Wednesday 25 May 2011

နာကျည်းချက်တချို့အကြောင်း



နာကြည်းချက်တချို့အကြောင်း


တစတစနဲ့ကွဲနေတဲ့အသဲ
ဘယ်သူအသိအမှတ်ပြုမလဲ

မပြောရဲလို့မဖွင့်ချရဲဘူး
သံယောဇဉ်မျက်နှာမထောက်သူတယောက်အကြောင်း

မသိချင်ယောင်ဆောင်
မျက်နှာလွှဲခဲပစ်လို့
အရာရာဟာငါနဲ့မဆိုင်သလို
နေတတ်သူတယောက်ကြောင့်
ဘ၀ပျက်လို့ကိုယ့်အသက်ရှူဖို့တောင်
ငါ့မှာခက်ခက်ခက်ရယ်....

လောကကြီးရယ်
အချစ်ကံမကောင်းသေးတဲ့ငါ့ကို
အပျင်းပြေတော့သြဘာမပေးပါနဲ့
ငါလဲ....ကိုယ့်ကိုယ်ကိုမှန်ထဲမှာမမြင်လိုတော့ဘူး

အရာရာက......
အကျည်းတန်လွန်းလို့
................................................လိပ်ပြာ(1.1.11)(6း50PM)

No comments:

Post a Comment