Monday 6 February 2012

ရင်ခုန်ဘက်သို့



သိပ်ဆိုးတဲ့ကိုယ့်ကို
အပြုံးမပျက်သူခွင့်လွှတ်တတ်တယ်
ရင်နာအောင်ကိုယ်လုပ်ရက်လည်း
သည်းခံအပြုံးနဲ့အချစ်ဆုံးလို့သူပြောဖူးတယ်

ကိုယ်သာသခင်ကိုယ်သာဘုရင်လို့တွေး
ကိုယ့်အတွက်သူသစ္စာရှိပေးတယ်
စိတ်ဓါတ်ကျလွယ်တဲ့ကိုယ့်အတွက်
ကိုယ်ဘက်သူအမြဲရှိတယ်
အားငယ်တတ်တဲ့ကိုယ့်ဘေး
သူထာဝရရပ်တည်ပေးတယ်
တကိုယ်ကောင်းဆန်တဲ့ကိုယ့်အတွက်
သူ့ဆန္ဒတွေစတေးတတ်ပြန်တယ်
အနိုင်ယူတတ်တဲ့အကျင့်ဆိုးပိုင်ဆိုင်သူကိုယ့်ကိုလည်း
ရင်နာလျှက်နဲ့သူပေးဆပ်တယ်
ပါရမီရှင်ရင်ခုန်ဘက်ကလေးရေ.....
အရာရာပေးဆပ်ချစ်တတ်တဲ့မင်းအတွက်
ကိုယ့်နှလုံးသားရဲ့ဘယ်ဘက်တခြမ်းကို
ထာဝရအတွက်အပ်နှင်း
ကိုယ့်ဘ၀နန်းပလ္လင်မှာ
ရင်ခုန်ဘက်ကိုနန်းတင်ချင်တယ်
ယုံကြည်အောင်မနေတတ်တဲ့ကိုယ့်မိုက်ပစ်အတွက်
ကိုယ့်အသက်ကိုအပ်နှင်း
အင်းလေးရဲ့အစေအပါးအဖြစ်ပြန်ပေးဆပ်ခွင့်ရချင်တယ်
ရင်ခုန်ဘက်ကလေးရေ...
မင်းထာဝရစိတ်ချမ်းသာဖို့အရေး
ကိုယ့်အတ္တတွေစတေးချင်တယ်
ယုံကြည်ပေးပါရင်ခုန်ဘက်ကလေးရေ
ကိုယ်ဟာမင်းအတွက်အသက်ဆက်ရှင်နေတယ်ဆိုတာ
ရင်ခုန်ဘက်ကလေးယုံကြည်နားလည်စေချင်တယ်ကွာ..
(အစစအရာရာစတေးကိုယ့်ကိုပေးဆပ်ချစ်ခဲ့တဲ့ ချစ်သူကိုထက်အတွက်)
အသဲကွဲလိပ်ပြာ(6.2.12)(6း00PM)

No comments:

Post a Comment