လမင်းသို့တမ်းချင်း
မပြီးဆုံးနိုင်သေးတဲ့ အိပ်မက်တခုကို
စပြီး အရောင်ဆိုးကတည်းက
မပြီးဆုံးနိုင်မှန်း သိသားဘဲ...
ရပ်တည်ခြင်းတွေ
ဖြစ်တည်မှုတွေ
မှားယွင်းနေမှန်းလည်း သိသားဘဲ
မိန်းမသားတစ်ယောက်ရဲ့
မာနတရားတခု ခ၀ါချထားပေးတာ
ချစ်လို့ ဆိုတဲ့ အကြောင်းပြချက် တစ်ခုတည်းကြောင့်
ပေးဆပ်ထားသလောက် ပြန်ရဖို့
မျှော်လင့်ချက် မရှိပေမဲ့
အသည်းကွဲမှာကိုလည်း
လက်မခံချင်ဘူးလေ...
ငါလိုချင်တာနဲ့ ဖြစ်တည်မှုတွေ
ထပ်တူညီမှု မရှိတဲ့အခါ
အရှုံးတွေဘဲရင်ဆိုင်နေရချိန်
ကိုယ့် ကိုယ် ကို နာကြည်းလာတယ်
တခုခုကို မျှော်လင့်လို့ရရဲ့သားနဲ့
မရနိုင်တာကို တနေ့ဖြစ်လာမလားလို့
စောင့်စားနေရတဲ့ငါ့ဘဝ
ကလေးတစ်ယောက်လို လမင်းကို
တမ်းတသူဖြစ်ခဲ့ရပြီ...
ဒါပေမဲ့
ငါခုထိ မိုးပေါ်က လမင်း
ငါ့ရင်ခွင်ထဲ ဆင်းသက်ချိန်ကို
တိတ်ဆိတ်စွာ စောင့်စားဆဲဘဲလေ...
Friday, 14 October 2011
လမင်းသို့တမ်းချင်း
Labels:
ကဗျာများ
Subscribe to:
Post Comments (Atom)
တစ်ခါတစ်ရံ လက်တွေ့နဲ့ စိတ်ကူးအံချော်တဲ့ အခါ ဒီကဗျာထဲက လိုပါပဲ။ ခံစားမိခဲ့တယ်။
ReplyDeleteခင်တဲ့
မေသိမ့်
လိပ်ပြာရေ..ခံစားချက် အစစ်တွေမို့လားမသိ... ဖတ်ရသူတောင် စူးနင့်လို့ပါပဲ....ခံစားအားပေးသွားလျှက်
ReplyDelete