Sunday 19 February 2012

ဖြောင့်ချက်

Image Sharing


ဝေးသွားကြပြီတဲ့.....
တဖက်သတ်စာတန်းထိုးအပြီးမှာ...ငြင်းခွင့်မရှိဘဲနဲ့ ကျော်...ပစ်ဒဏ်စီရင်ခံလိုက်ရတဲ့ အကျဉ်းသားတယောက်လို ဘာမှဖြေရှင်းချက်မပေးနိုင်ဘဲ ခေါင်းငုံ့လည်စင်းခံလိုက်ရတယ်
ရှုံးနေပါတယ်...
ဒါပေမဲ့ လူသိအောင်တော့မရှုံးပါရစေနဲ့...မင်းမကျေနပ်ရင် ငါ့ကိုအရွဲ့တိုက် ကြိုက်တဲ့လူနဲ့တွဲတဲ့... ခင်ဗျားလေးကိုအရွဲ့တိုက် ကျော့်စိတ်ကြိုက် တွဲလိုက်တော့ရော ကျော်ဘာပြန်ရပါသလဲ မေးပါရစေ... ခင်ဗျားဘ၀ကိုအလည်လာပါရစေလို့ ကျော်ခွင့်တောင်းဖူးလား...
ခွင့်မတောင်းဘဲဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက် ခင်ဗျားအတွက် ကျော်က သံလယာဇရပ်သာသာပါ... သိပ်တော်တဲ့မိန်းမတွေမှာ မာနတခုက ကောင်းကောင်းချမ်းသာပါတယ်ကွာ..မင်းငါ့ကိုမေ့နိုင်မှာပါတဲ့..
ဒါဏ်ရာဆိုတာ အရှင်းပျောက်သွားရင်တောင် အမာရွတ်ကျန်တယ်...
ခင်ဗျားမသိလို့ပါ..ခင်ဗျားရှေ့က သိပ်လှအောင်ပြုံးထားတဲ့အပြုံးမှာ ခင်ဗျားအသေသတ်ထားတဲ့ နှလုံးသားရဲ့အော်ညည်းသံတွေ အပြည့်နဲ့...
မမြင်ချင်လို့ဝေးရာသွားလဲ နေ့တိုင်းမြင်နေရတဲ့ခင်ဗျားရဲ့မျက်နှာ ကို
အမုန်းအပြည့်နဲ့ စိုက်ကြည့်ချင်တယ်...
ခက်တယ်...ကျော်ခင်ဗျားကိုမမုန်းဘူး......
မုန်းလို့မရဘူး...တနေ့ ဆိုတဲ့အတွေးတွေနဲ့ ပြန်လာနိုးနိုးမျှော်လင့်နေတဲ့
နှလုံးသားက ခင်ဗျားအတွက်တော့ အသုံးမ၀င်တဲ့အရှုပ်တခုပါ...
ဥပေက္ခာပြုဟန်ဆောင်ထားတဲ့ ဒီမျက်ဝန်းတွေရဲ့ တွယ်ငြိမှုကို အရေးတယူခင်ဗျားမရှာဖွေလိုဘူး ဆိုတာ ကျော်သိပါတယ်
အမှတ်တရ ဆိုတာ ထက်ပိုတဲ့ခင်ဗျားပြောသမျှတွေ ခင်ဗျားရဲ့ လှုပ်ရှားမှုတွေ
ကျော့်ရင်ထဲမှာ စူးတချောင်းဝင်နေသလိုပါဘဲ.....
ကျော့်နှလုံးသားကို အသေသတ်ရလို့ ခင်ဗျားပျော်နေပါသလား....
နောက်ထပ်ဂုဏ်ယူလို့ရအောင်ထပ်ပြောပါရစေ....
ဘ၀တခုလဲပျက်သုဉ်းရည်းမှန်းချက်အနာဂါတ်လဲ အရှုံးပေါ်နေပါပြီ...
ကျေနပ်လို့ လက်ခံပေးပါ....
အရှုံးသမားရဲ့ဖြောင့်ချက်...ခင်ဗျား ရဲ့ အောင်မြင်မှုအတွက်ပါ...
..................................အသဲကွဲလိပ်ပြာ

No comments:

Post a Comment