Wednesday 4 May 2011

မပြီးဆုံးသောဆန္ဒများ....

မပြီးဆုံးသောဆန္ဒများ
ဒီကောင်မလေးရဲ့ရင်ထဲမှာ
အမုန်းကင်းတဲ့ချစ်ခြင်းတွေအပြည့်
ချစ်သူအတွက်ဖန်ဆင်းပေးချင်တဲ့ဆန္ဒတွေအပြည့်၇ှိတယ်

ဒီကောင်မလေးရဲ့ရင်ထဲမှာ
အချိန်တိုင်းတမ်းတလွမ်းဆွတ်ရင်း
စိတ်မချခြင်းတွေအပြည့်၇ှိတယ်

ဒီကောင်မလေးရဲ့ရင်ထဲမှာ..
စာနာသနားငဲ့ညှာခြင်းတွေနဲ့
ချစ်သူအတွက်ဖြည့်ဆည်းပေးချင်တဲ့ဆန္ဒလေး၇ှိတယ်

ဒီကောင်မလေးရဲ့ရင်ထဲမှာ
ချစ်သူဆိုပြခဲ့ဖူးတဲ့သံစဉ်လေးတွေကို
ညိတွယ်ရင်ခုန်ဖူးတဲ့အတိတ်တွေ၇ှိတယ်

ဒီကောင်မလေးရဲ့ရင်ထဲမှာ
ချစ်သူကိုဆိုးနွဲ့ရင်းထာဝရအတွက်
အားကိုးချင်စိတ်တွေ၇ှိတယ်

ဒီကောင်မလေး၇ဲ့ရင်ထဲမှာ
ချစ်သူနဲ့အတူတည်ဆောက်ချင်တဲ့
အနာဂါတ်တွေကိုစိတ်ကူးယဉ်ရင်းကျေနပ်ဖူးတယ်

ဒီကောင်မလေးရဲ့ရင်ထဲမှာ
ချစ်သူမုန်းသွားမှာလားအတွေးနဲ့
ကြောက်ရွံ့မှုတွေတနင့်တပိုး၇ှိတယ်

ဒီကောင်မလေးရဲ့ရင်ထဲမှာ
မယုံမရဲနဲ့မျှော်လင့်နေဆဲဆိုတာ
ချစ်သူသိစေချင်တဲ့ဆန္ဒတွေ၇ှိတယ်

ဒီကောင်မလေးရဲ့ရင်ထဲမှာ
ချစ်သူအတွက်အရာရာခွင့်လွှတ်ပေးမဲ့
နားလည်ခြင်းမျိုးလဲချစ်သူအတွက်ဖန်ဆင်းပေးချင်စိတ်..၇ှိတယ်



ဒီကောင်မလေးရဲ့ရင်ထဲမှာ
…………………………………. …………………………………..
……………………………………
……………………………………..

No comments:

Post a Comment