Monday 27 June 2011

တိတ်တိတ်လေးလွမ်း

Image Sharing










တိတ်တိတ်လေးလွမ်း



အမှတ်မ၇ှိတဲ့နှလုံးသားလေး



တဆစ်ဆစ်နာကျင်စွာခံစားနေရဆဲဆိုတာ




သက်ဆိုင်သူသိစေချင်လိုက်တာ




ငါဒီလောက်ပေးဆပ်ချစ်တာတောင်



ပြန်ရတာမညီမျှခြင်းတွေဘဲ




ဥပေက္ခာပြုစော်ကားတတ်တဲ့



ချစ်သူ့နှလုံးသားလေးက




ဘာတွေနဲများတည်ဆောက်ထားလေသလဲ




ခံစားတတ်တဲ့ငါ့အမှားများလား



ခုထိနေသားမကျဘူး




သက်ရောက်မှုတိုင်းအတွက်



တန်ပြန်သက်ရောက်မှု၇ှိတယ်ဆိုတဲ့




နိယာမကဘဲမှားနေတာလား




အချစ်ဆိုတာ



အလျားအနံမ၇ှိပေမဲ့




အသွားအပြန်၇ှိတယ်ဆိုတာကရော




ငါနဲ့မသက်ဆိုင်လို့များလား




ဘာလို့လဲဟန်နီရယ်



အမှတ်တရပေါင်းများစွာနဲ့တည်ဆောက်ထားတဲ့



ငါတို့ရဲ့အတိတ်ကမ္ဘာလေးထဲက




မလွတ်မြောက်နိုင်တဲ့ငါ




မင်းမရှိတော့လဲ




တိတ်တဆိတ်ဘဲခုထိလွမ်းတယ်




မင်းမသိတဲ့ထောင့်လေးတထောင့်မှာ



မင်းမသိလဲတိတ်တိတ်လွမ်းနေမိတယ်


.....လိပ်ပြာ

1 comment:

  1. တိတ်တိတ်လေး လွမ်းနေသူဆီ လာပြီး အလွမ်းတွေ မျှဝေ ခံစားသွားတယ် ..လိပ်ပြာရေ....ကောင်းသောနေ့လေး ဖြစ်ပါစေလို့ ဆန္ဒပြုရင်း..

    ReplyDelete