Thursday 2 June 2016

ခင်မမောင့်ဆီပြန်ချင်သည်။



ခင်မမောင့်ဆီပြန်ချင်သည်။
@@@@@@@@@@@@@

အလွမ်းစာစီ
ကဗျာသီလို့ 
ပန်းချီချယ်သ
မလွမ်းရခင်
ခင်မမောင့်ဆီပြန်ချင်သည်။

လွမ်းရပါသည်။
မြန်ပြည်ဆီသို့
ရည်ရွယ်မျှော်မှန်း
ရော်ရမ်းတမ်းတ
ခင်လွမ်းရလို့
ရတက်ပွေပြီး
ဗျာပါမီးပူ
ချစ်သူမောင့်ထံ
စိတ်သန်ရည်လို့
တီတီတာတာ
ဆိုလိုပါလည်း
စိတ်သာရှိသည်
ခင်မမောင့်ဆီပြန်ချင်သည်။

တပြည်ခြားမှာ
နီဝါအသား
ကွာခြားသူများ
ပေါငြားပေလည်း
သွေဖီစာရိတ္တ
အကျင့်ခြားလို့
ဖောက်ပြားသစ္စာ
မထားငါးလီ
ပဉ္စသီနှင့်
ထိုထိုပုရိ
လူ့အန္ဓကြား
မနေလိုပြီ
လွမ်းရပါသည်
မြန်ပြည်ဆီသို့
ခင်မမောင့်ဆီပြန်ချင်သည်။


       လေးစားစွာဖြင့်

          လိပ်ပြာ

       18.4.2016
        11.00.AM



No comments:

Post a Comment