Saturday 11 June 2011

အလွမ်းတွေပွင့်တဲ့...ဆောင်း

Image Upload





အလွမ်းတွေပွင့်တဲ့ဆောင်း



မောင်ရေ...
မြူနှင်းဖွေးဖွေးတွေတောင်

ခပ်ပါးပါးလွှမ်းစပြုလာပြီနော်




နွေနဲ့မိုးဆောင်းဘယ်လောက်တောင်ပြောင်းပြောင်း

ငါ့ရင်ဘတ်ထဲမှာနင်ရှိဆဲပါမောင်




ပစ်ချက်တွေဗရပွနဲ့ငါ

ပြန်လာပါလို့လဲမတောင်းဆိုရဲဘူးမောင်




ချစ်တာကိုသစ္စာဆိုပြတော့လဲ

သရုပ်ဆောင်တာလို့ထင်မဲ့မင်းကို


အစစ်တွေပါလို့လဲချမပြရဲတော့ဘူး




တကယ်ပါဟန်နီရယ်

ယုံပါလို့မပြောသာပေမဲ့


ဒီရင်တနေရာမှာမင်းအတွက်ကလွဲရင်


ထပ်ဖြည့်စရာနေရာအပိုမရှိတော့လို့ပါ




မင်းသိရဲ့လားဟန်နီလေးရယ်

မင်းဟာငါ့ဘ၀ငါ့အသက်ငါ့အနာဂါတ်ပါ




မင်းအလိုကျသာအသက်ဆက်တတ်တဲ့ငါ့ကို

ဟာသတခုလိုသဘောထား


မင်းရက်စက်သွားချိန်မှာတော့


ငါ့ကမ္ဘာမှောင်အတိကျ ရင်ကွဲခဲ့ရတာ....




နောင်မှရတဲ့နောင်တတွေပွေ့ပိုက်

စိတ်ချမ်းသာအောင်မထားနိုင်ခဲ့တဲ့အတွက်


ရင်ဘတ်ထဲတဆစ်ဆစ်နာနေခဲ့တာ




တခဏတာပါလို့ ကြိုသိခဲ့ရင်


ငါ့အတ္တတွေလျှော့လို့


မင်းသဘောကိုဦးစားပေးမိမှာ




ခုတော့

နောင်မှရတဲ့နောင်တတွေနဲ့


ငါ့အနာဂါတ်တွေပြိုလဲ


မင်းကိုလွမ်းတဲ့အလွမ်းနဲ့သာအသက်ဆက်နေခဲ့မိတာ




ငါဆိုတဲ့လိပ်ပြာတကောင်ရဲ့ဘဝ


အရာရာအသက်မဲ့ခဲ့ရတာ


မင်းသိခဲ့ရင်


သတိရရင်းလွမ်းနေသူ့ရင်ကို


စာနာတွေးလို့


အလေးထားပေးပါကွာ....


.....လိပ်ပြာ....(25.10.10)(2း00PM)




No comments:

Post a Comment