Friday 10 June 2011

ချစ်ရသူသို့

Image Hosting







ချစ်ရသူသို့...



ကောင်လေးရေ….


သတိရစရာအမှတ်တရတွေကို

တစစီလိုက်ကောက်ရင်း


အတိတ်ကိုစားငါကြီးထွားနေတာ


နင်သိရင်….အပစ်တင်မှာလားဟာ



ဒီရင်တနေရာက

နင့်အကြောင်းကလွဲရင်


ငါတွေးစရာလဲမရှိဘူး


ရေးစရာလဲမရှိဘူး


ပေးစရာလဲနေရာမပိုဘူး



လောကကြီးကဆုလာဘ်တခုပေးမယ်

လိုရာသာတောင်းပါဆိုရင်


ငါချစ်တဲ့မင်းနဲ့အတူနေခွင့်တခုသာ


မက်မောမိပါရဲ့ဟာ….



နင်စေလိုရာအတွက်..

ကကြိုးရုပ်ဖြစ်ခဲ့ရတဲ့ငါ့မှာ


ကိုယ်ပိုင်ဆန္ဒဆိုတာ


ယောင်လို့တောင်မတွေးမိခဲ့ဘူး



နင့်အတွက်…နင့်အတွက်နဲ့

အိပ်မက်မက်ရင်တောင်နင့်အတွက်ဘဲ…


စိုးမိုးလွန်းတဲ့နင့်အကြောင်းကိုငါတွေး


အဝေးကနေအသက်ဆက်ရတာ


ပင်ပန်းလွန်းလှပြီဟာ




ဘယ်သူတွေဘာဘဲပြောပြောကွာ

ငါချစ်တာနင်မှန်းနင်သိခဲ့ရင်


နင်ယုံကြည်တဲ့တနေ့ကျရင်


ဖူးစာစုံဖက်ပေါင်းဖက်ကြရအောင်ဟာ


အလွမ်းတွေကသိပ်ခါးလို့ပါ….


……………………………………..အသဲကွဲလိပ်ပြာ

……………………………………….(25.2.2011)(7း10PM)


No comments:

Post a Comment