Friday 3 June 2016

မလေးပျိုအတွက်နှင်းဆီဖြူ


မလေးပျိုအတွက်နှင်းဆီဖြူ
      $$$$$$$$

တောတန်းနံဘေး
လမ်းကလေး
ငှက်ကျေးတွန်သံသာလှတယ်

စမ်းချောင်းကလေး
စီးရေအေး
ကြည်အေးသာယာလွန်းလှတယ်

နှင်းဆီဖြူကွယ်
စမ်းဘေးမယ်
ရှုဖွယ်သူလေပေါက်နေတယ်

မာနဆူးများ
ကာရံထား
ခက်သားခြူလို့ခူးရန်ကွယ်

တပွင့်ထဲဝယ်
သူပွင့်တယ်
ခူးကွယ်မလေးပန်ဖို့ရယ်

ပန်ဆင်ဖို့ရာ
ခူးပေးမှာ
ချစ်တာသိဖို့သက်သေကွယ်

တောတန်းစမ်းချောင်း
သိစေကြောင်း
သွေပြောင်းသစ္စာမဖီကွယ်

ချစ်လှပါသည်
သစ္စာတည်
နှင်းဆီဖြူဖြူပန်ပေးမယ်

မလေးခင်ရယ်
အလှကြွယ်
ရှက်ဖွယ်ပြုံးလို့နေလေတယ်။ ။

    လေးစားစွာဖြင့်
       လိပ်ပြာ
 , (29.1.2016)
    (21:03PM)

No comments:

Post a Comment