Friday 14 October 2011

အလွမ်း

Free Image Hosting

အလွမ်း

ကောင်လေးရေ….
ရာသီစက်ဝန်းက ပုံမှန်သာ လည်ပတ်…
တစတစနဲ့ နှစ်နားသာနီးကပ်လာခဲ့တယ်…

နင့်ကိုလွမ်းတဲ့အလွမ်းက
ပုံမှန်အတိုင်း နေ့စဉ်ရက်ဆက် တစ်ရက်မပြတ်ဘဲ…
လွမ်းနေဆဲဘဲပေါ့ကွာ…

ကောင်လေးရေ…
နင့်ရဲ့အလွမ်းနွံထဲကနေ
ကူသူကယ်သူမဲ့နေရတဲ့ငါ့ဘဝ

တခါတလေ………
ပင်ပန်းလွန်းလို့ အသက်ပျောက်မတတ်ဘဲ..

နင်နဲ့ဝေးစဉ်ကတည်းက
မပျော်ရွှင်နိုင်တော့တဲ့ငါ့ဘဝ
ဘာတွေဆက်လုပ်ရတော့မလဲလေ..

လွမ်းတတ်တဲ့ ငါ့ခံစားချက်တွေကို
နင့်ရဲ့ရှေ့ချပြရရင်
တစ်သက်လုံးငါ ထိန်းသိမ်းထားခဲ့သမျှ
ငါ့မာနတွေ ရေထဲမျောနေရောပေါ့…..

ငါကိုးကွယ်တဲ့ငါ့မာနနဲ့ နင့်ရဲ့ကြား
လွနှ်ဆွဲနေရတဲ့ငါ
ဘယ်အရာကို အနိုင်ပေးရမှန်းမသိ
ယောင်လည်လည်နဲ့ နင့်ကိုလွမ်းတဲ့ အလွမ်းကြား
အကြိမ်ကြိမ်နစ်မြှပ်ရင်း….
နစ်မြှပ်ရင်း…………
လုံးဝမနိုးထနိုင်သေးတာ….
ခုချိန်ထိဘဲကွာ…..
လိပ်ပြာ(3.4.2008)

No comments:

Post a Comment