Friday 3 June 2016

အမောင်လက်လျော့နေပါတော့



@အမောင်လက်လျော့ နေပါတော့@
®®®®®®®®®®®®®®®®®®

မရည်ရွယ်ဘဲ
စော်ကဲမင်းဖြစ်သလား။

အချစ်မရှာသူကို
သဒ္ဒါမူပိုပိုနဲ့
ကိုလူပျို 
အချိုကျွေးလို့
ကလေးအထာနဲ့
ချစ်ပါသနားပါလို့
ဆိုစကားဆိုလိုဆို။

အပိုသနားဖို့မရှိသူပါ
သက်ထားကညာ
မာနထိပ်ခေါင်တင်မို့
ဟိုအမောင်ရိပ်ကြီးသာခိုပါတော။
လူ့ဘောင်ကိုအမောင်စွန့်သော်လည်း
ခင်မမှာဒီတဘဝစာတော့
ရည်ရွယ်ရာနိဗ္ဗာန်ဆုပန်မို့
အစိန္တေမြတ်ကိုသာမှန်း
တကိုယ်တည်းသာ
အပျိုကြီးဖြစ်ချင်တော့တယ်
အမောင်လက်လျော့နေပါတော့။ ။

လေးစားစွာဖြင့်
လိပ်ပြာ

No comments:

Post a Comment