Wednesday 27 July 2011

လေလွင့်ငှက်ရဲ့အလွမ်းပုံပြင်

Image Search

လေလွင့်ငှက်ရဲ့အလွမ်းပုံပြင်

ဝေးရမယ်ဆိုတာသာကြိုသိခဲ့ရင်
မောင်စိတ်မညိုအောင်
ကြိုတင်ပြင်ဆင်ခဲ့မှာ.....

ဝေးရမယ်ဆိုတာသာကြိုသိခဲ့ရင်
ကိုယ့်စိတ်ကိုကိုယ်
အလိုလိုက်ခဲ့မှာမဟုတ်ဘူး....

ဝေးရမယ်ဆိုတာသာကြိုသိခဲ့ရင်
မောင့်ဆန္ဒတွေလဲ
တခွန်းမှငြင်းခဲ့မှမဟုတ်ဘူး.......

ဝေးရမယ်ဆိုတာသာကြိုသိခဲ့ရင်
မောင့်မျက်နှာကို
တစိမ့်စိမ့်မှတ်မိအောင်ကြည့်မိမှာ

ဝေးရမယ်ဆိုတာကြိုသိခဲ့ရင်
မောင်နဲ့အတူဆိုတဲ့အမှတ်ရတွေ
အများကြီးဖန်ဆင်းမိမှာ

ဝေးရမယ်ဆိုတာသာကြိုသိခဲ့ရင်
မောင်ပျော်အောင်ဖန်ဆင်း
ဒီရင်ဘတ်ကိုလမ်းခင်းပေးမှာ

ခုတော့ကွာ
လမ်းခွဲကိုမသိ
မောင်အလိုက်သိသမျှအတွက်
ကျေနပ်စွာဂုဏ်ယူရင်း
မောင့်အချစ်တွေအတွက်
ပီတိကိုစားသုံးငါပြုံးနေတတ်ခဲ့တာ

ပေးဆပ်ခြင်းကိုနားမလည်
မောင်အလိုလိုက်သမျှအတွက်
ကမ္ဘာမှာကံအကောင်းဆုံးလို့ငါတွေး
ကံကြမ္မာစေရာလမ်းခွဲကိုငါပြေးခဲ့ရတာ

ခုတော့
ဝေးကွာခြင်းကြောင့်ရတဲ့ဒါဏ်ရာ
ဝေးသွားတော့မှသိလာတဲ့မောင့်တန်ဖိုး
ပေးဆပ်ခဲ့တဲ့မောင့်စေတနာတွေအတွက်
ဒါဏ်ရာတွေဗရပွနဲ့ငါ
ဖြေစရာဘယ်မှာရှာရမလဲမောင်

သေရာပါမဲ့ဒီဝေဒနာတွေအတွက်
ကြင်နာသူရဲ့နှစ်သိမ့်စကားဖြစ်ဖြစ်
လိုအပ်နေတာမောင်သိခဲ့ရင်
တမြေခြာကလွမ်းသူ့ဆီ
စာလွှာပါးလို့ရင်မှာထားနေသေးကြောင်း
အသိပေးလှည့်ပါဦးမောင်
လွမ်းရလွန်းလို့ပါ...
..........................လိပ်ပြာ(13.1.11)(4:11AM)




2 comments:

  1. ညီမလေးရေ..အားပေးသွားတယ်ဝေ့။။။။။။။။။။။

    ReplyDelete
  2. လိပ်ပြာရေ ...တစ်ကယ်သာဆို ခံနိုင်ရည်ရှိမယ်မထင်ဘူး...
    ခံစားအားပေးသွားလျှက်..

    ReplyDelete