Wednesday 4 May 2011

တမ်းတခြင်း
လွမ်းတတ်တဲ့နှလုံးသားလေးအလိုကျ
တမ်းတရတဲ့ရက်ကလေးတွေကို
လက်ချိုးရေနေရတဲ့ကိုယ့်ကံကြမ္မာကို
စိတ်နာတယ်….

ရေရေရာရာမပြောနိုင်တဲ့အခြေအနေတခုမှာ
အနေဝေးလို့
ချစ်သူသွေးအေးသွားမှာသိပ်စိုးတယ်

နင့်နင့်နဲနဲလွမ်းတယ်ဆိုတာကလဲ
ပုံပြင်မဟုတ်ပါဘူး..ချစ်သူ…

စက္ကန့်မလပ်သတိရတယ်ဆိုတာ
ပိုတယ်လို့ဘဲပြောပြော
ချစ်သူအနားမှာ..တိုးတိုးပြီးကြင်နာချင်ခဲ့သူပါ

ဝေးကွာခြင်းဆိုတဲ့အရာကို
ရူးမတတ်ကြောက်ရွံ့ရင်း
ကိုယ့်နှလုံးသားငိုသံကို
တခါတခါချွေးသိပ်မိပါရဲ့..

သူလဲကိုယ့်လိုချစ်မှာပါဆိုတဲ့
အတွေးတွေနဲ့ပေါ့…

တကယ်ပါချစ်သူရယ်
မညာတမ်းဝန်ခံရရင်
ဒီနှလုံးသားကိုချစ်သူအတွက်
အပိုင်ပေးထားပြီးသားဆိုတာ
သိပ်ချစ်ရတဲ့မင်းလေး
သိစေချင်လိုက်တာကွာ…..
...................................

No comments:

Post a Comment