Friday 14 October 2011

မောင့်အတွက်သစ္စာ

Image Hosting


မောင့်အတွက်သစ္စာ

တမ်းတခြင်းတွေက အလွမ်းရဲ့ပြရုပ်တခုဆိုရင်
ချစ်သူ…….
နှစ်ဆယ့်လေးနာရီ ပတ်လုံး
ကိုယ် ဟာအလွမ်းကိုအဖော်ပြုနေရတာ

ယုံကြည်မှုမရှိရင် အချစ်ဆိုတဲ့
ကိုယ်တို့နှစ်ဦးသား အတူတကွ
စိုက်ပျိုးထားတဲ့ ကိုယ်တို့ရဲ့ သစ်ပင်ငယ်လေး
မြေသြဇာတွေ ကုန်ခမ်းလို့
ရှင်သန်ခြင်းကင်းရချည်ရဲ့…

နားလည်မှုလေးအမြစ်တည်လို့
ကိုယ်တို့ချစ်ခြင်းလေး ကမ္ဘာတည်အောင်
ရှင်သန်ဖို့ ကြိုးစားရအောင်လား
ကြင်နာသူရယ်

လောကဒဏ်ဆိုတဲ့ မုန်တိုင်းတွေ
ဘယ်လောက်ကြမ်းကြမ်း….
ပတ်ဝန်းကျင်ဆိုတဲ့ မိုးလေတွေ
ဘယ်လောက်ပဲထန်ထန်..
ကိုယ်တို့ရဲ့ သစ္စာတရားတွေကြံကြံခံပြီး
အပြုံးမပျက်ရင်ဆိုင်ကြရအောင်နော်..

စည်းစိမ်ဥစ္စာတွေ ဘာမှမလိုတဲ့
ကိုယ်တို့ရဲ့ ချစ်ကမ္ဘာလေးထဲမှာ
သံယောဇဉ်ဆိုတဲ့ကြိုးလေးတွေနဲ့
ခိုင်မြဲအောင်ချည်နှောင်ပြီး
ကိုယ်တို့အနာဂါတ်လေးလှပအောင်ကြိုးစားကြမယ်လေ..

ဝေးတမြေဆီကနေ တမ်းတခြင်းတွေနဲ့
ခုတော့ ခဏတာအတွက် လွမ်းနေရခြင်းက
တဘ၀စာနီးရဖို့လို့ ဖြေတွေး
ဝေဒနာလေးတွေကို ကြင်နာမှုတွေနဲ့ အစားထိုး
နားလည်မှုလေး နှစ်ဆ တိုးလိုက်ရအောင်နော်

ဒါတွေအားလုံးမင်းနဲ့နီးစေဖို့ ရည်ရွယ်လို့
ကြင်နာသူရယ်
မယုံမကြည် အတွေးနဲ့ဝေဒနာမပေးလိုက်နဲ့နော်
အားငယ်တတ်သူမို့ပါ…………………
လိပ်ပြာ(19.11.2008)

No comments:

Post a Comment