတော့ပြုပေးပါ...


မရေရာတဲ့အနာဂါတ်တွေကိုတော့


ဆုပ်ကိုင်ကျိန်ပြမနေချင်ဘူး


သေသေချာချာပြောမယ်


မင်းကိုငါ့ရဲ့အရာအားလုံးထက်ပိုချစ်တယ်...


ယုံပါလို့တော့မပြောလိုပါဘူး


မလိုချင်တဲ့ဥပေက္ခာတွေမင်းငါ့ကိုမပေးရင်သာ


ငါ့ရဲ့အချစ်အတွက်..ငါဂုဏ်ယူရင်းကျေနပ်


မင်းအတွက်အသက်ပါပေးဆပ်သွားမဲ့သူပါ...


လိပ်ပြာ(၈.၁၀.၁၁)(၉း၂၀PM)


လိပ်ပြာနဲ့ဇီးရိုးနိုင်တို့သူငယ်ချင်းနှစ်ဦးရဲ့ပေါင်းစပ်မှုကဗျာလေးပါ......

No comments:

Post a Comment