Friday 3 June 2016

အချစ်ဦး


အချစ်ဦး

မကြင်နာသူ
ရင်မှာဆူလို့
တိမ်းလို့ရှောင်ခွာ
သစ္စာမထား
ချစ်အားမညှာ
မစာနာလို့
မှိုင်းညှို့ငိုရလေပြီလား။

မစာနာသူ
ဗျာပါပူမီး
ရှုမငြီးသည့်
ချစ်သည့်သက်လျာ
မကြင်နာသမျှ
ရင်မျှရင်းလို့
လွမ်းလို့ကြွေရလေပြီလား။

မညှာတာသူ
ရင်မှာပူလို့
မှိုင်းညှို့ရွှေရင်
စိတ်တွင်မရွှင်
ဘဝင်မငြိ
စိတ်မချိလို့
တမ်းလို့ငိုရလေပြီလား။ ။

လိပ်ပြာ

No comments:

Post a Comment