Friday 27 May 2011

ကွဲလွဲခြင်း





ကွဲလွဲခြင်း



ချစ်သူက မာနကို


ဘုရားတဆူ ဂူတလုံးထင်သတဲ့


ကိုယ်ကတော့ မာနဆိုတာကိုစိတ်မ၀င်စား


မင်းကိုသာကိုးကွယ်ရာပါကောင်လေးရယ်။



ချစ်သူက ဥိးနှောက်ကိုဦးစားပေး


နှလုံးသားက အရေးမပါဘူးတဲ့


ကိုယ်ကတော့နှလုံးသားကိုရှေ့တန်းတင်ပွဲထုတ်


ဘ၀တခုစုတ်ပျက်သတ်သွားတာတောင်ဂရုမထားမိပါဘူးဟာ။



ချစ်သူက ဘ၀တခုလှဖို့


ဖန်ဆင်းရှင်က ငွေဘဲတဲ့....


ကိုယ့်အတွက်တော့ ကိုယ့်အနာဂါတ်လှဖို့တော့


မင်းရှိမှဘဲဖြစ်မှာမို့ မင်းသာကံရေးသူပါ ကောင်လေးရယ်....



ချစ်သူက အချစ်ဆိုတာအပိုအလုပ်


ရည်မှန်းချက်အတွက် အရှုပ်ထုတ်တဲ့


ကိုယ့်အတွက်တော့ အချစ်ကစေစားရာ နာခံရင်း


နှလုံးသားအလိုကျ မင်းသဘောကိုသာ ဦးစားပေးနေရရှာတာ



ချစ်သူက ကိုယ်ပေးဆပ်သမျှကိုအလကားလို့ထင်


ဥပေက္ခာတွေသာ ပေးဆပ်


အရာရာကို လစ်လျူရှုနေချိန်မှာ


ကိုယ်ကတော့ မင်းပေးတဲ့ဥပေက္ခာကိုထုတ်ပိုး


အလွမ်းဝေဒနာဆိုးတွေအတွက် ဖြေသာစရာဝေးနေရတောင်


စေတနာထားရင်းပေးဆပ်


ပြောတတ်တဲ့စကားကတလုံးထဲရယ်


မင်းသာ....ငါ့ရဲ့အသက်ပါတဲ့.....ချစ်သူရယ်


...........................................



မတူညီပါဘူးဆိုတာကိုတောင်


ညီမျှခြင်းထိုးကြည့်ဖို့ခနခနကြိုးစားမိနေတဲ့


ဒီအချစ်ရူးကို....


သနားလို့ဘဲဖြစ်ဖြစ်...


မင်းရဲ့ အချစ်တစွန်းတစကို


စွန့်ကျဲပေးပါဟာ......


ငါ...ရူးသွပ်လွန်းလို့ပါ....


..........................................လိပ်ပြာ(28.5.11)(4း12AM)




No comments:

Post a Comment