Friday 13 May 2011

လွဲနေဦးမည့်..ဆုံမှတ်တစုံ



လွဲနေဦးမည့်ဆုံမှတ်…တစုံ…


မာနတရားတခုနဲ့ ငါတို့ဇာတ်လမ်းရဲ့အဆုံးသတ်ကိုမင်းရေးဖို့ကြိုးစားနေတာလား…


ငါ့ထက်ပိုအရွဲ့တိုက်တတ်တဲ့မင်းရဲ့စိတ်ကို ငါမုန်းလိုက်တာ


သံသယကိုရှေ့တန်းတင်..ငါ့ရင်ကိုမင်းမမြင်မှတော့ ငါဘာမျှော်လင့်လို့ရဦှးမှာလဲ။


မချစ်ဘူးလို့အကြိမ်ကြိမ်အားတင်း ငါလစ်လျူရှုတတ်ချင်လိုက်တာ


ခက်တာက စွဲလန်းတတ်လွန်းတဲ့ငါ့ရဲ့အကျင့်ဆိုးဘဲ


ရက်စက်တတ်သူမှန်းနားလည်ရဲ့သားနဲ့ငါ အမှတ်မရှိစွာဘဲ နင့်ရှေ့ဒူးထောက်မိပါရဲ့။


လစ်လျူရှုကျောခိုင်းရင်း နင်ချကျွေးတာဥပေက္ခာတရားတွေပါလား။


ချစ်တယ်လို့ တကြိမ်တခါမှမဖြေဖူးလို့ ငါ့အချစ်ကိုနင်မမြင်နိုင်ဘူးလား။


ငါ့ရင်ထဲမှာ နင်မမေးလဲ အကြိမ်ကြိမ်အခါခါငါဖြေဖူးတယ်။


နင့်ရဲ့….ချစ်တယ်…ဆိုတဲ့ စကားတခွန်းအတွက် ငါလဲအသက်ပေးရဲပါတယ်။


တန်ပြန်အရွဲ့တိုက်မှုတွေနဲ့ ငါ သွေးရူးသွေးတန်းလျှောက်လုပ်မိနေပေမဲ့ ငါရှုံးနေတာငါဝန်ခံမိပါရဲ့…


ခက်တာက ငါ ဘယ်လောက်ဘဲ ပေးဆပ်ပေးဆပ် နင်မြင်နိုင်မှာမှမဟုတ်တာ…။


သဒ္ဒါလွန်ခဲ့တဲ့ အမှားတခုကြောင့် နင့်အတွက်မတရားဘူးလို့ခံစားရတိုင်း နင့်ဘေးနားက ငါထွက်သွားချင်တယ်။


မလွမ်းဘူးလို့ငါကျိတ်မှိတ်နေတိုင်း ထထနာတတ်တဲ့ဒီနှလုံးသားကြောင့် ငါ့ရင်ထဲမှာ နင်နေရာယူမိနေပြီဆိုတာ သေချာပါတယ်။


နင်ဖုန်းဆက်နှိုးတတ်တဲ့ အချိန်ရောက်တိုင်း ယောင်ယောင်ပြီးဖုန်းကိုကြည့်မိတတ်တာလဲ နင်သိမှာမဟုတ်ဘူး။


နင်နဲ့ ငါ့ရဲ့အမှတ်တရတွေ ငါထုတ်ထုတ်လွမ်းနေတာ သက်ဆိုင်သူနင်ကတော့ သိမှာမဟုတ်ပါဘူးလေ။


သိလဲအသိအမှတ်ပြုမှာမှမဟုတ်တာ။


နင်နဲ့ငါက မဆုံနိုင်တော့မဲ့ မျဉ်းပြိုင်တွေဘဲလေ။


ထာဝရ တယောက်ကိုတယောက်အရွဲ့တိုက်ရင်း…..မာနတွေကိုးကွယ်ရင်း နင်လဲနင့်ရဲ့သက်ဆိုင်သူရင်ခွင်မှာ။


ခုတော့ ငါလဲ နင်ပေးခဲ့တဲ့ သီချင်းလို ငါ..ငိုနေတယ် အခု….ငါသိပ်လွမ်းလို့…ပေါ့ဟာ….

………………………………..လိပ်ပြာ(13.5.11)(63း6PM)

1 comment:

  1. လိပ်ပြာရေ ..
    ဖတ်နေရင်းနဲ့ စူးစူးရှရှလေး...ပဲ
    စာရေးသူ ကိုယ်တိုင်ကရော....:):)
    ခံစားအားပေးလျှက်..

    ReplyDelete