Friday 3 June 2016

စံပယ်ဖြူဖြူတောင်းဆုယူ



စံပယ်ဖြူဖြူ တောင်းဆုယူ
@@@@@@@@@@@@

စံပယ်ဖြူဖြူ
ရနံ့ကြူ
ပန်းဖြူဖြူဖွေးရနံ့အေး။

စံပယ်ဖွေးဖွေး
ရနံ့အေး
မိုးလေးအေးမှ ပွင့်ချိန်ရွေး။

စံပယ်ရနံ့
သင်းပျံ့ပျံ့
မွှေးနံ့အာကာတခွင်နှံ့။

စံပယ်စံပယ်
ထူးခြားတယ်
မောင်မယ်တူတူဆုပန်မယ်။

စံပယ်ဖြူဖြူ
သစ္စာတူ
ချစ်သူမောင်နဲ့ပေါင်းဖို့ရွယ်။

စံပယ်ဖြူဖြူ
ဘုရားလှူ
ချစ်သူမောင့်အတွက်ဆုတောင်းမယ်။

စိန္တေပါးမယ်
တောင်းဆုရွယ်
စံပယ်ဖြူဖြူလှူရင်းကွယ်။ ။

လေးစားစွာဖြင့်
လိပ်ပြာ(၂၃.၄.၂၀၁၆)(1:00AM)

No comments:

Post a Comment