Wednesday 21 October 2015

လိပ်ပြာရဲ့ဥယျာဉ်မှူး

လိပ်ပြာရဲ့ဥယျဉ်မှူး

အဖေ
လိပ်ပြာဆိုတဲ့မိန်းကလေးဘဝလှအောင်သူ့ရဲ့လက်နဲ့ပန်းပုထုပေးခဲ့တယ်
အဖေ
လိပ်ပြာဆိုတဲ့မိန်းကလေးဘဝလောကဒါဏ်ကြောင့်လဲကျတိုင်းပြန်ထတတ်အောင်သူ့ရဲ့လက်ကိုကမ်းလို့ကြိုပေးပြန်တယ်
အဖေ 
လိပ်ပြာဆိုတဲ့မိန်းကလေးဘဝအမှားတွေဖြစ်လာတိုင်းအမှန်ပြင်ပေးဖို့အဆင်သင့်ရှိတယ်
အဖေ
လိပ်ပြာဆိုတဲ့မိန်းကလေးဘဝကိုဘာသာတရားအဆုံးအမအောက်နာခံတတ်အောင် အဆုံးအမကောင်းတွေပေးတတ်သေးတယ်
အဖေ
လိပ်ပြာဆိုတဲ့မိန်းကလေးဘဝကိုမိဘထက်သာတဲ့သားသမီးဖြစ်အောင်ကြိုးစားချင်စိတ်တွေနဲ့အားဖြည့်ပေးတတ်တယ်
လိပ်ပြာဘဝရဲ့ပဲ့ကိုင်ရှင်အဖေ
လိပ်ပြာဘဝရဲ့လမ်းပြကြယ်စင်အဖေ
ပညာမတတ်တဲ့ဘုန်းကြီးကျောင်းသားအဖေကပညာတတ်နိုင်ငံခြားမှာဘွဲ့ရအောင်သမီးတယောက်ကိုပျိုးထောင်တတ်တဲ့အဖေ
ဘဝကိုသမီးအတွက်သာပေးဆပ်
ပြန်ရလိုခြင်းကင်းတဲ့အဖေ
အဖေ့မေတ္တောအဖေ့စေတနာတွေအတွက်
ဘဝကို မိဘစိတ်ချမ်းသာမှုနဲ့သာပေးဆပ်
သမီးအဖေ့အတွက်ဘဲထာဝရအသက်ဆက်မယ်
ကျေးဇူးဆပ်ခွင့်ရပါရစေအဖေ
လိပ်ပြာ(20.10.15)(17:09PM)

No comments:

Post a Comment