Friday 14 October 2011

အချစ်တွင်ပျော်ဝင်မိသော..

Image Hosting


အချစ်တွင်ပျော်ဝင်မိသော..


အရောင်ပြယ်စပြုနေတဲ့ ငါပိုင်ဆိုင်တဲ့
အချစ်ဆိုတဲ့….ပန်းချီကားတစ်ချပ်ကို…
ဘယ်လိုပြုပြင်ရမှာလဲ…..ချစ်သူရယ်…

အသစ်အတိုင်းတော့ အရောင်တွေ မသစ်လွင်ချင်ပါဘူးလေ…
အေးစက်စက်ဖြစ်နေတယ် ဆိုတဲ့ ခံစားချက်ကလေး…
လွင့်ပြယ်သွားရုံသာ..ငါပြန်ပြီးအသက်သွင်းချင်ခဲ့တာ…

ငါရူးများရူးသွားပြီလား…
ငါရူးနေတယ်ဆိုလဲ..ချစ်သူရယ်…
မင်းကိုချစ်လွန်းတဲ့အတ္တကြောင့်ပါ…

ပင်ပန်းကြီးစွာလျှောက်နေရတဲ့အနာဂါတ်မှာ..
ချစ်သူရယ်….မင်းလက်တွဲဖြုတ်မယ်ဆိုတာကြိုသိခဲ့ပါရဲ့..

ဒါပေမဲ့…………………………………
ငါမဟုတ်တဲ့တခြားရင်ခွင်မှာပျော်မွေ့နေတဲ့ မင်းကို
ရင်ကွဲခံပြီးငါ…မကြည့်ဝံ့ဘူး….

ငါ့ရင်ကို ငါကိုယ်တိုင်ခွဲပေးနိုင်ပါတယ်..
မင်းသာငါ့ကို မင်းနှလုံးသားမှာ
တသက်လုံး သိမ်းဆည်းပေးထားမယ်ဆိုရင်ပေါ့..

ခုတော့ကွယ်…………………………
အရာရာဟာ..အေးစက်စက်နဲ့သေဆုံးရတော့မယ်ထင်ရဲ့…
ငါ့ရဲ့နိဂုံး အဆုံးသတ်မလှဘူးဆိုတာ ကြိုသိခဲ့ပါရဲ့…

ဒါပေမဲ့…
ငါမင်းကို နောက်ဆုံးထွက်သက်ထိမျှော်လင့်ချင်သေးတယ်…
ဒါဟာ အတ္တဆိုလဲ အချစ်ရူးတယောက်ရဲ့ အတ္တမို့ကြည်ဖြူပေးပါ…
ငါမင်းကို ချစ်လွန်းလို့ပါကွာ……………………………..
လိပ်ပြာ(3.4.2008)

No comments:

Post a Comment