Thursday 2 June 2016

သခင်စိမ်းရက်လေသလား



သခင်စိမ်းရက်လေသလား
@@@@@@@@@@

အလွမ်းတွေ လေမှာဝဲလို့
အပန်းမပြေ ဖြေရာမဲ့ပြီပေါ့
တွယ်ရာမဲ့ကြွေလွင့်ခဲ့ရွက်ငယ်လို
လွမ်းဗျာပါပို။

လွမ်းရွက်ကြွေ လေမှာဝဲရင်ဖြင့်
တမ်းရက်ရှည် ဝေဒနာဖွဲ့ပြီပေါ့
ဖြေရာမဲ့ငို။

ချစ်ရသူတကယ်မသိလေသလား
တွယ်ငြိသူ ဗျာပါပူမိပြီပေါ့
တမင်တကာရင်မှာစိမ်းရင်ဖြင့်
မကြင်နာသူ ရှောင်ကာတိမ်းပေမဲ့
မိန်းမသားဘ၀မို့ အလွမ်းကို
ပန်းလိုသာပွေ့ရပြီဘဲ။

သခင်သိစေတော့၊
ရင်မချိသူဗျာပါပွါးပေမဲ့
သက်လျာတပါး သည်းညှာမှာ၊
ဝှက်ကာထားတဲ့ ချစ်သည်းလွှာကို၊
သခင်မြင်ပါ ပြောချင်လှလည်း၊
မနောရယ်မရွှင်ပြီမို့
ဟန်ပြင်ကာ မာယာသုံးရတယ်
မိန်းမသားတို့အသည်း။ ။

လေးစားစွာဖြင့်
လိပ်ပြာ

No comments:

Post a Comment