Thursday 23 June 2011

နောင်တမဲ့..တဲ့...ငါ...

Image Hosting





နောင်တမဲ့..တဲ့...ငါ…



အချစ်ပေးတိုင်း အချစ်ပြန်ရတတ်သလား

သွားသလောက်ပြန်လာခွင့်မရှိတဲ့ခရီးလိုဘဲ

အပြန်မဲ့လမ်းပေါ် မျှော်လင့်ချက်မဲ့စွာ


လျှောက်နေမိသူပါ


အတ္တတွေမိုးလောက်မြင့်တဲ့နင့်ကိုမှ

ရူးသွပ်စွာဖြည့်ဆည်းပေးနေတဲ့ငါ

သေရာပါမဲ့ဒါဏ်ရာတွေကို

စုဆောင်းမနေမှန်းသိပါတယ်

မာနတွေသိပ်မကိုးကွယ်ပါနဲ့တော့

ဒီရင်ခွင်ကနှလုံးသားတစစီဖြစ်နေတာ

မင်းကိုစချစ်မိပြီဆိုကတည်းကပါ

ချစ်တာတွေပြောမပြချင်တော့ဘူး

မိကျောင်းမင်းရေခင်းပြလဲ

ပြန်ရမှာက ဥပေက္ခာဘဲ

ရက်စက်တတ်တဲ့မင်းနှလုံးသားမှာ

ပြည့်နှက်နေတာအမုန်းတွေမဟုတ်မှန်းတော့

ငါမြင်နေရတယ်

လစ်လျူရှုကျောခိုင်းထားလိုက်ပါ

ဒီလူဖြေသာစေဖို့တွေးနေတဲ့အတွေးတွေကို

အသိအမှတ်ပြုပါလို့လဲမပြောလိုဘူး

ပေးဆပ်ခွင့်မရှိရင် သေလောက်အောင်

ဒါဏ်ရာရင့်နေသူမို့

တဖတ်သတ်လို့ပြောလဲငါကျေနပ်တယ်

မင်းပေးတဲ့ဝေဒနာတွေအတွက်

ငါ့အသက်ပေးရမယ်ဆိုရင်တောင်

ယူသွားလိုက်ပါဟာ

ဒီတဘ၀ထဲအတွက်မဟုတ်ပါဘူး

သံသရာအဆက်ဆက်အတွက်

နောင်တမဲ့သူ……ငါ……

…..လိပ်ပြာ(1း23AM)(23.6.11)


No comments:

Post a Comment