Wednesday 4 May 2011

အချစ်နှင့်သူဧ။်ဆန္ဒ

အချစ်နှင့်သူဧ။်ဆန္ဒ

လင်းလက်ခွင့်မ၇ှိတဲ့ဘ၀မှာ

ကြယ်တပွင့်လဲမဖြစ်ချင်ဘူး
ချို့တဲ့တဲ့ဘ၀မှာ
ပန်းချီလဲမဆွဲတတ်ချင်ဘူး

ရယ်မောခွင့်မ၇ှိတဲ့ဘ၀မှာ
အောင်နိုင်သူလဲမဖြစ်ချင်ဘူ်း

ဒီလိုဘဲ..
မနီးစပ်နိုင်တဲ့ဘ၀မှာ
အချစ်ဆိုတာလဲမ၇ှိချင်တော့ဘူး
တကယ်တော့....
မုန်တိုင်းမိတဲ့လှေငယ်တစင်း
ကမ်းကပ်ခွင့်တောင်းသလို
ငါမင်းကိုလိုအပ်ခဲ့ပါတယ်
ဒါပေမဲ့....
တကယ်တမ်းမှာတော့
ငါ့ဘ၀ရဲ့ကြမ်းတမ်းမှုကြောင့်
မင်းကမ်းတဲ့လက်ကလေးတွေကို
တပ်မက်မှုသက်သက်နဲ့
မဆုတ်ကိုင်ရက်ခဲ့ပါ
မချစ်လို့မှမဟုတ်ဘဲလေ...
အသဲကွဲလိပ်ပြာ(26.1.09)(7:52AM)

No comments:

Post a Comment