Monday 9 May 2011

အတ္တမဲ့ အလွမ်း

အတ္တမဲ့အလွမ်း


အချစ်မှာရှုံးနိမ့်ခြင်းဟာလဲ

ချိုမြိန်ခြင်းတခုဘဲတဲ့


အဲဒီသိအိုရီကိုလက်ကိုင်ထားပြီး

ငါဟာလဲအလွမ်းတွေနဲ့

မိတ်ဆွေဖြစ်တာကြာပြီပေါ့


ကြာတော့လဲ

ရှင်သန်ခြင်းဆိုတာ

ခြောက်ကပ်ကပ်နိုင်လာတယ်


တိုက်ဆိုင်မှုတွေရှိလည်း

ရင်နာခဲ့ရတဲ့ငါ့အဖြစ်ကို

ပြန်လည်လို့သတိမရချင်ဘူး


အချစ်ကို

တန်ဖိုးမထားတဲ့နင့်ဆီမှာ

အချစ်ကိုကိုးကွယ်မိတဲ့

ငါ့ကိုယ်ငါဘဲရွံမုန်းမိတယ်


နင့်ကိုလွမ်းတဲ့စိတ်နဲ့

တရေးနိုးလာတဲ့ညတွေတိုင်း

အချစ်တစ္ဆေအခြောက်ခံနေရတဲ့

ငါ့အဖြစ်အပျက်ကို

နင်သိဖို့ကောင်းတယ်


နင့်ကိုချစ်တဲ့စိတ်နဲ့အစိုးမရတော့တဲ့

ငါ့နှလုံးသားကိုလဲ

ဖောက်ထုတ်ပစ်ချင်တယ်


နင်မရှိတော့တဲ့

ငါ့ဘ၀ဟာလည်း

ကြိုးပျက်တဲ့လေတံခွန်လို

ဦးတည်ချက်မဲ့ခဲ့တယ်

...................................................................................လိပ်ပြာ


No comments:

Post a Comment