Tuesday 13 October 2015

နှလုံးသားစမ်းချောင်းထဲကနှင်းဆီဖြူ


လေညှင်းလေးရေ
စမ်းရေအေးအေးတွေတသွင်သွင်စီးဆင်းနေတဲ့ဒီညနေခင်းမှာ ရင်ခုံသံတွေခုန်ပေါက်ဆော့နေသလိုဘဲ
လှလိုက်တဲ့နှင်းဆီတပွင့်
ဖြူစင်ခြင်းအပြည့်နဲ့
မာန်ဝင့်စွာပွင့်နေတာ
သူ့ဘဝသူ့အလှကို
ဆူးခတ်တွေနဲ့ကာရံလို့
ခူးဖို့ခက်အောင်
သတိပေးနေသလိုလို
လေညှင်းလေးရေ
နင်ဖြေးဖြေးတိုက်စမ်းပါဟာ
သူ့အလှသူ့ဘဝလေတိုက်တိုင်းယိမ်းနေတာ
ရွှေရင်ဖိုလိုက်တာ
တဆတ်ဆတ်ခုန်နေတဲ့ဒီရင်မှာ အချိန်မတန်ခင်ညိုးလို့
သူကြွေသွားမှာစိုးမိတယလေညှင်းလေးရေ
နင့်ကြောင့်သူ့အလှမြေမခပါစေနဲ့
နင့်ကြောင့်သူ့ဘဝမကြွေကျပါစေနဲ့
ဖြူစင်ခြင်းအပြည့်နဲ့အစွမ်းကုန်ဖူးပွင့်ပါစေ
မာန်အပြည့်နဲ့အစွမ်းကုန်ဝင့်ထည်ပါစေ
လေညှင်းလေးရေ
ပန်းဖြူဖြူသူ့အပေါ်
ရင်ခုန်မိတဲ့ငါ့အတွက်
ပါရမီဖြည့်တယ်လို့သဘောထား
နင်တိုက်ခတ်တာခနရပ်ထားပေးပါလား
နှင်းဆီဖြူလေးအနာတရဖြစ်မှာစိုးလို့ပါ
လိပ်ပြာ(14.10.15)(10:34AM)

No comments:

Post a Comment