Thursday 13 October 2011

ချစ်သူ..စစ်သားကြီးနှင့် စစ်သားချစ်သူ..လိပ်ပြာ

Photobucket
ချစ်သူ..စစ်သားကြီးနှင့် စစ်သားချစ်သူ..လိပ်ပြာ

စစ်ဆိုရင်ရေတောင်စစ်မသောက်ချင်ဘူးဆိုတဲ့ဖေဖေ့စကားဘေးချိတ်ထားပြီး

အသည်းမာမာနဲ့ဘဲမောင့်ကိုရွေးချယ်မိတယ်..အစကတော့..၁၀တန်းကလေးတယောက်ရဲ့ပထမဦးဆုံး

ရင်ခုန်တတ်စအချစ်ဦးမို့ မိဘတွေက ရူးတာတဲ့..ချစ်သူဖြစ်စ ခနလေးကစ တပတ်တခါတွေ့ဖို့တောင်မသေချာ

သူ့ဘ၀သူ့တာဝန်တွေဦးစားပေး သူ OUT PASSထွက်မှ ခိုးတွေ့ရတာ..တော်သေးတယ်..ကိုယ်လဲပြင်ဦးလွင်မှာရှိချိန်မို့

ကိုယ်လဲ၁၀တန်းအောင်...နေရပ်ပြန်တော့ သူလဲ သူ့တာဝန်မပြီးသေး DSA ဆက်တက်ဆဲလေ..

တက္ကသိုလ်ကျောင်းသူဘ၀ ရင်ခုန်ဦးမို့ အချစ်ဦး မောင် ဘယ်အချိန်လာလည်မလဲ မျှော်လိုက်ရတာ

ရွှေလည်တိုင်တောင်ကျိုးမတတ်...တခြားသူတွေ ချစ်သူနဲ့တွဲ ပျော်ပွဲဆင်ရင်

ကိုယ်လဲ မောင့်လက်ကိုဆွဲ ကမ္ဘာအပြင်ထွက်ပြီးတောင်ကဲလိုက်ချင်တယ်..

ခက်တာက ကိုယ့်ချစ်သူမောင်က ၁နှစ်မှာ ကိုယ့်အတွက် ၁၀ရက်တောင် အချိန်မပေးနိုင်ဘူးလေ..

ဒီလိုနဲ့ သူကျောင်းပြီးလို့ ကိုယ့်အနားပြန်လာလေမလားမျှော်လင့်မိပြန်တော့

ကျရာတပ်က မိတ္ထီလာ ကိုယ်နေတာက မော်လမြိုင်...တော်သေးတယ်

ဒီအချိန်မှာကျေးဇူးအတင်ဆုံးက ဂရေဟန်ဘဲလ်ကိုဘဲ ဖုန်းလေးတီထွင်ပေးလိုက်လို့

တနေ့နေ့တော့ ငါနဲ့အနီးဆုံး ရောက်လာတန်ကောင်းပါရဲ့လို့ မျှော်လင့်နေတုန်းရှိသေး

စာတော်တဲ့ ကိုယ့်ချစ်သူကိုဘဲ အပစ်တင်ရမှာလား ရုရှားပညာတော်သင်တဲ့...

သေပြီပေါ့...အရင်ကတနိုင်ငံထဲမို့ ဖုန်းဆက်လို့ရသေးတယ်..ခုတော့..ဖုန်းဆက်ဖို့တောင်

သူဆက်သွယ်လာတာမျှော်ရဦးတော့မယ်..

သူက ချစ်နဲ့မောင့်ဘ၀တွေအတွက်..မောင့်ဝါသနာကိုနားလည်ပေးပါတဲ့..

အရင်ကလိုကလေးစိတ်နဲ့ဆို...မရဘူးဆိုပြီးအော်ငိုပစ်မှာ..

ခုတော့ ချစ်သူစစ်သားကြီးကိုမျှော်ရင်း လွင်းရင်း နားလည်ရင်း ကိုယ်လဲ လူကြီးဆန်ရင့်ကျက်

အရာရာနားလည်တတ်နေပြီလေ..ဒီလိုဘဲ..ချစ်သူက သူ့ဘ၀အတွက်ဆိုတော့ ကိုယ်လဲကိုယ့်အနာဂါတ်အတွက်

ချစ်သူကိုထား ခရီးဆက်ခဲ့ရလေပြီ..ချစ်သူကအနောက်..ကိုယ်က အရှေ့..

သူကရုရှား...ကိုယ်ကစင်္ကာပူ...ရွှေလက်တွဲဖို့ကြိုးစားခဲ့ရသမျှတော့ ဝေးရလေပြီ..

ချစ်သူသက်တမ်း၃နှစ်ပြည့်ခါနီးမှာဘဲ...တပြည်စီခြားဘ၀တွေကွာဝေးခဲ့ရတာ...

တော်ပါသေးရဲ့...အင်တာနက်ခောတ်မို့..ဒီအချိန်မှာကျေးဇူးအတင်ဆုံးက G TALK နဲ့ VZO ဘဲ

သူတို့တွေရှိနေလို့ ၃နှစ်လုံးလုံးတယောက်တနေရာစီပေမဲ့ တယောက်မျက်နှာ တယောက်မြင်နေခွင့်ရသေးတယ်

ကိုယ်တို့တွေ..ကျောင်းတက်နေချိန်ကလွဲရင်..ထမင်းစားလဲအတူ ဂိမ်းဆော့လဲအတူတူနဲ့

နှစ်ယောက်တဘ၀နေထိုင်နိုင်ခဲ့တာ..အဲဒီအချိန်မှာ..အမုန်းဆုံးကလဲ G TALK နဲ့ VZO ဘဲ..

အွန်လိုင်းတက်ရင်း အပျင်းပြေတက်ကျူတဲ့ ကောင်မလေးတွေရန်ကို ကြောက်ရတာ

ကိုယ့်ချစ်သူ..ပါသွားမှာစိုးလို့...ကိုယ်ကတော့ မီးခွက်စောင့်ဘီလူးဖြစ်လို့..

သူကတော့ မင်းသားလေးဘဲ...ဒါတောင် ကိုယ့်ချစ်သူက..သစ္စာရှိလို့..

တော်ပါသေးရဲ့လို့..အမောဖြေမယ်မကြံရသေးဘူး...

ကျောင်းပြီးပြီတဲ့...

အိမ်နဲ့စပြီးစစ်တိုက်ရပြီ...

ချစ်သူကိုပြန်တွေ့မယ်ဆိုတဲ့ ကိုယ့်ရဲ့အပြောကို လုံးဝလက်မခံတဲ့အဖေနဲ့ ကိုယ်..

နောက်ဆုံးတော့ တသက်လုံးကျွေးခဲ့တဲ့ဖေဖေ့ရင်ခွင်ကို..

ခြေစုန်ကန်တယ်လို့ဘဲပြောပြော မွေးကျေးဇူးကို မထောက်ဘူးလို့ဘဲပြောပြော

တဦးတည်းချစ်ခဲ့ရသူ ချစ်သူအတွက်..မြန်မာပြည်ကိုအရင်ပြန်..

ချစ်သူကို အကြိုတော်ထောက်...ခဲထားတာကတော့ ၃နှစ်တာ အလွမ်းတွေအတိုးချလိုက်မယ်ပေါ့

ပထမဦးဆုံး...ရန်ကုန်ပြန်ရောက်တဲ့နေ့မှာဘဲ စစ်ကြောရေးရုံးမှာ တနေကုန်ရတဲ့ချစ်သူ

သူ့မျက်နှာကိုမြင်ရုံလေး..အတွက်...စောင့်ခဲ့ရတာတနေကုန်...

ညနေသတင်းပို့တဲ့အလုပ်ပြီးတော့.. ကိုယ့်အတွက် အချိန်များပေးနိုင်မလားမျှော်လင့်မိရဲ့

မောင်တို့နောက်ရက်အတွက်စာတမ်းဖတ်ဖို့ စာတမ်းပြင်ရမယ် အချစ်ကူဦးတဲ့...

ကိုယ့်ဘေးနားမှာ လာနေပေးတာကိုဘဲ ကျေးဇူးတင်ရဦးမယ်..

စစ်သားချစ်သူ...စစ်သားချစ်သူ...နားလည်ပေးလိုက်ဦးပေါ့...

ဒုတိယနေ့မို့ ချစ်သူ..ကိုယ့်အနားမှာရှိတုန်း ပျော်ပျော်ပါးပါးလည်မယ်ပေါ့..

မောင်စာတမ်းဖတ်ရင်ဝတ်ဖို့ European Suit မရှိဘူး လိုက်ရှာဝယ်ရဦးမယ်တဲ့..

ဈေးတကာပတ်... Shoping Mall တကာလျှောက်သွား အချစ်အတွက်..လိုက်ရှာဝယ်လိုက်ရတဲ့

သူ့အတွက်.. European Suit...

တော်ပါသေးတယ်...ဘယ်လောက်မောမော..ချစ်သူအနားမှာရှိသေးတယ်ပေါ့..

ဒါတွေပြီးသွားရင်ငါ့အနားအတူနေခွင့်တော့ရမှာပေါ့..မျှော်လင့်ချက်လေးေ၇ထဲမျောသွားတယ်

ပလုံလို့တောင် အသံမကြားလိုက်ရဘူး..နောက်ရက် မနက်အစောကြီးထ.. စာတမ်းဖတ်ပြီးတာနဲ့..

မောင်တို့တပ်ပြန်သတင်းပို့ရမယ်..မိတ္ထီလာတဲ့..ပိတောက်ရွှေဝါက ဦးZZZအော်သလိုဘဲ အော်လိုက်ချင်တယ်

သေပြီဆရာ..သေပြီဘဲ...လို့ပေါ့..

တပ်ပြန်ပြီးခွင့်၇ရင်ပြန်လာမယ်တဲ့..ဟောပေါ်လာပြန်ပြီ..ဒီမျှော်လင့်ချက်ကလေးနဲ့ဘဲ

ချစ်သူကိုသွားလို့ခွင့်ပေးလိုက်တာ..စူဠလိပ်ရေထဲလွှတ်လိုက်တဲ့အတိုင်းဘဲ..

ခွင့်၁၀ရက်ရတော့ မေမေတို့နဲ့မတွေ့ရတာ..၃နှစ်ကျော်ပြီမို့တဲ့...

သေလိုက်တော့..လိပ်ပြာ..နင်သေသင့်တယ်...သူ့အမေကိုဘေးချိတ်ထားတာကိုး...

ဒီလိုနဲ့ခွင့်ရက်တွေကုန်တော့..ငါ့ဆီပြန်မလာတော့ဘူးပေါ့...ဆိုတာသေချာရင်

ငါ သူ့ဆီလိုက်သွားမယ်ပေါ့..အရင်ကလို..ကျောင်းပြီးကာစ ၂၀ကျော်ကလေးလဲမဟုတ်တော့ဘူး

၂၃-၂၄ အသက်လဲရပြီဆိုတော့..ငါ့ဘ၀ငါပိုင်တယ်..ကောင်းကောင်းမိုက်ပစ်လိုက်မယ်ဟဲ့လို့ကြံပြီး

ချစ်သူအနား အနီးဆုံးနေရာမှာ အလုပ်ရဖို့ကြံတော့ မိတ္ထီလာနဲ့ ၄ နာရီသာသာဘဲဝေးတဲ့နေပြည်တော်..မှာ

ဘ၀ကို..အခြေချ.. မောင့်ကို ပိတ်ရက်တိုင်း တွေ့ဖို့ကြံရတယ်...

မိန်းမကြိုက်တော့ စိုက်စိုက်လာလေ..ခောတ်ကပြောင်းပြန်..ဖြစ်ပြီ..

တော်သေးတယ်..၇နှစ်ဆိုတဲ့ချစ်သူသက်တမ်းလေးနဲ့နားလည်မှုလေးခံထားလို့

နောက်မဟုတ်ရင်..ဒီမိန်းမပေါလိုက်တာလို့ ချစ်သူကထင်ရင်..သေပြီဆရာသေပြီဘဲ...

ချစ်သူနှစ်ယောက် ၁ပတ် ၁ခါလောက် တွေ့ရတယ်လို့စိတ်ဖြေရမယ်တောင် မကြံသေး..

မောင် မြစ်ကြီးနားမှာ လေယာဉ်မောင်းသင်တန်းတက်ရမယ် ၁နှစ်ခွဲတဲ့..

လုပ်ရက်လိုက်တာ..အကြီးအကဲတို့ရယ်...မနီးတောင်မနီးရသေးဘူး..

လက်ထပ်ဖို့ဆွေးနွေးချိန်တောင် မရလိုက်ဘူး..ဝေးပြန်ပြီ..

စစ်သား..ချစ်သူ...စစ်သားချစ်သူ..

.........ချစ်..မောင်မြစ်ကြီးနားသင်တန်းက OUT PASS ကလဲမသေချာဘူး..

ရရင်လဲ..မြစ်ကြီးနားဆိုတော့ အရမ်းဝေးတယ်..ချစ်ကို ခေါ်မထားချင်ဘူး..

မိဘတွေလဲ ဒီမှာရှိတာမဟုတ်ဘူး..ဆိုတော့ ချစ်ဖေဖေဆီချစ်ပြန်နေနော်..မောင်စိတ်ချချင်တယ်တဲ့..

မောင်..သင်တန်း တွေပြီးတာနဲ့ လက်ထပ်မယ်တဲ့..

ဒီလိုနဲ့..ချစ်သူစကားဦးထိပ်ထားပြီး..လိပ်ပြာတကောင်..လက်၇ှိအလုပ်ကထွက်..ပြည်တော်ကပြန်လေသတည်းပေါ့..

....

တော်သေးတယ်..သင်တန်းတွေပြီးတာနဲ့ လက်ထပ်မယ်..ဆိုတဲ့စကားလေး မျှော်လင့်ချက်ရှိသေးလို့..

ဒါပေမဲ့ သူတို့ သင်တန်းတွေက ဘယ်အချိန်ဘယ်ကာလမှ ပြီးမယ်မှန်းမသိ..

လေယာဉ်မောင်သင်တန်းပြီးရင်..CC တက်ရမယ်..ပြီးရင်..ပြီးရင်.....

ဒီလိုနဲ့ ချစ်သူမောင်ကို...လွမ်းရတဲ့လိပ်ပြာ..ကတော့...လွမ်းရင်းလွမ်းရင်း..

ခုဆိုချစ်သူသက်တမ်းတောင်..၈နှစ်ပြည့် သွားပြီ..၁၆နှစ်..ကလေးဘ၀က.. စပြီး..

ချစ်ခဲ့လွမ်းခဲ့၇တာ...ချစ်သူသက်တမ်း ၈နှစ်ပြည့်ပြီဆိုတော့..

သူများတွေအား ကျကြမှာပေါ့.. အတူတူ လျှောက်လည်ရတဲ့ ရက်..

အတူတူ..နေခဲ့ရတဲ့ရက်..ခုထိ..၃ လပြည့်အောင် တောင်မရှိဘူး....

စစ်သားချစ်သူ...စစ်သားချစ်သူ....

.................ဒါစစ်သား..ကို..ချစ်တဲ့...ချစ်သူ..တယောက်ရဲ့..လက်ရှိကတော့

ချစ်သူကိုလွမ်းရင်း..ချစ်သူအကြောင်းပြောရင်း...လွမ်းရင်းးး.....သတိရရင်း..

တပတ်တခါ..ဖုန်းဆက်ရမဲ့..သောကြာနေ့ကို..စောင့်ရင်း...

လိပ်ပြာတို့..ဝေးနေကြတာ.. ၁၀လတိတိပြည့်ခဲ့ပြီ.....

ဘ၀..မှာ...ချစ်သူတိုင်း အလွမ်းနဲ့ဝေးကြပါစေ..လို့ ဆုတောင်းပေးချင်ပေမဲ့

ကိုယ်ကိုယ်တိုင် အလွမ်းနဲ့ပတ်သတ်ရတော့..ဆိုးတယ်ကွာ..

........................လိပ်ပြာ(14.10.11)(10း24AM)

2 comments:

  1. တွေးရင်း မောသွားတယ် လိပ်ပြာရေ.... ကိုယ်လည်း...ဘာတွေ ဘယ်လိုများ ဖြစ်မယ်ဆိုတာ.... ... တစ်ချို့အကြောင်းအရာတွေက အရမ်းစိမ်းနေလို့ ..လိပ်ပြာပြောမှပဲ သိခွင့်ရတယ်....ကျေးဇူးပါ လိပ်ပြာ...

    ReplyDelete
  2. သြော် ........ချစ်ခဲ့မိတောလည်း..သစ္စာရှိရှိ လွမ်းရနေဦးမယ် အချစ်ရယ်

    ReplyDelete