Friday 3 June 2016

သခင်သိပါစေ

သခင်သိပါစေ


သခင် စိမ်းရက်လေသလား
တိမ်းရှောင်ဖယ်သခင်ကစားတော့
ပုန်းရှောင်ကာ ကြိတ်ငိုမိတယ်
ကြွေမျက်ရည်များ။

သခင်မချစ်လေတော့
သစ္စာပြယ် ရင်မှာမချိပေမဲ့
ချစ်တာကိုသခင်သိစေဖို့
အားတင်းကာဟန်ဆောင်ပြုံးရတယ်
မုန်းရက်လေအား။ ။

သခင်မုန်းလေတော့
ချစ်တာကိုအပစ်မြင်
အသစ်ရှာကာ ပစ်ချင်
လစ်ဟာလာယုယမှုတွေနဲ့
အတုသာသာ မေတ္တာတရားတွေကြောင့်
သခင်ရယ် စိမ်းရက်လေအား။ ။

လေးစားစွာဖြင့်
လိပ်ပြာ{18.5.2016)(2:09AM)

No comments:

Post a Comment