Saturday 19 November 2011

မြေခြားအလွမ်း



မြေခြားအလွမ်း

နွေခေါင်ခေါင်ပေမဲ့
ရင်အေးစရာဥသြတွေတေးဆိုလို့
သာယာတဲ့ဓလေ့နဲ့
ဘာသာတရားကိုအလေးထားတဲ့မြေ

မိုးတွေစွေရွာနေပေမဲ့
ပျော်ရွှင်စွာကောက်စိုက်သမတွေတေးဆိုလို့
သယံဇာတအပြည့်နဲ့
ဟီရိသြတ္တပ အကျင့်ကိုတန်ဖိုးထားတဲ့မြေ

ဆောင်းရာသီနှင်းတငွေ့ငွေ့မို့
အေးစိမ့်မှုအသဲခိုက်ပေမဲ့
ရင်အေးစရာစာနာမှုတွေနဲ့
လောဘအငွေ့ကင်းတဲ့လူလူချင်းတန်ဖိုးထားတဲ့မြေ

မွေးရပ်မြေအမိမြန်ပြည်ကို
တမြေ့မြေ့တမ်း မှန်းဆလွမ်းလို့
ရင်မှာတမ်းတ လွမ်းရပါသည်

စာနာမှုကင်း ငွေတွင်းနက်သည့်
မျိုးခြားမြေက
ရွှေတယောက်..............

လိပ်ပြာ(3.11.11)(PM 4:00)

No comments:

Post a Comment