Tuesday 21 June 2016

ဒေါင်းမိခင်ဇာနည်ဘွား



ဒေါင်းမိခင်ဇာနည်ဘွား
@@@@@@@@@@@

ဘာမထီဇာနည်ကွဲ့
အောင်ဆန်းတဲ့စုကြည်
အခေါင်မြန်းလို့တုမမှီပါ
အရောင်လန်းလို့ခုပြည်မြန်မာ
ဆောင်ကြငှန်းတို့နန်းနေရာ
တိုးတက်မှာ လက်ခက်မလွဲ
အဖိုးထက်သာ မှတ်ချက်နဲ့
ဖေ့ခြေရာနင်းမဲ့သမီးတဲ့။ ။

မြန်ပြည်ဝယ် အခြေပြု
စံတည်မယ် အမေစုလို့
မြေထုကိုတဲ့ သက်သေတည်
မဟီပြင်တကယ်ရှား
ဇာနည်မယ် မြန်ပြည်ဘွား။

အောင်ဆန်းခေါ်ဇာနည်သွေးမို့
ရှေ့ရေးနော်သူမြော်မြင်
ပေါ်ပင်တွေ သူ မလိုက်
လူမကြိုက်လဲမမှုပါ
သူ့ပြည်ရွာသာယာစေဖို့
ကြိုးစားကာ ဂုဏ်ဆောင်ပြုတယ်
တုနှိုင်းမမီ ပြိုင်စံရှား
ဒေါင်းမိခင်ဇာနည်ဘွား။    

အမှန်သာအစဉ်တွေး
မြန်ပြည်ရေးကောင်းအောင်ကွယ်
အစဉ်သတိအမြဲဆောင်တယ်
အယူလွဲကိုဖယ်
အမှားအတွေးကိုသူမယိမ်းလို့
အများအရေးဆိုသူမတိမ်းပါဘူး
ဗာလာနံလူမိုက်တွေက
ကာလံဒေသံမရွေး
ကဲ့ရဲ့ဆို အတင်းပိုပြောပေမဲ့
ရဲနီနီ မပြောင်းဝိညာဉ်နဲ့
အမြဲတည်ကြည်ကောင်းသတိယှဉ်တဲ့
ဒေါင်းမိခင်ဇာနည်တပါးပေမို့
အားကျကာတုယူမိတော့တယ်
ကောင်းသတင်းဆောင်လို့
ဒေါင်းဂုဏ်ရောင်တိုးစေဖို့
ဒေါင်းတို့အမေ ဖေးကူထူလိုက်ပ
ဒေါင်းမြန်ပြည်တလွှား။ ။

ကိုဟယ်ရီလွင်၏ကဗျာအားမှီငြမ်းရေးသားပါသည်။

လိပ်ပြာ(5.6.16)(4:16PM)

No comments:

Post a Comment