Tuesday 21 June 2011

အသက်ပေးချစ်မဲ့သူ....

Glitter Images Free Image Hosting Photo Sharing



အသက်ပေးချစ်တဲ့သူ….


အချစ်ဦးမို့လဲရူးမတတ်ချစ်ခဲ့သူပါမောင်


သေရာပါမဲ့ဒီဝေဒနာအတွက်


ဖြေသာစရာဆေးမရှိတာလဲ


ဒီလူသိပြီးသားပါမောင်.......


ပစ်ချက်မကင်းသူမို့မင်းလစ်လျှူရှူတာကိုလဲ


အပစ်လို့မဆိုသာခဲ့ပါဘူး


မခမ်းနားတဲ့ရင်ဘတ်အစုတ်တခုရဲ့


မထည်ဝါလှတဲ့ပြယုဒ်တခုမို့


အသိအမှတ်ပြုပါလို့လဲ


မတောင်းဆိုလိုပါဘူး


မာနချင်းစစ်ခင်းတဲ့ဒီပွဲမှာ


ငါအလဲအကွဲရှုံးခဲ့ရသူပါမောင်


ကြော်ငြာစရာမလိုတဲ့ဒီဇာတ်လမ်းအဆုံးသတ်က


ကြေကွဲခြင်းဆိုတာကိုလဲ


နားလည်ခဲ့ပါရဲ့မောင်


ဇာတ်နာတယ်လို့လဲ


အပြစ်မတင်ချင်တော့ဘူး


အရာရာကိုကံတရားလို့ဖြေတွေး


ငါဒူးထောက်ခေါင်းငုံပေးထားတယ်


ငါ့နှလုံးသားတခုနဲ့လောက်ငှပါရဲ့လား?


နင်လိုရင်ငါ့အသက်ပါ..ယူသွားလိုက်ပါမောင်…


......................................လိပ်ပြာ(4.4.11)(5း00AM)


I

No comments:

Post a Comment