Wednesday 4 May 2011

နွေဦးဝေဒနာ

နွေဦးဝေဒနာ

တဆောင်းကြွင်းခဲ့ပြန်ပြီ..
ရာသီနွေတကျော့ပြန်ခိုက်

အလွမ်းလှိုက် ရင်ခွင်ထဲမှာ

တမ်းတဆဲ ပုံရိပ်တခုကိုဖွေရှာ

ချစ်ရသူ မင်းတယောက်ဘယ်မှာ


သွေ့ခြောက်သောရော်ဝါအကြွေမှာ
မေ့ပျောက်မလွယ်သောပျော်စရာအတိတ်တွေကို

တရိပ်ရိပ်ဖမ်းဆုတ်

အလွမ်းရဲ့ပြယုဂ်တခုလို

နွေကြိုဥသြကလေးက ဖေးမနေပြန်တယ်


တိတ်တဆိတ်ဆွေးနေမိတယ်
မင်းအတွေးမင်းအသိမှာ

တို့ရှိတာသေချာပါရဲ့လား?


အနေကြာအကွာအဝေးတွေအတွက်
မဖြေနိုင်တဲ့ပြင်း၇ှ၇ှဝေဒနာကို

နွေဦးနဲ့အပြိုင်ရင်ဆိုင်နေချိန်မှာ

မင်းလဲပဲ

တပြည်ကွာအခြားတနေရာမှာ

နွေရာသီရဲ့ခါးသည်းမှုဒါဏ်ကို

အသေအချာ အန်တုနိုင်ပါရဲ့လားလေ…
.
လိပ်ပြာ

No comments:

Post a Comment