Monday 16 May 2011

တမ်းချင်း.....



တမ်းချင်း……

သံစဉ်တွေမချိုတာကြာပြီမောင်

သတိရတမ်းတခြင်းတွေကလဲ

အဆိပ်တခုလိုဘဲ

ကိုယ့်ဘ၀ကိုတမြေ့မြေ့နာကျင်နေစေတယ်မောင်

မင်းညည်းခဲ့ဖူးတဲ့သံစဉ်တွေကြားတိုင်း

ကိုယ့်နှလုံးသားလှိုက်လှဲစွာ

နာကျင်ဆဲဘဲ….

အတိတ်ကိုမေ့ပစ်လိုက်ဖို့..

အကြိမ်ကြိမ်ကြိုးစားမိပေမဲ့

တိုက်ဆိုင်တိုင်းထထနာတတ်တဲ့

ကိုယ့်နှလုံးသားကိုဘဲကြိုးတုတ်ရိုက်ချင်မိပါရဲ့

အမှတ်မရှိလို့လေ…..

ကိုယ့်ဘက်ကခွင့်လွှတ်ခြင်းနဲ့

ဘယ်လောက်ဘဲပေးဆပ်ပေးဆပ်

ဥပေက္ခာတွေဘဲဆက်တိုက်ပြန်ရတော့

နာကျည်းမုန်းတီးချင်မိပါရဲ့..

ခက်တာက ငါ့နှလုံးသားက

မင်းအတွက်အမုန်းတွေမွေးဖွားမလာခဲ့ဘူးမောင်

မင်းဘာပဲလုပ်လုပ်သည်းခံခွင့်လွှတ်ရင်း

မင်းစိတ်နဲ့ဘဲအသက်ဆက်နေမိတာ

ငါ့ရဲ့အားနည်းချက်ပါမောင်…..

စာနာနားလည်ပါလို့မတောင်းဆိုလိုပေမဲ့

မင်းနဲနဲလောက်စွန့်ကျဲမဲ့

အသိအမှတ်ပြုမှုတစွန်းတစကိုတော့

ငါလိုအပ်နေတယ်ဆိုတာ

သိစေချင်လိုက်တာ

.........................လိပ်ပြာ(22.311)(11း55AM)

1 comment:

  1. လိပ်ပြာရေ....
    ရေးသူရင်ထဲက ခံစားချက်တွေကို
    ကဗျာကိုယ်စားပြုတယ်ဆိုရင်
    နာကျင်ခံစားရခြင်းမှ ကင်းဝေးပါစေလို့
    ဆန္ဒပြုရင်း.....
    ကောင်းသောနေ့လေး ဖြစ်ပါစေ လိပ်ပြာ။

    ReplyDelete