Monday 27 June 2011

သခင်မြင်လှည့်ပါ...

Image Sharing








သခင်မြင်လှည့်ပါ..



သခင်….

အနေဝေးလို့သွေးအေးသွားမှာ



ကြောက်တယ်တဲ့လားသခင်


ဒီရင်နန်းပလ္လင်မှာ


သခင့်အတွက်တနေရာကလွဲရင်


အရာရာဟာဖွဲနဲ့ဆန်ကွဲ


အကျွန်နဲ့မဆိုင်သလိုပါဘဲ….


သခင်သည်သာဘ၀..


သခင်သည်သာအသက်ပါသခင်



အကျွန်ဆိုတာသခင့်အတွက်သာအသက်ဆက်



သခင့်အတွက်ပေးဆပ်လိုသူပါ



ဝေးဖို့အရေးအိပ်မက်တောင်မမက်ရဲသူပါသခင်


သခင်ထားရာနေသခင်စေရာသွားရင်း


သခင့်အတွက်စိတ်ပျော်ရွှင်စေချင်သူပါ…


သခင့်နံဘေးမှာနေရမယ်ဆိုရင်



အကျွန်အသက်ပေးရမယ်ဆိုလဲ



နောက်မတွန့်ပါဘူးသခင်


သခင့်အတွက်အကျွန်လည်စင်းပေးမှာပါ..


သခင့်ထံပါးမှာဝပ်စင်းခယခွင့်ကလွဲရင်


အကျွန့်လိုအင်အားလုံးကို



အစိမ်းချုပ်သိမ်းထုတ်ထားပြီးသားပါ…


အရာရာပြီးပြည့်စုံခြင်းကိုမလိုချင်ပါဘူး


သခင့်အလိုကိုသာမျက်နှာမညိုအောင်



ဖြည့်ဆည်းလိုသူပါသခင်….


သခင့်အတွက်သာဆိုရင်


အနာဂါတ်ဆိုတာကိုရိုက်ချိုး


မာနကိုစတေး


ဘ၀အရေးဆိုတာကိုလဲနေရာမပေးလိုပါဘူးသခင်



စားလဲသခင်သွားလဲသခင်


သခင့်အကြောင်းသာတွေး


သခင့်နံဘေးကျေးတော်မျိုးလေးအဖြစ်


ဝပ်စင်းခွင့်ကိုသာတပ်မက်နေသူပါ…


အဲဒီလောက်ရူးသွပ်နေသူကို


မစာနာမညှာတာစိတ်နဲ့


သခင်ဟားတိုက်မရယ်လိုက်ပါနဲ့


သံသယအတွေးနေရာပေးလို့



ပေးဆပ်သမျှကိုအပိုတွေလို့


ဥပေက္ခာပြု..


သခင်ဂရုမစိုက်ဘဲမနေလိုက်ပါနဲ့သခင်….



ချစ်ခဲ့သမျှကိုအသွားအပြန်လို့မမျှော်လင့်ခဲ့ပေမဲ့


သခင်သာအသိအမှတ်ပြုတယ်ဆိုရင်ဘဲ…


ဒီဘ၀အတွက်တော့ဆုလာဘ်တခုအဖြစ်


အကျွန်ကျေနပ်ထားလို့ပါ…
သခင်ရယ်…………
.



သခင့်အတွက်သာဆိုရင်လေ……..


အကျွန့်လက်နဲ့သခင့်အတွက်


အရာအားလုံး
ဖန်ဆင်းပေးလိုသူဆိုတာ


သခင်တယောက်ယုံပေးပါ……


.....လိပ်ပြာ

No comments:

Post a Comment