Friday 14 October 2011

မုန်းမှာလား...

Image Hosting

မုန်းမှာလား...

ကောင်လေးရေ…………….
လူတွေကပြောကြတယ်
ငါဟာ ဒဿလိုအချစ်ကြီးသူ
လက္ခဏလိုပေးဆက်ပြီးမချစ်တက်တော့
ရာဇ၀င်ထဲက ဒဿလို
လူမုန်းများခဲ့ရပြီပေါ့

ငါက ကိုယ်လိုချင်တဲ့အရာကို
ဆုံးရှုံးရမှာကြောက်တာပါ

အတ္တကြီးတယ်လို့ပဲပြောပြော
ဒဿလို ကိုယ့်ကိုယ်ကိုရော
ကိုယ်ပိုင်ဆိုင်တဲ့ အရာတွေကိုပါ
စွန့်လွှတ်ပြီး ချစ်ဝံ့တယ်

ရာဇ၀င်ထဲက ဒဿ
သီတာကို စွန့်လွှတ်လိုက်ရပေမယ့်
ငါကတော့ မင်းကို
သေရင်တောင် ငါနဲ့ အတူခေါ်သွားမယ်

ဒါမှ နောင်ဘ၀မှာ
မင်းဟာ ငါတစ်ဦးထဲ မူပိုင်ဖြစ်မှာ
ငါက မင်းကို
ခေတ်သစ် ဒဿဂီရိလို့ အပြောခံရအောင်ကို
အရမ်းချစ်တာ………
လိပ်ပြာ(3.4.2008)

No comments:

Post a Comment