Wednesday 27 July 2011

ချစ်သူပြောတဲ့ပုံပြင်များ(၄)

မိုးပေါ်ကကျလာတဲ့ နှင်းဆီ
သူတို့တွေက လူတိုင်းအားကျတဲ့ အတွဲလေးပါ
ကောင်မလေးက ပြောတယ် “ကို နဲ့ အတူနေရတာအရမ်းပျော်တယ်။ နောက်ဘ၀လဲ ကို နဲ့ ပဲ လက်ထပ်မယ်”
ကောင်လေးက ကောင်မလေးရဲ့ နဖူးကို ညင်သာစွာနမ်းပြီး “နောင်ဘ၀လဲ အတူနေကြမယ်”
ကောင်လေးကတော်တယ် ဒါပေမဲ့ သူ့မှာ မေ့တက်တဲ့ အကျင့်ရှိတယ်။ သူ့ရဲ့မွေးနေ့ကို သူမမှတ်မိဘူး။ အရေးကြီးတဲ့ နေ့တွေလဲ မေ့တယ်။ ကောင်မလေးက အမြဲသတိပေးနေရတယ်။ ဒီလိုနဲ့ သူ့ မိန်းမကို သူအမြဲတမ်းတောင်းပန်တယ်။
ဒီလိုပဲ ပျော်ရွှင်တဲ့ အတွဲတွေကို မနာလိုကျဘူးထင်တယ်……. လက်ထပ်ပြီး ၅ နှစ်ပြည့်တဲ့ နေ့ရဲ့ ရှေ့တစ်ရက်မှာ ယာဉ်တိုက်မှုကြောင့် ကောင်လေးဆုံးသွားတယ်။
ကောင်မလေး ဆေးရုံရောက်တဲ့ အချိန်မှာ ကောင်လေးရဲ့ မျက်နှာကို အဖြူစလွမ်းခြုံပေးထားပါပြီ။
၅ နှစ်ပြည့် မင်္ဂလာ အထိမ်းအမှတ်ကို မျက်ရည်နဲ့ ဖြတ်သန်းစဉ်မှာ တံခါးခေါက်သံကြောင့် ကောင်မလေး တံခါးဖွင့်တဲ့ အချိန်မှာ သွေးသမျှနီရဲနေတဲ့ နှင်းဆီပန်းခိုင်ကြီးကို မြင်လိုက်ရတယ်။ ပန်းပို့တဲ့ ကောင်မလေးက လက်ခံရရှိကြောင်း လက်မှတ်ထိုးခိုင်းတယ်။
ပြီးတော့ ကောင်မလေး ပန်းထဲက post card လေးကို ဖွင့်ကြည့်တော့ “သိပ်ချစ်ရတဲ့ မိန်းမ ဒီနေ့လို နေ့ထူးနေ့မြတ်မှာ ဒီပန်းလေးတွေအတိုင်း ထာဝရကို့ရင်ထဲမှာ လှပနေတဲ့ မိန်းမအတွက်” ကောင်လေးရဲ့ လက်ရေးနဲ့။ ကောင်လေးရဲ့ လက်မှတ်နဲ့။ ကောင်မလေး ယူကျုံးမရ ငိုခဲ့ရတယ်……..
ကောင်မလေးမပြောပဲ သတိမပေးရပဲ ပန်းရရှိတာ ပထမဆုံးအကြိမ်မှာ သူမရှိတော့ဘူး….
၅ နှစ်ပြည့် မင်္ဂလာ အထိမ်းအမှတ် ပြီးလို့ ၈၇ ရက် မြောက်နေ့ဟာ ကောင်မလေးရဲ့မွေးနေ့ပေါ့။ အဲဒီနေ့မှာ ကောင်မလေးတစ်ယောက်ထဲ ဂုဏ်ပြုနေပြီး ကောင်လေးရဲ့ ပုံရိပ်တွေကို သူမြင်ယောင်နေတယ်။ ဒီလိုနဲ့ တံခါးခေါက်သံ ကြားရပြန်တယ်….
တံခါးအဖွင့်မှာ နှင်းဆီပန်းခိုင်ကို ကိုင်ထားတဲ့ ကောင်မလေးကို သူမတွေ့လိုက်ရပြန်တယ်။ သူ post card ကို ဖွင့်ကြည့်လိုက်တော့ “ မွေးမိခင်က ကို့ကိုမွေးဖွားပေးခဲ့တယ်။ ဒီကို့ရဲ့ ဘ၀ကို အရောင်တွေချယ်သပေးခဲ့တဲ့ မင်းလေးကို သိပ်ချစ်တယ်” တဲ့။
သေဆုံးသွားပြီမဟုတ်လား ကောင်မလေးအံ့သြနေတယ်။ ကောင်မလေးရဲ့မွေးနေ့မှာ သူမရှိတော့တဲ့ နောက်ပိုင်း နှင်းဆီပန်းလေးတွေကို သူလက်ခံရရှိမယ်လို့ သူမမျှော်လင့်မိတော့ သူမ ငိုတယ်။

ဒါနဲ့ ပန်းပို့တဲ့ ကောင်မလေးက အမ ဘာလို့ ငိုတာလဲ။ ကျွန်မ ဒီလို အမျိုးသားလို တစ်ခါမှ မတွေ့ဖူးဘူး။ ကျွန်မကောင်းကောင်းမှတ်မိတယ် သူက မှတ်ဥာဏ်မကောင်းလို့ သူ့ရဲ့ မိန်းမ၀မ်းနည်းမှာစိုးလို့ တစ်နှစ်ကို ၃ ကြိမ်(မွေးနေ့၊ မင်္ဂလာနေ့အထိမ်းအမှတ်၊ ချစ်သူများနေ့) ကို နှစ် ၅၀အတွက် တစ်ခါတည်းကို ပို့ပေးဖို့မှာထားတယ်။ ကျွန်မတို့ ဆိုင်မှာ နှစ် ၅၀ အတွက်တစ်ခါမှ မလက်ခံဖူးဘူး။ ကျွန်မ သူ့ဆီဖုန်းဆက်တယ် ဒါပေမဲ့ ဆက်လို့ မရဘူး။ ဒါနဲ့ ကျွန်မ လာပို့လိုက်တာပါ။
ကောင်မလေး တံခါးပိတ်လိုက်ပြီး ကောင်လေးရဲ့ လက်ရေးလေးတွေကို ကြည့်ပြီး ငိုတော့တယ်။
ပြီးတော့ စာတစ်စောင်လေးရေးတယ်….
“သိပ်ချစ်ရတဲ့ ကို…. နောက်ဘ၀ရှိမယ်ဆိုရင် ငါတို့ လက်ထပ်အုန်းမယ်… ကို က အမြဲမေ့တက်တဲ့အတွက် သတိပေးမယ်……”
စာကို မီးရှို့လိုက်တယ်…. သူ့ရဲ့ကောင်လေးဆီ ဒီစာလေးရောက်သွားအောင်ပေါ့။
ကောင်လေးရဲ့စာလေးကို ဖတ်တိုင်း ကောင်လေးရဲ့ ပုံရိပ်လေးတွေကို မြင်ယောင်ပြီး ကောင်မလေး ပြုံးလာတယ်။ အပြုံးတွေကြားကနေ ကောင်မလေး ရှင်သန်ရပ်တည်နိုင်တဲ့ အားအင်တွေပြည့်လာခဲ့တယ်…… နောင်ဘ၀ရဲ့ သူတို့ လက်ထပ်တဲ့အချိန်ကို စောင့်စားမျှော်လင့်ရင်း….................................

1 comment:

  1. ချစ်သူငယ်ချင်းများနေကောင်းကြရဲလား

    ReplyDelete